သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မံုရြာနဲ႔ ရန္ကုန္က ပရဟိတလူငယ္ႏွစ္ဦး စစ္တပ္နဲ႔ရဲက ဖမ္းဆီးစစ္ေဆးခ်ိန္အတြင္း ေသဆံုး


ေမာင္စန္း၀င္းေအာင္နွင့္ ကိုသက္နိုင္စိုး (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕က ပရဟိတ ကူညီေပးေနသူလည္းျဖစ္ တက္ႂကြလႈပ္ရွားသူလည္းျဖစ္တဲ့ ကိုသက္ႏိုင္စိုးနဲ႔ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပရဟိတအဖြဲ႕က ေမာင္စန္းဝင္းေအာင္တို႔ဟာ ဖမ္းဆီးခံထားရစဥ္အတြင္း ေသဆုံးခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ကိုယ္ခႏၶာေတြေပၚမွာ ဆိုးဆိုးဝါးဝါး ႏွိပ္စက္ခံထားရတဲ့ ဒဏ္ရာေတြ ေတြ႕တယ္လို႔ မိသားစုေတြက ေျပာပါတယ္။ ေမာင္စန္းဝင္းေအာင္အေလာင္းကိုေတာ့ ၁၀ သိန္းနဲ႔ လာထုတ္ဖို႔ သူ႔ကိုဖမ္းသြားသူေတြက မိသားစုကို အေၾကာင္းၾကားခဲ့ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာ ၾသဂုတ္လ ၂၄ ရက္ေန႔ညက ဖမ္းဆီးခံခဲ့ရတဲ့ ပရဟိတကူညီေရးလုပ္ေနသူ တက္ႂကြလႈပ္ရွားတဲ့ ကိုသက္ႏိုင္စိုးဟာ ဖမ္းဆီးခံခဲ့ရၿပီး နာရီပိုင္းအၾကာမွာပဲ ေသဆုံးခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသြားတယ္လို႔ ဖမ္းဆီးသြားတဲ့ လုံၿခဳံေရးေတြက ေျပာေပမဲ့ ကိုသက္ႏိုင္စိုးရဲ႕ မိခင္ကေတာ့ အေလာင္းမွာ ဆိုးဆိုးဝါးဝါးႏွိပ္စက္ညႇင္းပမ္းထားတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြေတြ႕တယ္လို႔ ေျပာပါတယ္။

"မေန႔က ဒီလို၂ ခ်က္ထိုးအခ်ိန္မွာ ရဲက ဖုန္းဆက္လို႔မို႔လို႔ ေဆး႐ုံကိုလာၾကည့္ပါ။ အေလာင္းတေလာင္းေတြ႕ထားတယ္ေျပာတယ္။ အန္တီတို႔သြားၾကည့္မွသာ သက္ႏိုင္စိုးအေလာင္းမွန္းသိရတယ္။ ေဆး႐ုံမွာေရာက္သြားေတာ့ အေလာင္းကို အိပ္ႀကီးနဲ႔ပိတ္ထားတယ္ သက္ႏိုင္စိုးအေလာင္း ဟုတ္လားမဟုတ္လားဆိုတာ အန္တီတို႔က အိပ္ႀကီးကို ဖြင့္ၾကည့္တာေပါ့ေနာ္။ အန္တီတို႔က ကေလးကို ဘယ္လိုလုပ္ထားလဲဆိုေတာ့ ကိုဗစ္နဲ႔ေသတာမို႔လို႔ ပိတ္ထားတာလို႔ သူတို႔ကေျပာတယ္ ။ အိမ္က ကေလးက ကိုဗစ္ဘာညာလည္းမရွိေတာ့ အန္တီတို႔က ကိုင္ၾကည့္တယ္ သူတို႔က ဂုတ္ဆက္မွာႏွိပ္စက္ထားတာေတြ ေတြ႕တယ္ ေဆးလိပ္မီးေတြနဲ႔ ပါးကိုထိုးထားတာလည္းေတြ႕တယ္ သူ႔အသားကိုကိုင္ၾကည့္ေတာ့ ေခါင္းေနရာအိေနတယ္ အညိဳအမဲေတြလည္းစြဲေနတယ္ နားတဘက္မွာလည္း ေသြးေတြထြက္ေနတယ္ ေနာက္ဘက္ေခါင္းတျခမ္းလုံးကေတာ့ အိသြားတယ္ လက္မွာလည္းႀကိဳးတုတ္ထားတဲ့အရာေတြ႕တယ္ ။အေလာင္းထားတဲ့ေနရာမွာ အေလာင္းကို ဘယ္အခ်ိန္မွာ လာပို႔လဲဆိုေတာ့ ၁၀ နာရီေလာက္မွာလာပို႔တယ္တဲ့ အန္တီတို႔အိမ္မွာ ၉ နာရီေလာက္မွာ လာရွာသြားတယ္ အဲဒီေန႔မွာပဲ ေသတာပါ"

ၾသဂုတ္လ ၂၄ ရက္ ည ၉ နာရီေလာက္က ေနအိမ္မွာ ကိုသက္ႏိုင္စိုးကို လုံၿခဳံေရးေတြလာရွာစဥ္ သူ အိမ္မွာ မရွိလို႔ လြတ္သြားေပမဲ့ အဲဒီညမွာပဲ တျခားေနရာမွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။

ဩဂုတ္လ ၂၂ ရက္ေန႔ကလည္း ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ ေထြအုပ္႐ုံး ဗုံးကြဲမႈ ျဖစ္စဥ္အတြင္း သံသယရွိတယ္ဆိုၿပီး ဖမ္းဆီးခံရတဲ့ ေကာင္းမႈေဆာင္ ပရဟိတအဖြဲ႕က အသက္ ၁၉ ႏွစ္အ႐ြယ္ ေမာင္စန္းဝင္းေအာင္ဟာလည္း ဖမ္းဆီးခံရၿပီး ရက္ပိုင္းအတြင္း ေသဆုံးသြားခဲ့ပါတယ္။

၂၂ ရက္ေန႔ကဖမ္းသြားၿပီး ၂၃ ရက္မွာ သူကို မိခင္နဲ႔ လာေတြ႕ခြင့္ေပးခဲ့ေပမဲ့ ေနာက္ ၂ ရက္အၾကာ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ေသဆုံးသြားၿပီလို႔ မိသားစုကို အေၾကာင္းၾကားခဲ့ပါတယ္။ သူ႔ရဲ႕အေလာင္းကို ၁၀ သိန္းနဲ႔ လာေ႐ြးဖို႔ မိသားစုကို သက္ဆိုင္ရာက အေၾကာင္းၾကားခဲ့တယ္လို႔ မိသားစုနဲ႔နီးစပ္သူတဦးက ေျပာျပပါတယ္။

"မိသားစုကိုေတာ့ ၂၃ ရက္ေန႔မနက္မွာေတြ႕ရတယ္၊ ေတြ႕ခ်ိန္မွာ ညိဳမဲေနၿပီး ခႏၶာကိုယ္က ေရာင္ကိုင္းေနတာေတြရွိတယ္၊ လက္ထိပ္ေတြ ေျခက်င္းေတြနဲ႔လာေတြ႕တယ္၊ သူ အေမကိုဘာေျပာခ်င္လဲ၊ ကန႔္ေတာ့ခ်င္လားေမးတယ္၊ ၂၃ ရက္မနက္မွာေပါ့၊ ၿပီးေတာ့၂၄ ရက္ညမွာေတာ့ ၁၁ နာရီေလာက္မွ ာ ကိုစန္းဝင္းေအာင္က စစ္ေၾကာေရးမွာဆုံးသြားၿပီလို႔ သတင္းေတြၾကားတယ္၊ ခ်က္ခ်င္းအတည္မျပဳႏိုင္ဘူး၊ လိုက္လံစုံစမ္းလို႔လည္းမရဘူး၊ အတည္ျပဳႏိုင္တာက စစ္ေကာင္စီက ၂၅ ရက္ေန႔မွာ သူမိသားစုကို သူရဲ႕Dead Body ကို ၁၀ သိန္းနဲ႔ လာထုတ္လို႔ေျပာတာသိရတယ္၊ သူမိသားစုကိုေပါ့၊ ပုံမွန္ဆို စစ္ေၾကာေရးထုတ္တယ္၊ အင္းစိန္ေထာင္ပို႔တယ္၊ ဒါမ်ိဳး process ပဲရွိတယ္၊ ကိုစန္းဝင္းေအာင္ကိုက်မွ သူ႔အေမနဲ႔လာေပးေတြ႕တယ္၊ ဘာေျပာခ်င္လဲလို႔ေမးတယ္၊ ဘာအေၾကာင္းအရာကိုေျပာခ်င္လဲ၊ ေနာက္ဆုံးအေနနဲ႔ကန္ေတာ့လို႔ေျပာတယ္၊ စစ္ေကာင္စီက ကိုစန္းဝင္းေအာင္ကို လုပ္ၾကံသတ္ျဖတ္ဖို႔ႀကိဳတင္ရည္႐ြယ္ထားၿပီးၿပီ ယူဆရတယ္ခင္ဗ်။"

အခုလို စစ္တပ္နဲ႔ရဲက ဒီေန႔ ဖမ္းဆီးသြားၿပီး ေနာက္တေန႔ အေလာင္းကိုလာျပန္ယူဖို ႔အေၾကာင္းၾကားတဲ့ အျဖစ္အပ်က္ေတြ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း မၾကာခဏျဖစ္ေနပါတယ္။ တခ်ိဳ႕ဆိုရင္ မိသားစုကို အေလာင္းျပန္မေပးဘဲ ေသဆုံးသြားၿပီလို႔သာ အေၾကာင္းၾကားသလို တခ်ိဳ႕ကိုေတာ့ ေငြေၾကးနဲ႔ အေလာင္းလာထုတ္ဖို႔ အေၾကာင္းၾကားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အုပ္ခ်ဳပ္ေနတဲ့ကာလအတြင္းမွာ ပစ္ခတ္ႏွိမ္ႏွင္းလို႔၊ ဖမ္းဆီးထားစဥ္ ႏွိပ္စက္ညႇဥ္းပမ္းခံရလို႔ ေသဆုံးသူ ၁,၀၀၀ ေက်ာ္ၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းက စာရင္းျပဳစုထားပါတယ္။
ရန္ကုန္ၿမိဳ႕မွာ ေသဆုံးသြားသူ ေမာင္စန္းဝင္းေအာင္ဟာ အသက္ ၁၉ ႏွစ္သာရွိေသးၿပီး မုံ႐ြာၿမိဳ႕မွာ ေသဆုံးသြားသူ ကိုသက္ႏိုင္စိုးကေတာ့ အသက္ ၂၇ ႏွစ္အ႐ြယ္ျဖစ္ပါတယ္။ ႏွစ္ဦးစလုံးက ပရဟိတ လုပ္ငန္းေတြလုပ္ကိုင္ေနသလို ႏိုင္ငံေရးတက္ႂကြလႈပ္ရွားတဲ့လူငယ္ေတြျဖစ္ၾကပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္



မုံရွာနဲ့ ရန်ကုန်က ပရဟိတလူငယ်နှစ်ဦး စစ်တပ်နဲ့ရဲက ဖမ်းဆီးစစ်ဆေးချိန်အတွင်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပရဟိတ ကူညီပေးနေသူလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုသက်နိုင်စိုးနဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပရဟိတအဖွဲ့က မောင်စန်းဝင်းအောင်တို့ဟာ ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့ကြပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာတွေပေါ်မှာ ဆိုးဆိုးဝါးဝါး နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့တယ်လို့ မိသားစုတွေက ပြောပါတယ်။ မောင်စန်းဝင်းအောင်အလောင်းကိုတော့ ၁၀ သိန်းနဲ့ လာထုတ်ဖို့ သူ့ကိုဖမ်းသွားသူတွေက မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သြဂုတ်လ ၂၄ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ ပရဟိတကူညီရေးလုပ်နေသူ တက်ကြွလှုပ်ရှားတဲ့ ကိုသက်နိုင်စိုးဟာ ဖမ်းဆီးခံခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသွားတယ်လို့ ဖမ်းဆီးသွားတဲ့ လုံခြုံရေးတွေက ပြောပေမဲ့ ကိုသက်နိုင်စိုးရဲ့ မိခင်ကတော့ အလောင်းမှာ ဆိုးဆိုးဝါးဝါးနှိပ်စက်ညှင်းပမ်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေတွေ့တယ်လို့ ပြောပါတယ်။

"မနေ့က ဒီလို၂ ချက်ထိုးအချိန်မှာ ရဲက ဖုန်းဆက်လို့မို့လို့ ဆေးရုံကိုလာကြည့်ပါ။ အလောင်းတလောင်းတွေ့ထားတယ်ပြောတယ်။ အန်တီတို့သွားကြည့်မှသာ သက်နိုင်စိုးအလောင်းမှန်းသိရတယ်။ ဆေးရုံမှာရောက်သွားတော့ အလောင်းကို အိပ်ကြီးနဲ့ပိတ်ထားတယ် သက်နိုင်စိုးအလောင်း ဟုတ်လားမဟုတ်လားဆိုတာ အန်တီတို့က အိပ်ကြီးကို ဖွင့်ကြည့်တာပေါ့နော်။ အန်တီတို့က ကလေးကို ဘယ်လိုလုပ်ထားလဲဆိုတော့ ကိုဗစ်နဲ့သေတာမို့လို့ ပိတ်ထားတာလို့ သူတို့ကပြောတယ် ။ အိမ်က ကလေးက ကိုဗစ်ဘာညာလည်းမရှိတော့ အန်တီတို့က ကိုင်ကြည့်တယ် သူတို့က ဂုတ်ဆက်မှာနှိပ်စက်ထားတာတွေ တွေ့တယ် ဆေးလိပ်မီးတွေနဲ့ ပါးကိုထိုးထားတာလည်းတွေ့တယ် သူ့အသားကိုကိုင်ကြည့်တော့ ခေါင်းနေရာအိနေတယ် အညိုအမဲတွေလည်းစွဲနေတယ် နားတဘက်မှာလည်း သွေးတွေထွက်နေတယ် နောက်ဘက်ခေါင်းတခြမ်းလုံးကတော့ အိသွားတယ် လက်မှာလည်းကြိုးတုတ်ထားတဲ့အရာတွေ့တယ် ။အလောင်းထားတဲ့နေရာမှာ အလောင်းကို ဘယ်အချိန်မှာ လာပို့လဲဆိုတော့ ၁၀ နာရီလောက်မှာလာပို့တယ်တဲ့ အန်တီတို့အိမ်မှာ ၉ နာရီလောက်မှာ လာရှာသွားတယ် အဲဒီနေ့မှာပဲ သေတာပါ"

သြဂုတ်လ ၂၄ ရက် ည ၉ နာရီလောက်က နေအိမ်မှာ ကိုသက်နိုင်စိုးကို လုံခြုံရေးတွေလာရှာစဉ် သူ အိမ်မှာ မရှိလို့ လွတ်သွားပေမဲ့ အဲဒီညမှာပဲ တခြားနေရာမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ မြို့နယ် ထွေအုပ်ရုံး ဗုံးကွဲမှု ဖြစ်စဉ်အတွင်း သံသယရှိတယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ကောင်းမှုဆောင် ပရဟိတအဖွဲ့က အသက် ၁၉ နှစ်အရွယ် မောင်စန်းဝင်းအောင်ဟာလည်း ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့ပါတယ်။

၂၂ ရက်နေ့ကဖမ်းသွားပြီး ၂၃ ရက်မှာ သူကို မိခင်နဲ့ လာတွေ့ခွင့်ပေးခဲ့ပေမဲ့ နောက် ၂ ရက်အကြာ သြဂုတ်လ ၂၅ ရက်နေ့မှာ သေဆုံးသွားပြီလို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို ၁၀ သိန်းနဲ့ လာရွေးဖို့ မိသားစုကို သက်ဆိုင်ရာက အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပြပါတယ်။

"မိသားစုကိုတော့ ၂၃ ရက်နေ့မနက်မှာတွေ့ရတယ်၊ တွေ့ချိန်မှာ ညိုမဲနေပြီး ခန္ဓာကိုယ်က ရောင်ကိုင်းနေတာတွေရှိတယ်၊ လက်ထိပ်တွေ ခြေကျင်းတွေနဲ့လာတွေ့တယ်၊ သူ အမေကိုဘာပြောချင်လဲ၊ ကန့်တော့ချင်လားမေးတယ်၊ ၂၃ ရက်မနက်မှာပေါ့၊ ပြီးတော့၂၄ ရက်ညမှာတော့ ၁၁ နာရီလောက်မှ ာ ကိုစန်းဝင်းအောင်က စစ်ကြောရေးမှာဆုံးသွားပြီလို့ သတင်းတွေကြားတယ်၊ ချက်ချင်းအတည်မပြုနိုင်ဘူး၊ လိုက်လံစုံစမ်းလို့လည်းမရဘူး၊ အတည်ပြုနိုင်တာက စစ်ကောင်စီက ၂၅ ရက်နေ့မှာ သူမိသားစုကို သူရဲ့Dead Body ကို ၁၀ သိန်းနဲ့ လာထုတ်လို့ပြောတာသိရတယ်၊ သူမိသားစုကိုပေါ့၊ ပုံမှန်ဆို စစ်ကြောရေးထုတ်တယ်၊ အင်းစိန်ထောင်ပို့တယ်၊ ဒါမျိုး process ပဲရှိတယ်၊ ကိုစန်းဝင်းအောင်ကိုကျမှ သူ့အမေနဲ့လာပေးတွေ့တယ်၊ ဘာပြောချင်လဲလို့မေးတယ်၊ ဘာအကြောင်းအရာကိုပြောချင်လဲ၊ နောက်ဆုံးအနေနဲ့ကန်တော့လို့ပြောတယ်၊ စစ်ကောင်စီက ကိုစန်းဝင်းအောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုတင်ရည်ရွယ်ထားပြီးပြီ ယူဆရတယ်ခင်ဗျ။"

အခုလို စစ်တပ်နဲ့ရဲက ဒီနေ့ ဖမ်းဆီးသွားပြီး နောက်တနေ့ အလောင်းကိုလာပြန်ယူဖို့အကြောင်းကြားတဲ့ အဖြစ်အပျက်တွေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏဖြစ်နေပါတယ်။ တချို့ဆိုရင် မိသားစုကို အလောင်းပြန်မပေးဘဲ သေဆုံးသွားပြီလို့သာ အကြောင်းကြားသလို တချို့ကိုတော့ ငွေကြေးနဲ့ အလောင်းလာထုတ်ဖို့ အကြောင်းကြားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အုပ်ချုပ်နေတဲ့ကာလအတွင်းမှာ ပစ်ခတ်နှိမ်နှင်းလို့၊ ဖမ်းဆီးထားစဉ် နှိပ်စက်ညှဉ်းပမ်းခံရလို့ သေဆုံးသူ ၁,၀၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စာရင်းပြုစုထားပါတယ်။
ရန်ကုန်မြို့မှာ သေဆုံးသွားသူ မောင်စန်းဝင်းအောင်ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး မုံရွာမြို့မှာ သေဆုံးသွားသူ ကိုသက်နိုင်စိုးကတော့ အသက် ၂၇ နှစ်အရွယ်ဖြစ်ပါတယ်။ နှစ်ဦးစလုံးက ပရဟိတ လုပ်ငန်းတွေလုပ်ကိုင်နေသလို နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG