(Zawgyi/Unicode)
အီသီယိုးပီးယားနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ အီသီယိုးပီးယား အစိုးရနဲ့ သဘောတူညီချက် ရရှိပြီလို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ အီသီယိုးပီးယား အစိုးရနဲ့ ဒေသအစိုးရတို့ အကြား တလကြာ ပဋိပက္ခ ဖြစ်ပွားနေတာကြောင့် အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Tigray ဒေသမှာ လူသားချင်း စာနာမှု အကျပ်အတည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာပါ။
အခုသဘောတူညီချက်အရ အစိုးရက ထိန်းချုပ်ထားတဲ့ Tigray ဒေသတွင်းက နယ်မြေတွေထဲ အကူအညီပေးရေးဝန်ထမ်းတွေ ဝင်ရောက် ခွင့်ရမှာ ဖြစ်ပါတယ်။
အလားတူပဲ အစားအစာ၊ ဆေးဝါးနဲ့ တစ်ခြား အကူအညီတွေကို ခန့်မှန်းခြေ လူ ၆ သန်းရှိတဲ့ အဲဒီ နယ်မြေတွေထဲသယ်ယူပို့ဆောင်ပေး နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နိုဝင်ဘာလ ၄ ရက်နေ့က ပဋိပက္ခ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အကူအညီပေးရေးဝန်ထမ်းတွေကို ပထမဆုံး အကြိမ် ဝင်ထွက်ခွင့်ပြုတာ ဖြစ်ပါတယ်။ ပဋိပက္ခ မဖြစ်ခင် အချိန်ကတည်းက အဲဒီ ဒေသတွင်းက လူပေါင်း ၆၀၀,၀၀၀ လောက်က ထောက်ပံ့ပေးထားတဲ့ အစားအစာတွေအပေါ် မှီခိုနေခဲ့ရတာပါ။
ကုလ ပြောခွင့်ရ Saviano Abreu က ကုလသမဂ္ဂ အနေနဲ့ ဒေသတွင်း အကူအညီ လိုအပ်မှု အခြေအနေကို ဗုဒ္ဓဟူးနေ့က စပြီး စိစစ် အကဲဖြတ်သွားမယ်လို့ ပြောပါတယ်။
Tigray ဒေသတွင်း ဗဟိုအစိုးရနဲ့ ဒေသခံအစိုးရ အကြား တိုက်ပွဲတွေကြောင့် လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းရ ပါတယ်။ လူပေါင်း ၄၅,၀၀၀ ကတော့ အိမ်နီးချင်း ဆူဒန်နိုင်ငံကို ထွက်ပြေး ခိုလှုံနေပါတယ်။
သဘောတူညီချက်ရရှိကြောင်း ကုလသမဂ္ဂရဲ့ ကြေညာချက်အပေါ် အီသီယိုးပီးယား အစိုးရက တစုံတရာ မှတ်ချက်မပေးသေးပါဘူး။
................
Tigray ဒသေစာနာမှုအကူအညီပေးရေး ကုလ နဲ့ အီသီယိုပီးယား သဘောတူကွပွီ
(Unicode)
ကုလ ပွောခှင့ျရ Saviano Abreu က ကုလသမဂ်ဂ အနနေဲ့ ဒသေတှငျး အကူအညီ လိုအပျမှု အခွအေနကေို ဗုဒ်ဓဟူးနေ့က စပွီး စိစဈ အကဲဖွတျသှားမယျလို့ ပွောပါတယျ။
သဘောတူညီခကြျရရှိကွောငျး ကုလသမဂ်ဂရဲ့ ကွညောခကြျအပေါျ အီသီယိုးပီးယား အစိုးရက တစုံတရာ မှတျခကြျမပေးသေးပါဘူး။