သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသား ၂ ဦး ပစ္ခတ္သတ္ျဖတ္ခံရ


Tamu city တမူးၿမဳိ႕

(Zawgyi/Unicode)

အိႏိၵယ-ျမန္မာနယ္စပ္ မိုးေရးၿမိဳ႔က အိႏိၵယ ႏိုင္ငံသား ၂ဦး တမူးၿမိဳ႔မွာ အဂၤါေန႔ ေန႔လည္ပိုင္းက ပစ္ခတ္သတ္ျဖတ္ခံခဲ့ရပါတယ္။ ေသဆုံးသူေတြ အေလာင္းကို အိႏၵိယဖက္က ျပန္လည္ရရွိဖု႔ိ ေတာင္းဆိုထားၿပီး သတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ တင္းမာမႈေတြလည္း ေပၚေပါက္ခဲ့တာပါ။ ရန္ကုန္က လာတဲ့ သတင္းကို နန္းေလာ၀္ က ေျပာျပပါမယ္။

အိႏိၵယႏိုင္ငံ မိုးေရးၿမိဳ႔မွာ ေနထိုင္သူ ႏွစ္ဦးဟာ ျမန္မာႏိုင္ငံ တမူးၿမိဳ႔မွာအဂၤါေန႔ ေန႔ခင္း ၂နာရီေလာက္ သတ္ျဖတ္ခံခဲ့ရတာလို႔ ေဒသခံေတြက ေျပာပါတယ္။
ဒီသတ္ျဖတ္ခံရတာနဲ႔ပတ္သက္ၿပီး မုိးေရးၿမိဳ႔မွာ ေနထုိင္ေနတဲ့ ကူကီးအမ်ိဳးသမီးတစ္ဦးက ဗြီအိုေအ ကို အခုလို ေျပာပါတယ္။

“ ေစာ္ဘြားရပ္ကြက္၊ အထက ေက်ာင္းအနီး အဲဒီမွာ သတ္သြားတာ။ အိႏိၵယႏိုင္ငံသားဟုတ္တယ္။ တစ္ေယာက္က ဒီမုိးေရးၿမိဳ႔ကေပါ့။ Ward no 2 မွာ ေနာက္ တစ္ေယာက္က Ward no 4 က။ အခ်ိန္ကေတာ့ ေန႔လည္ က်မတို႔ ျမန္မာအခ်ိန္ဆိုလုိ႔ရိွရင္ ၂နာရီ၊ ၃နာရီ၀န္းက်င္ေလာက္ျဖစ္လိမ့္မယ္။ ဘာျဖစ္လုိ႔ သတ္တယ္ဆုိတာလည္း က်မတို႔ မသိရေသးဘူးေပါ့။”

ေဒသတြင္း သတင္းမီဒီယာေတြကေတာ့ သတ္ခံရသူေတြဟာ တမီးလ္လူမ်ဳိး P Mohan ၂၈ႏွစ္နဲ႔ M. Iyarnar ၃၅ႏွစ္တုိ႔ျဖစ္ၿပီး သူတုိ႔ကို ပ်ဳေစာထီးအဖဲြ႔ ကသတ္ျဖတ္တာလုိ႔ ေဖာ္ျပထားပါတယ္။
သတ္ျဖတ္ခံရမႈအတြက္ ေဒါသျဖစ္ေနတဲ့ မုိးေရးၿမိဳ႔ခံေတြဟာ ရဲစခန္းမွာ စုရံုုးေရာက္ရွိလာခဲ့ၾကတယ္ လို႔လည္း အခုလို ဆက္ေျပာပါတယ္။

“ မိုးေရးဘက္က အိႏိၵယႏိုင္ငံသားေတြအမ်ားစုက မိုးေရးၿမိဳ႔က ရဲစခန္းမွာ သြားၿပီးမွ အမ်ားၾကီးပဲ ရိွေနၾကတာ။ ဘာေၾကာင့္သတ္ခံရတယ္။ ဘာေၾကာင့္လဲ ဆုိတဲ့ဟာ သူတို႔ မၾကားရမခ်င္း ထြက္မလာဘူးလုိ႔ က်မထင္တယ္။ ရဲစခန္းဘက္ကေတာ့ ဘာမွေတာ့ မေျပာေသးဘူး။ အခုခ်ိန္ထိေလ။ အခုသတ္ခံလုိက္ရတဲ့သူေတြက ဒီဘက္ ႏိုင္ငံသားေတြ ။ အနည္းနဲ႔ အမ်ားေတာ့ က်မတုိ႔ ႏိုင္ငံသားေတြအေပၚမွာ ေဒါသထြက္မွာပဲ။ စား၀တ္ေနေရးအရ ဒီ မုိးေရးဘက္မွာ ေစ်းလာေရာင္းတဲ့သူေတြ ပစ္မွတ္ထားလိမ့္မယ္လုိ႔ေတာ့ ျမင္တာေပါ့ေနာ။ ဟုတ္ခ်င္မွလည္း ဟုတ္မယ္။ မဟုတ္ပါေစနဲ႔လုိ႔လည္း ဆုေတာင္းတယ္။ ေတာ္ေတာ္ေတာ့ စိတ္ပူစရာေတာ့ ေကာင္းတယ္။ ဒီကိစၥကေလ။ ”

မုိးေရးဘက္မွာ ခုိလႈံေနသူ တမူးၿမိဳ႔သားတစ္ေယာက္ကေတာ့ သတ္ခံရသူေတြ အေလာင္းဟာ ညေန ၅နာရီေလာက္အထိ တမူးေဆးရံုမွာ ရိွေနေၾကာင္းနဲ႔ တင္းမာမႈေတြ ရွိေနေၾကာင္း ေျပာျပပါတယ္။

“ အေလာင္းကေတာ့ ေလာေလာဆည္က တမူး ျပည္သူ႔ေဆးရံုမွာ ေရာက္ေနတယ္။ အိႏိၵယ ရဲစခန္းကေန ဗမာ ရဲစခန္းကို အေၾကာင္းၾကားၿပီးေတာ့ အေလာင္းသယ္ဖုိ႔ လုပ္ေနတယ္ သူတုိ႔။ ေလာေလာဆည္ က်ေနာ္သြားၾကည့္တယ္။ အေလာင္းက မေရာက္လာေသးဘူး။ က်ေနာ္တုိ႔လည္း ဒီ က်ေနာ္တုိ႔အားလံုးကလည္း ျမန္မာႏို္င္ငံသားျဖစ္ေနတာကိုး။ ျဖစ္ေတာ့ က်ေနာ္ ခန ထြက္တယ္။ လမ္းတစ္၀က္ေရာက္ေတာ့ အိႏိၵယရဲက ေျပာတယ္။ အကို အျပင္မထြက္ပါနဲ႔တဲ့။ ေလာေလာဆည္ သူတို႔ အေလာင္းလာရင္ သူတုိ႔ စိတ္ဆႏၵေတြရိွတယ္ေလ။ ခံျပင္းစိတ္နဲ႔ ေဒါသနဲ႔ ဗမာျမင္ရင္ မုန္းတာတို႔ ဘာတုိ႔ ျဖစ္ႏိုင္တဲ့ အေနအထားရိွတာကိုး။ အဲဒါေၾကာင့္ က်ေနာ္တုိ႔က က်ေနာ္တို႔ ေနတဲ့ေနရာကို ျပန္ေနတယ္။ ”
အိႏိၵယႏိုင္ငံ မုိးေရး နဲ႔ ျမန္မာႏိုင္ငံ တမူးၿမိဳ႔ဟာ နယ္စပ္ခ်င္းကပ္လ်က္တည္ရိွေနတာျဖစ္ၿပီး ႏွစ္ဘက္

ၿမိဳ႔ခံေတြက တစ္ၿမိဳ႔နဲ႔ တစ္ၿမိဳ႔ ကူးလူးသြားလာၿပီး စီးပြားေရး လုပ္ကိုင္ေနၾကတာလည္းျဖစ္ပါတယ္။
၂၀၂၀ ခု Covid ေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ေနာက္ နယ္စပ္ဂိတ္ေတြကို ပိတ္ပင္ထားခဲ့ရာက ၿပီးခဲ့တဲ့ လကုန္ပိုင္းကေတာ့ အိႏိၵယ-ျမန္မာ ကူးသန္း တဲ့ ဂိတ္ ၂ ဂိတ္အနက္ အမွတ္ ၁ ဂိတ္ကို ျပန္ဖြင့္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံရ

အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့က အိန္ဒိယ နိုင်ငံသား ၂ဦး တမူးမြို့မှာ အင်္ဂါနေ့ နေ့လည်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေ အလောင်းကို အိန္ဒိယဖက်က ပြန်လည်ရရှိဖု့ိ တောင်းဆိုထားပြီး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ ရန်ကုန်က လာတဲ့ သတင်းကို နန်းလောဝ် က ပြောပြပါမယ်။

အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေထိုင်သူ နှစ်ဦးဟာ မြန်မာနိုင်ငံ တမူးမြို့မှာအင်္ဂါနေ့ နေ့ခင်း ၂နာရီလောက် သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မိုးရေးမြို့မှာ နေထိုင်နေတဲ့ ကူကီးအမျိုးသမီးတစ်ဦးက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ စော်ဘွားရပ်ကွက်၊ အထက ကျောင်းအနီး အဲဒီမှာ သတ်သွားတာ။ အိန္ဒိယနိုင်ငံသားဟုတ်တယ်။ တစ်ယောက်က ဒီမိုးရေးမြို့ကပေါ့။ Ward no 2 မှာ နောက် တစ်ယောက်က Ward no 4 က။ အချိန်ကတော့ နေ့လည် ကျမတို့ မြန်မာအချိန်ဆိုလို့ရှိရင် ၂နာရီ၊ ၃နာရီဝန်းကျင်လောက်ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့ သတ်တယ်ဆိုတာလည်း ကျမတို့ မသိရသေးဘူးပေါ့။”

ဒေသတွင်း သတင်းမီဒီယာတွေကတော့ သတ်ခံရသူတွေဟာ တမီးလ်လူမျိုး P Mohan ၂၈နှစ်နဲ့ M. Iyarnar ၃၅နှစ်တို့ဖြစ်ပြီး သူတို့ကို ပျုစောထီးအဖွဲ့ ကသတ်ဖြတ်တာလို့ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရမှုအတွက် ဒေါသဖြစ်နေတဲ့ မိုးရေးမြို့ခံတွေဟာ ရဲစခန်းမှာ စုရုံးရောက်ရှိလာခဲ့ကြတယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ မိုးရေးဘက်က အိန္ဒိယနိုင်ငံသားတွေအများစုက မိုးရေးမြို့က ရဲစခန်းမှာ သွားပြီးမှ အများကြီးပဲ ရှိနေကြတာ။ ဘာကြောင့်သတ်ခံရတယ်။ ဘာကြောင့်လဲ ဆိုတဲ့ဟာ သူတို့ မကြားရမချင်း ထွက်မလာဘူးလို့ ကျမထင်တယ်။ ရဲစခန်းဘက်ကတော့ ဘာမှတော့ မပြောသေးဘူး။ အခုချိန်ထိလေ။ အခုသတ်ခံလိုက်ရတဲ့သူတွေက ဒီဘက် နိုင်ငံသားတွေ ။ အနည်းနဲ့ အများတော့ ကျမတို့ နိုင်ငံသားတွေအပေါ်မှာ ဒေါသထွက်မှာပဲ။ စားဝတ်နေရေးအရ ဒီ မိုးရေးဘက်မှာ ဈေးလာရောင်းတဲ့သူတွေ ပစ်မှတ်ထားလိမ့်မယ်လို့တော့ မြင်တာပေါ့နော။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းတယ်။ တော်တော်တော့ စိတ်ပူစရာတော့ ကောင်းတယ်။ ဒီကိစ္စကလေ။ ”

မိုးရေးဘက်မှာ ခိုလှုံနေသူ တမူးမြို့သားတစ်ယောက်ကတော့ သတ်ခံရသူတွေ အလောင်းဟာ ညနေ ၅နာရီလောက်အထိ တမူးဆေးရုံမှာ ရှိနေကြောင်းနဲ့ တင်းမာမှုတွေ ရှိနေကြောင်း ပြောပြပါတယ်။

“ အလောင်းကတော့ လောလောဆည်က တမူး ပြည်သူ့ဆေးရုံမှာ ရောက်နေတယ်။ အိန္ဒိယ ရဲစခန်းကနေ ဗမာ ရဲစခန်းကို အကြောင်းကြားပြီးတော့ အလောင်းသယ်ဖို့ လုပ်နေတယ် သူတို့။ လောလောဆည် ကျနော်သွားကြည့်တယ်။ အလောင်းက မရောက်လာသေးဘူး။ ကျနော်တို့လည်း ဒီ ကျနော်တို့အားလုံးကလည်း မြန်မာနိုင်ငံသားဖြစ်နေတာကိုး။ ဖြစ်တော့ ကျနော် ခန ထွက်တယ်။ လမ်းတစ်ဝက်ရောက်တော့ အိန္ဒိယရဲက ပြောတယ်။ အကို အပြင်မထွက်ပါနဲ့တဲ့။ လောလောဆည် သူတို့ အလောင်းလာရင် သူတို့ စိတ်ဆန္ဒတွေရှိတယ်လေ။ ခံပြင်းစိတ်နဲ့ ဒေါသနဲ့ ဗမာမြင်ရင် မုန်းတာတို့ ဘာတို့ ဖြစ်နိုင်တဲ့ အနေအထားရှိတာကိုး။ အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ နေတဲ့နေရာကို ပြန်နေတယ်။ ”

အိန္ဒိယနိုင်ငံ မိုးရေး နဲ့ မြန်မာနိုင်ငံ တမူးမြို့ဟာ နယ်စပ်ချင်းကပ်လျက်တည်ရှိနေတာဖြစ်ပြီး နှစ်ဘက် မြို့ခံတွေက တစ်မြို့နဲ့ တစ်မြို့ ကူးလူးသွားလာပြီး စီးပွားရေး လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။
၂၀၂၀ ခု Covid ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့နောက် နယ်စပ်ဂိတ်တွေကို ပိတ်ပင်ထားခဲ့ရာက ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ အိန္ဒိယ-မြန်မာ ကူးသန်း တဲ့ ဂိတ် ၂ ဂိတ်အနက် အမှတ် ၁ ဂိတ်ကို ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG