သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump က အႀကံေပး အရာရွိေဟာင္းရဲ႕ေထာင္ဒဏ္ ေလွ်ာ့ေပါ့ေပး


အေမရိကန္သမၼတ Donald Trump ရဲ႕ အႀကံေပးအရာရွိေဟာင္း Roger Stone. (ဇြန္ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က သူ႔ရဲ႕ အႀကံေပးအရာရွိေဟာင္း Roger Stone ျပစ္ဒဏ္က်ခံဖို႔ ေထာင္ထဲမသြားရခင္ ရက္ပိုင္းအလိုမွာပဲ ဒီအျပစ္ဒဏ္ ေထာင္ဒဏ္သက္တမ္းကို ေလွ်ာ့ခ် ေျပာင္းလဲေပးလိုက္ပါတယ္။

၂၀၁၆ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ႐ုရွား ၾကားဝင္ေႏွာင့္ယွက္မႈ ရွိမရွိ စံုစမ္းစစ္ေဆးမႈေတြအတြင္း Roger Stone ဟာ က်မ္းက်ိန္ထားရင္း လိမ္ညာထြက္ဆိုခဲ့သလို စစ္ေဆးမႈကိုပါ ေႏွာင့္ယွက္ေၾကာင္း ေပၚလြင္တဲ့အတြက္ သူ႔ကို ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ၄ လ ျပစ္ဒဏ္ခ်မွတ္တာ ခံထားရတာပါ။

သမၼတအိမ္ျဖဴက ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ Roger Stone ဟာ အေတာ္ႀကီး ခံစားခဲ့ရၿပီးျဖစ္သလို ဒီအမႈမွာ ပါဝင္သူအမ်ားအျပား ရွိေနခ်ိန္မွာ သူ႔ကေတာ့ မမွ်မတဆက္ဆံတာ ခံခဲ့ရေၾကာင္းနဲ႔ အခုေတာ့ သူဟာ လြတ္လပ္သူတေယာက္ ျဖစ္သြားၿပီလို႔ ေဖာ္ျပထားပါတယ္။

အခုလို ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးလိုက္တာဟာ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတာ မဟုတ္တဲ့အတြက္ သူ႔ရဲ႕က်ဴးလြန္မႈေတြကို ပယ္ဖ်က္ေပးတာမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီလိုေလွ်ာ့ခ်ေပးလိုက္တာေၾကာင့္ သူဟာ ေထာင္ထဲကိုေတာ့ မသြားရေတာ့ပါဘူး။

ေထာင္က်ခံဖို႔ လာေရာက္ရမယ့္ရက္ကို ေနာက္ေရႊ႕ေပးဖို႔ Roger Stone ရဲ႕ ေလွ်ာက္ထားခ်က္ကို ဗဟိုတရား႐ုံးက ပယ္ခ်ခဲ့တဲ့ေနာက္မွာ သူဟာ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ေထာင္က်ခံဖို႔ အခုအဂၤါေန႔ သြားေရာက္ရမွာ ျဖစ္ပါတယ္။

ဒီစံုစမ္းစစ္ေဆးမႈဟာ သဲႀကီးမဲႀကီး အျပစ္ရွာတာမ်ိဳးျဖစ္ၿပီး အစကတည္းက တရားမဝင္ေၾကာင္း Roger Stone က ဖေလာ္ရီဒါျပည္နယ္ Fort Lauderdale က သူ႔ေနအိမ္ကေန သတင္းေထာက္ေတြကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

သမ္မတ Trump က အကြံပေး အရာရှိဟောင်းရဲ့ထောင်ဒဏ် လျှော့ပေါ့ပေး

အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ အကြံပေးအရာရှိဟောင်း Roger Stone ပြစ်ဒဏ်ကျခံဖို့ ထောင်ထဲမသွားရခင် ရက်ပိုင်းအလိုမှာပဲ ဒီအပြစ်ဒဏ် ထောင်ဒဏ်သက်တမ်းကို လျှော့ချ ပြောင်းလဲပေးလိုက်ပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှား ကြားဝင်နှောင့်ယှက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုတွေအတွင်း Roger Stone ဟာ ကျမ်းကျိန်ထားရင်း လိမ်ညာထွက်ဆိုခဲ့သလို စစ်ဆေးမှုကိုပါ နှောင့်ယှက်ကြောင်း ပေါ်လွင်တဲ့အတွက် သူ့ကို ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ပြစ်ဒဏ်ချမှတ်တာ ခံထားရတာပါ။

သမ္မတအိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ Roger Stone ဟာ အတော်ကြီး ခံစားခဲ့ရပြီးဖြစ်သလို ဒီအမှုမှာ ပါဝင်သူအများအပြား ရှိနေချိန်မှာ သူ့ကတော့ မမျှမတဆက်ဆံတာ ခံခဲ့ရကြောင်းနဲ့ အခုတော့ သူဟာ လွတ်လပ်သူတယောက် ဖြစ်သွားပြီလို့ ဖော်ပြထားပါတယ်။

အခုလို ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်တာဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မဟုတ်တဲ့အတွက် သူ့ရဲ့ကျူးလွန်မှုတွေကို ပယ်ဖျက်ပေးတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုလျှော့ချပေးလိုက်တာကြောင့် သူဟာ ထောင်ထဲကိုတော့ မသွားရတော့ပါဘူး။

ထောင်ကျခံဖို့ လာရောက်ရမယ့်ရက်ကို နောက်ရွှေ့ပေးဖို့ Roger Stone ရဲ့ လျှောက်ထားချက်ကို ဗဟိုတရားရုံးက ပယ်ချခဲ့တဲ့နောက်မှာ သူဟာ ဂျော်ဂျီယာပြည်နယ်မှာ ထောင်ကျခံဖို့ အခုအင်္ဂါနေ့ သွားရောက်ရမှာ ဖြစ်ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာ သဲကြီးမဲကြီး အပြစ်ရှာတာမျိုးဖြစ်ပြီး အစကတည်းက တရားမဝင်ကြောင်း Roger Stone က ဖလော်ရီဒါပြည်နယ် Fort Lauderdale က သူ့နေအိမ်ကနေ သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG