သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump ရဲ႕လူယံု Roger Stone ေထာင္ဒဏ္ ၃ ႏွစ္ေက်ာ္ ခ်မွတ္ခံရ


(Zawgyi/Unicode)

သမၼတ Donald Trump ရဲ႕ လူယုံတဦးလည္းျဖစ္၊ ရီပတ္ဘလီကန္ပါတီအတြက္ လုပ္ေဆာင္ေပး ေနသူတဦးလည္း ျဖစ္တဲ့ Roger Stone ကုိ ၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ရုရွားရဲ႕ ၾကား၀င္ေဆာင္ရြက္မႈေတြနဲ႔ပတ္သက္လုိ႔ စုံစမ္း စစ္ေဆးေနတဲ့ လႊတ္ေတာ္ေကာ္မီတီကုိ လိမ္လည္ ထြက္ဆုိခဲ့မႈနဲ႔ ျပည္ေထာင္စုတရားသူႀကီးက ၾကာသပေတးေန႔မွာ ေထာင္ဒဏ္ ၃ ႏွစ္ခြဲနီးပါး ျပစ္ဒဏ္ ခ်မွတ္လုိက္ပါတယ္။

ဒါဟာ အစုိးရေရွ႕ေနေတြက သူ႔အမႈအတြက္ အနည္းဆုံး ေထာင္ဒဏ္ ၇ ႏွစ္ကေန ၉ ႏွစ္အထိ က်ခံေစဖုိ႔ အႀကံျပဳ တင္ျပခဲ့တာရဲ႕ ထက္၀က္ေလာက္သာျဖစ္ၿပီး အဲဒီလုိ အစုိးရေရွ႕ေနေတြရဲ႕ အႀကံျပဳခ်က္ကုိ ႏုိ္င္ငံေတာ္ ေရွ႕ေနခ်ဳပ္ William Barr က ပယ္ခ်က္လုိက္တာေၾကာင့္ တရားစီရင္ေရးမွာ ႏုိင္ငံေရးအရ ၀င္ေရာက္စြက္ဖက္မႈေတြ ျပဳလုပ္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ William Barr ကုိ ျပစ္တင္ ေ၀ဖန္မႈေတြ အႀကီးအက်ယ္ ထြက္ေပၚခဲ့ပါတယ္။

Roger Stone ကုိ အခုလုိ စီရင္ခ်က္ခ်လုိက္တာဟာ တရားမွ်တမႈ မရွိေၾကာင္း၊ ဒါေပမယ့္ သူ႔အေနနဲ႔ မိတ္ေဆြတဦးျဖစ္တဲ့ Stone ကုိ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေပးမယ့္အစား တရားစီရင္ေရးစနစ္ လုိအပ္ခ်က္အတုိင္း ေဆာင္ရြက္တာကုိဘဲ လုိလားေၾကာင္း စီရင္ခ်က္ခ်အၿပီး မၾကာခင္မွာဘဲ Nevada ျပည္နယ္၊ Las Vegas ၿမိဳ႕မွာ က်င္းပတဲ့ အခမ္းအနားမွာ သမၼတ Trump က ေျပာၾကားလုိက္ပါတယ္။

ဒါေပမယ့္ သူ႔အမႈအတြက္ ၾကားနာ စစ္ေဆးမႈအသစ္ေတြ ျပန္လည္ ျပဳလုပ္ေပးေရးကိစၥရပ္ေတြ အားလုံး မၿပီးဆုံးခင္အထိ သူ႔အေပၚ အခု ခ်မွတ္လုိက္တဲ့ စီရင္ခ်က္ကုိ Roger Stone အေနနဲ႔ က်ခံစရာ မလုိေသးေၾကာင္း ၀ါရွင္တန္ ဒီစီၿမိဳ႕မွာရွိတဲ့ ခရုိင္တရားရုံး တရားသူႀကီး Amy Berman Jackson က ေျပာပါတယ္။

သူ႔အမႈမွာ ဂ်ဴရီအဖြဲ႔၀င္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူတဦးဟာ သမၼတ Trump နဲ႔ပတ္သက္လုိ႔ ဘက္လုိက္တဲ့အျမင္ရွိေနတာေၾကာင့္ Roger Stone ရဲ႕အမႈကုိ ျပန္လည္ ၾကားနာခြင့္ျပဳသင့္တယ္လုိ႔ သူ႔ေရွ႕ေနေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

Donald Trump ရဲ့လူယုံ Roger Stone ထောင်ဒဏ် ၃ နှစ်ကျော် ချမှတ်ခံရ

(Unicode)

သမ္မတ Donald Trump ရဲ့ လူယုံတဦးလည်းဖြစ်၊ ရီပတ်ဘလီကန်ပါတီအတွက် လုပ်ဆောင်ပေး နေသူတဦးလည်း ဖြစ်တဲ့ Roger Stone ကို ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတဲ့ လွှတ်တော်ကော်မီတီကို လိမ်လည် ထွက်ဆိုခဲ့မှုနဲ့ ပြည်ထောင်စုတရားသူကြီးက ကြာသပတေးနေ့မှာ ထောင်ဒဏ် ၃ နှစ်ခွဲနီးပါး ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဒါဟာ အစိုးရရှေ့နေတွေက သူ့အမှုအတွက် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၉ နှစ်အထိ ကျခံစေဖို့ အကြံပြု တင်ပြခဲ့တာရဲ့ ထက်ဝက်လောက်သာဖြစ်ပြီး အဲဒီလို အစိုးရရှေ့နေတွေရဲ့ အကြံပြုချက်ကို နိုင်ငံတော် ရှေ့နေချုပ် William Barr က ပယ်ချက်လိုက်တာကြောင့် တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ William Barr ကို ပြစ်တင် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပါတယ်။

Roger Stone ကို အခုလို စီရင်ချက်ချလိုက်တာဟာ တရားမျှတမှု မရှိကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ မိတ်ဆွေတဦးဖြစ်တဲ့ Stone ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးမယ့်အစား တရားစီရင်ရေးစနစ် လိုအပ်ချက်အတိုင်း ဆောင်ရွက်တာကိုဘဲ လိုလားကြောင်း စီရင်ချက်ချအပြီး မကြာခင်မှာဘဲ Nevada ပြည်နယ်၊ Las Vegas မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတ Trump က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် သူ့အမှုအတွက် ကြားနာ စစ်ဆေးမှုအသစ်တွေ ပြန်လည် ပြုလုပ်ပေးရေးကိစ္စရပ်တွေ အားလုံး မပြီးဆုံးခင်အထိ သူ့အပေါ် အခု ချမှတ်လိုက်တဲ့ စီရင်ချက်ကို Roger Stone အနေနဲ့ ကျခံစရာ မလိုသေးကြောင်း ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ ခရိုင်တရားရုံး တရားသူကြီး Amy Berman Jackson က ပြောပါတယ်။ သူ့အမှုမှာ ဂျူရီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဟာ သမ္မတ Trump နဲ့ပတ်သက်လို့ ဘက်လိုက်တဲ့အမြင်ရှိနေတာကြောင့် Roger Stone ရဲ့အမှုကို ပြန်လည် ကြားနာခွင့်ပြုသင့်တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

XS
SM
MD
LG