သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူးမားစြမ္းအင္ကုမၸဏီ ျမန္မာႏိုင္ငံကထြက္မည္


(Zawgyi / Unicode)

ျမန္မာစစ္တပ္ကို ေလယာဥ္ဆီ အဓိကတင္ပို႔ေနတဲ့ ပူးမား စြမ္းအင္ကုမၸဏီက သူပိုင္အစုရွယ္ယာေတြကို ျပည္တြင္း ပုဂၢလိကကုမၸဏီတခုကို ေရာင္းခ်ေတာ့မွာ ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၅ ရက္ ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။

ဆြစ္ဇာလန္က Trafigura ရဲ႕ ပူးမားစြမ္းအင္ကုမၸဏီက Puma Energy Asia Sun - PEAS နဲ႔ အမ်ိဳးသားစြမ္းအင္ဆိုင္ရာ ပူးမား ေလေၾကာင္းဝန္ေဆာင္မႈ NEPAS တို႔႔မွာရွိတဲ့ သူ႔ရဲ႕ အစုရွယ္ယာေတြကို ျမန္မာ ပုဂၢလိက ကုမၸဏီတခုကို ေရာင္းခ်မယ့္ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ပူးမားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲမွာ သီလဝါဆိပ္ကမ္းမွာရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ အႀကီးဆံုး ေလာင္စာဆီ တင္သြင္းတဲ့ဂိတ္နဲ႔ ေလယာဥ္ဆီ တင္သြင္းတဲ့ လုပ္ငန္းေတြလည္း ပါဝင္ပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီ စစ္တပ္အာဏာသိမ္းခဲ့တဲ့ေနာက္ ျမန္မာႏိုင္ငံတြင္းက သူ႔လုပ္ငန္းေတြကို ကနဦးမွာ ပူးမားက ရပ္ဆိုင္းပစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အရပ္သားေတြအတြက္လို႔ ေျပာၿပီး ျပန္လည္လုပ္ကိုင္ ခဲ့တာ ျဖစ္ပါတယ္။ ပူးမားစြမ္းအင္ကုမၸဏီဟာ ၂၀၁၅ မွာ စတင္ၿပီး PEAS နဲ႔ NEPAS ေတြကေနတဆင့္ ျမန္မာႏိုင္ငံအတြက္ ေလယာဥ္ဆီအဓိက တင္သြင္းေနတဲ့ ကုမၸဏီျဖစ္ပါတယ္။

Amnesty International လူ႔အခြင့္ေရးအဖြဲ႔ႀကီီးကေတာ့ ပူးမားစြမ္းအင္ ကုမၸဏီအေနနဲ႔ ျမန္မာႏိုင္ငံကေန ထြက္ခြါရာမွာ သူအစီအစဥ္ေတြကို ပြင့္လင္းျမင္သာစြာ ခ်ျပၿပီး သူ႔ရဲ႕ ေလယာဥ္ဆီျဖန္႔ျဖဴးရာ အေျခခံ အေဆာက္အအံုေတြကို စစ္တပ္က လက္လွမ္းမမီေအာင္ ကာကြယ္ဖို႔ အပါအဝင္ လံုျခံဳစိတ္ခ်ရၿပီး တာဝန္သိသိ ထြက္ခြါမႈမ်ိဳး ျဖစ္ေအာင္ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ သူထားခဲ့တဲ့ လုပ္ငန္းေတြကို ျမန္မာစစ္တပ္ျဖစ္ေစ စစ္တပ္နဲ႔ဆက္ႏြယ္ေနသူေတြ ျဖစ္ေစ လက္ထဲမေရာက္ေအာင္ လုပ္ဖို႔လည္းတိုက္တြန္းထားပါတယ္။

အရပ္သားေတြကို စစ္ေလယာဥ္ေတြသံုး တိုက္ခိုက္ေနတဲ့ ျမန္မာစစ္တပ္ကို ေလယာဥ္ဆီ လက္လွမ္းမမီေအာင္ လုပ္ေဆာင္ၾကဖို႔ AI အပါအဝင္ အရပ္ဖက္အဖြဲ႔အစည္း အမ်ားအျပား ကေရာ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကပါ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္ေရးအေျခေန ပိုဆိုးလာတာေၾကာင့္လို႔ ေျပာၿပီး ျပင္သစ္ပိုင္ တိုတယ္ စြမ္းအင္ကုမၸဏီက ဒီႏွစ္ ဇူလိုင္လထဲမွာပဲ ျမန္မာႏိုင္ငံထဲက သူ႔လုပ္ငန္းအားလံုးကို စတင္႐ုပ္သိမ္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပူးမားစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံကထွက်မည်

မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့နေတဲ့ ပူးမား စွမ်းအင်ကုမ္ပဏီက သူပိုင်အစုရှယ်ယာတွေကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတခုကို ရောင်းချတော့မှာ ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်က Trafigura ရဲ့ ပူးမားစွမ်းအင်ကုမ္ပဏီက Puma Energy Asia Sun - PEAS နဲ့ အမျိုးသားစွမ်းအင်ဆိုင်ရာ ပူးမား လေကြောင်းဝန်ဆောင်မှု NEPAS တို့မှာရှိတဲ့ သူ့ရဲ့ အစုရှယ်ယာတွေကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတခုကို ရောင်းချမယ့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပူးမားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ သီလဝါဆိပ်ကမ်းမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လောင်စာဆီ တင်သွင်းတဲ့ဂိတ်နဲ့ လေယာဉ်ဆီ တင်သွင်းတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံတွင်းက သူ့လုပ်ငန်းတွေကို ကနဦးမှာ ပူးမားက ရပ်ဆိုင်းပစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရပ်သားတွေအတွက်လို့ ပြောပြီး ပြန်လည်လုပ်ကိုင် ခဲ့တာ ဖြစ်ပါတယ်။ ပူးမားစွမ်းအင်ကုမ္ပဏီဟာ ၂၀၁၅ မှာ စတင်ပြီး PEAS နဲ့ NEPAS တွေကနေတဆင့် မြန်မာနိုင်ငံအတွက် လေယာဉ်ဆီအဓိက တင်သွင်းနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးကတော့ ပူးမားစွမ်းအင် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွါရာမှာ သူအစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ ချပြပြီး သူ့ရဲ့ လေယာဉ်ဆီဖြန့်ဖြူးရာ အခြေခံ အဆောက်အအုံတွေကို စစ်တပ်က လက်လှမ်းမမီအောင် ကာကွယ်ဖို့ အပါအဝင် လုံခြုံစိတ်ချရပြီး တာဝန်သိသိ ထွက်ခွါမှုမျိုး ဖြစ်အောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သူထားခဲ့တဲ့ လုပ်ငန်းတွေကို မြန်မာစစ်တပ်ဖြစ်စေ စစ်တပ်နဲ့ဆက်နွယ်နေသူတွေ ဖြစ်စေ လက်ထဲမရောက်အောင် လုပ်ဖို့လည်းတိုက်တွန်းထားပါတယ်။

အရပ်သားတွေကို စစ်လေယာဉ်တွေသုံး တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ လက်လှမ်းမမီအောင် လုပ်ဆောင်ကြဖို့ AI အပါအဝင် အရပ်ဖက်အဖွဲ့အစည်း အများအပြား ကရော NUG အမျိုးသားညီညွတ်ရေးအစိုးရ ကပါ တောင်းဆိုနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်ရေးအခြေနေ ပိုဆိုးလာတာကြောင့်လို့ ပြောပြီး ပြင်သစ်ပိုင် တိုတယ် စွမ်းအင်ကုမ္ပဏီက ဒီနှစ် ဇူလိုင်လထဲမှာပဲ မြန်မာနိုင်ငံထဲက သူ့လုပ်ငန်းအားလုံးကို စတင်ရုပ်သိမ်းခဲ့တာပါ။

XS
SM
MD
LG