သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်နဲ့ ကင်မ်ဂျုံအွန်း ဒုတိယအကြိမ် ထိပ်သီးတွေ့မည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ်အဖြစ် ဗီယက်နမ်နိုင်ငံ မှာ ဒီလကုန်ပိုင်းမှာ တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့ည ကပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထိပ်သီးတွေ့ဆုံမယ်လို့ ကြေညာတဲ့အချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် နဲ့ တွေ့ဆုံဆွေးနွေးရေး သူ့လုပ်ရပ်အပေါ် သမ္မတ Trump က ဂုဏ်ယူ ပြောဆိုခဲ့တာပါ။ သူသာ သမ္မတအဖြစ်အရွေး မခံခဲ့ရရင် မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ကြား ခုချိန်မှာ စစ်ပွဲကြီးဖြစ်ပြီး လူသန်းနဲ့ချီ အသက်ဆုံးရှုံးရမယ့် အနေအထားကို ရောက်နေလောက်ပြီလို့ သူ့အနေနဲ့ ထင်မြင်ကြောင်း သမ္မတ Trump ကပြောဆို သွားပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး လုပ်ကိုင်စရာအများကြီး ကျန်နေသေးပေမယ့် လည်း သူနဲ့ ခေါင်းဆောင် Kim တို့ရဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုသွားတာပါ။

ထိပ်သီးဆွေးနွေးပွဲကို ဘယ်မြို့မှာ ကျင်းပမလဲဆိုတာ သမ္မတ Trump ကပြောဆို မသွားပေမယ့် ကမ်းခြေမြို့ဖြစ်တဲ့ Da Nang ဒါမှမဟုတ် မြို့တော် Hanoi မှာ ဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ ဂျွန်လမှာ ခေါင်းဆောင် ၂ ဦး စင်္ကာပူနိုင်ငံ မှာ ပထမဆုံး ထိပ်သီးတွေ့ဆုံးခဲ့ပြီးတဲ့အချိန်ကစလို့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး နှေးကွေးနေခဲ့တာဖြစ်ပါတယ်။

ထရမ့်နဲ့ ကင်မ်ဂျုံအွန်း ဒုတိယအကြိမ် ထိပ်သီးတွေ့မည်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG