သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့စစ်ရပ်စဲရေး ယူကရိန်းကမ်းလှမ်းချက် သမ္မတထရမ့်ကြိုဆို


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှား-ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ လာရောက်ဖို့ အဆင်သင့်ရှိကြောင်း စာတစောင်ရေးသားပေးပို့ခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။“အရူးထတဲ့လုပ်ရပ်ကို ရပ်ဖို့၊ သတ်ဖြတ်နေတာတွေကိုရပ်ဖို့၊ အဓိပါယ်မဲ့တဲ့ စစ်ပွဲကိုရပ်ဖို့ အချိန်တန်နေပါပြီ၊ စစ်ပွဲအဆုံးသတ်ချင်တယ်ဆိုရင်တော့ နှစ်ဘက်လုံးနဲ့ ဆွေးနွေးရပါမယ်။” လို့လည်း အင်္ဂါနေ့ညမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ Volodymyr Zelenskyy ကလည်း အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဖို့ အဆင်သင့်ရှိနေပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တရပ်ရဖို့ သမ္မတထရမ့်ဦးဆောင်မှုအောက်မှာ ဆောင်ရွက်သွားမယ့်အကြောင်း မနေ့အစောပိုင်းတုန်းကပဲ X လူမှုကွန်ရက်မှာ ရေးသားပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ် သောကြာနေ့တုန်းက အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း နောင်တရမိကြောင်းပြောကြားသလို အမေရိကန်အနေနဲ့ ကာလ ကြာရှည် ယူကရိန်းရဲ့မြေရှားသတ္တုတူးဖေါ်ခွင့်ပေးတဲ့ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးဖို့ အဆင့်သင့်ဖြစ်ကြောင်း ပြောပါတယ်။

“အဆုံးမသတ်နိုင်တဲ့စစ်ပွဲကို ကျနော်တို့အားလုံးက မလိုလားပါဘူး။ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိအောင် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြဖို့ ယူကရိန်းအနေနဲ့ အဆင်သင့်ရှိပါတယ်။ ယူကရိန်းနိုင်ငံသား တွေထက် တခြားဘယ်သူကမှ ငြိမ်းချမ်းရေးပိုလိုလားကြမှာ မဟုတ်ပါဘူး” လို့လည်း သမ္မတ ဇယ်လင်းစကီးက ပြောပါတယ်။ စစ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်မှာ နှစ်ဘက် အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်ပြီး မစ်ဇိုင်းဒုံး၊ တာဝေးပစ်ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရပ်ဖို့၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ အရပ်သားတွေရဲ့ နေအိမ်တွေအပေါ် ဗုံးကြဲတာတွေ၊ ပင်လယ်ပြင်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ကြောင်း ပြောဆိုသလို ရုရှားကလည်း အလားတူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။

အမေရိကန် ဒုသမ္မတ JD Vance ကလည်း အင်္ဂါနေ့က ရုရှားကလည်း စစ်ပွဲအဆုံးသတ်ချင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်၊ ယူကရိန်းနဲ့ အမေရိကန်ပြည်ထောင်စုကလည်း စစ်ပွဲ အဆုံးသတ်ချင်နေပါ တယ်လို့ ပြောပါတယ်။

 ရုရှားနဲ့စစ်ရပ်စဲရေး ယူကရိန်းကမ်းလှမ်းချက် သမ္မတထရမ့်ကြိုဆို
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG