သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim မျက်နှာချင်းဆိုင်ပုံအမှတ်တရ ဒင်္ဂါးပြားထုတ်


Trump နဲ့ Kim မျက်နှာချင်းဆိုင်ပုံအမှတ်တရ ဒင်္ဂါးပြားထုတ်
Trump နဲ့ Kim မျက်နှာချင်းဆိုင်ပုံအမှတ်တရ ဒင်္ဂါးပြားထုတ်

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် သမ္မတအိမ်ဖြူရဲ့ အထိမ်းအမှတ် အထူးဒင်္ဂါးပြား ထုတ်မယ့်ကိစ္စဟာ မရေမရာဖြစ်နေပေမယ့် အမှတ်တရပစ္စည်း စုဆောင်းသူတွေ အတွက်ကတော့ စိတ်ကြိုက်ပစ္စည်း တခုဖြစ်နေတာပါ။

ရောင်စုံဒင်္ဂါးပြားမှာ တဖက်က အမေရိကန်သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ ၂ ဦး မျက်နှာချင်းဆိုင်ပုံမှာ အပေါ်က ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲကို ရည်ညွှန်းတဲ့ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” ဆိုတဲ့ စာတမ်းပါပါတယ်။

ဒင်္ဂါးပြားရဲ့ နောက်တဖက်မှာတော့ အမေရိကန်သမ္မတ ရုံးတံဆိပ်နဲ့ သမ္မတအိမ်ဖြူပေါ်မှာ ပျံနေတဲ့ Air Force One လေယာဉ်ပုံပါပါတယ်။

အမေရိကန် ထိပ်တန်း ဒီမိုကရက်အထက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ Chuck Schumer ကတော့ ဒီဒင်္ဂါးပြားပေါ်က Kim ရဲ့ ပုံကို ဖြုတ်ပစ်ဖို့ သမ္မတအိမ်ဖြူကို တိုက်တွန်းထားကြောင်းနဲ့ ဒီဒင်္ဂါးပြားပေါ်မှာ ရက်စက်တဲ့ အာဏာရှင် Kim Jong Un ရဲ့ မျက်နှာကို ထားရမှာ မဟုတ်ပဲ ငြိမ်းချမ်းရေးစံအိမ်လို ပုံမျိုးကပဲ ပိုပြီးသင့်တော်မယ်လို့ အင်္ဂါနေ့မှာပဲ သူ့တွစ်တာကနေ ရေးပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတခုက အထိမ်းအမှတ် ဒင်္ဂါးပြား ၂၅၀ ထုတ်ခဲ့တာ ဖြစ်ပြီး သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders ကတော့ ဒီဒင်္ဂါးပြားထုတ်တာနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူနဲ့ မသက်ဆိုင်ကြောင်း၊ သမ္မတအိမ်ဖြူက ဒီဒင်္ဂါးပြားအတွက် ပုံစံဒီဇိုင်းရေးဆွဲရာမှာရော ထုတ်လုပ်မှုမှာပါ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG