သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အေရးယူေရး လႊတ္ေတာ္ၾကားနားမႈစတင္


အေမရိကန္သမၼတ Donald Trump

(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump အေပၚ အေရးယူႏုိင္မယ့္ စုံစမ္းစစ္ေဆးမႈေတြကုိ ဒီကေန႔ အမ်ားျပည္သူေရွ႕ေမွာက္ ပထမဆုံးအႀကိမ္ ၾကားနာမွာ ျဖစ္ပါတယ္။

စုံစမ္းစစ္ေဆးမႈေတြကုိေတာ့ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီက ဦးေဆာင္ေနတာပါ။ လက္ရွိ တာ၀န္ထမ္းေဆာင္ေနဆဲ သံတမန္ေတြ၊ သံတမန္၀န္ထမ္းေဟာင္းေတြ၊ အစိုးရအရာရွိေတြကုိ သီတင္းပတ္နဲ႔ခ်ီ တံခါးပိတ္ ေမးျမန္းအၿပီး လႊတ္ေတာ္အမတ္ေတြေရာ ႏုိင္ငံတ၀န္းကပါ ေစာင့္ၾကည့္ၾကမယ့္ ဒီကေန႔ ၾကားနာပဲြမွာေတာ့ ယူကရိန္းဆုိင္ရာ အေမရိကန္ ထိပ္တန္း သံတမန္ William Taylor နဲ႔ အေမရိကန္ ဒုလက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး George Kent တုိ႔ ထြက္ဆုိၾကမွာ ျဖစ္ပါတယ္။

ေသာၾကာေန႔မွာ ထြက္ဆုိဖုိ႔ စီစဥ္ထားသူ တဦးျဖစ္တဲ့ ယူကရိန္းႏုိင္ငံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Marie Yovanovitch ဟာ တုိ္င္းျပည္အတြက္ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ႀကိဳးပမ္းေဆာင္ရြက္ခဲ့တဲ့ စံနမူနာျပ ပုဂၢိဳလ္တဦး ျဖစ္ေၾကာင္းလည္း ေကာ္မတီဥကၠ႒ Adam Schiff က ေျပာဆုိထားတာပါ။

ထြက္ဆုိမယ့္သူေတြရဲ႕ ကုိယ္တုိင္ေျပာၾကားခ်က္ေတြကုိ အေမရိကန္ျပည္သူေတြ၊ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ၾကားသိခြင့္ရဖုိ႔ အင္မတန္မွ အေရးႀကီးတယ္လုိ႔ ယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။

ယူကရိန္းဆုိင္ရာ အေမရိကန္ အဆင့္ျမင့္ သံတမန္ေတြ ျဖစ္ၾကတဲ့ Taylor နဲ႔ Kent တုိ႔ကေတာ့ ယူကရိန္းႏုိင္ငံအတြက္ အေရးတႀကီးလုိအပ္ေနတဲ့ စစ္ေရးအကူအညီ ေဒၚလာ ၃၉၁ သန္းကုိ အေမရိကန္က မေပးအပ္ခင္မွာ၊ ၂၀၂၀ အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ ဒီမုိကရက္ပါတီကုိယ္စားျပဳ ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးပမ္းေနသူေတြထဲ ေရွ႕တန္းေရာက္ေနတဲ့ ဒုသမၼတေဟာင္း Joe Biden ကုိ စုံစမ္းစစ္ေဆးဖုိ႔ ယူကရိန္းသမၼတ Volodymyr Zelenskiy ကုိ ဖိအားေပးခဲ့ေၾကာင္း အေစာပုိင္း တံခါးပိတ္စုံစမ္းမႈေတြမွာ ေျပာဆုိထားတာပါ။

သမၼတရဲ႕ ရီပတ္ဘလစ္ကန္ ပါတီ၀င္ေတြၾကား မေန႔တုန္းက ျဖန္႔ေ၀ထားတဲ့ ႐ုံးတြင္းမွတ္တမ္းအရ ၾကားနာပဲြမွာ ထြက္ဆုိမယ့္ သက္ေသေတြကို အျပင္းအထန္ ေမးခြန္းထုတ္လိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ရပါတယ္။

သမၼတ Trump အေရးယူေရး လႊတ္ေတာ္ၾကားနားမႈစတင္
please wait

No media source currently available

0:00 0:01:30 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

သမ္မတ Trump အရေးယူရေး လွှတ်တော်ကြားနားမှုစတင်

အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေကို ဒီကနေ့ အများပြည်သူရှေ့မှောက် ပထမဆုံးအကြိမ် ကြားနာမှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကိုတော့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဦးဆောင်နေတာပါ။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ သံတမန်တွေ၊ သံတမန်ဝန်ထမ်းဟောင်းတွေ၊ အစိုးရအရာရှိတွေကို သီတင်းပတ်နဲ့ချီ တံခါးပိတ် မေးမြန်းအပြီး လွှတ်တော်အမတ်တွေရော နိုင်ငံတဝန်းကပါ စောင့်ကြည့်ကြမယ့် ဒီကနေ့ ကြားနာပွဲမှာတော့ ယူကရိန်းဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် William Taylor နဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး George Kent တို့ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ထွက်ဆိုဖို့ စီစဉ်ထားသူ တဦးဖြစ်တဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Marie Yovanovitch ဟာ တိုင်းပြည်အတွက် ဆယ်စုနှစ်နဲ့ချီပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ စံနမူနာပြ ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်းလည်း ကော်မတီဥက္ကဋ္ဌ Adam Schiff က ပြောဆိုထားတာပါ။

ထွက်ဆိုမယ့်သူတွေရဲ့ ကိုယ်တိုင်ပြောကြားချက်တွေကို အမေရိကန်ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားသိခွင့်ရဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းဆိုင်ရာ အမေရိကန် အဆင့်မြင့် သံတမန်တွေ ဖြစ်ကြတဲ့ Taylor နဲ့ Kent တို့ကတော့ ယူကရိန်းနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ စစ်ရေးအကူအညီ ဒေါ်လာ ၃၉၁ သန်းကို အမေရိကန်က မပေးအပ်ခင်မှာ၊ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသူတွေထဲ ရှေ့တန်းရောက်နေတဲ့ ဒုသမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို ဖိအားပေးခဲ့ကြောင်း အစောပိုင်း တံခါးပိတ်စုံစမ်းမှုတွေမှာ ပြောဆိုထားတာပါ။

သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကြား မနေ့တုန်းက ဖြန့်ဝေထားတဲ့ ရုံးတွင်းမှတ်တမ်းအရ ကြားနာပွဲမှာ ထွက်ဆိုမယ့် သက်သေတွေကို အပြင်းအထန် မေးခွန်းထုတ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

XS
SM
MD
LG