သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တရုတ်အမျိုးသမီး ၂ ဦး ထိုင်း ရဲတပ်ဖွဲ့ ကယ်တင်


(ဝဲ) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့က ထိုင်းတော်ဝင်ရဲဌာနချုပ်တွင် မစ္စတာဝေ့ဒေါင်က သူ၏သမီး၏ဓာတ်ပုံကို ပြသနေစဉ်။
(ဝဲ) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့က ထိုင်းတော်ဝင်ရဲဌာနချုပ်တွင် မစ္စတာဝေ့ဒေါင်က သူ၏သမီး၏ဓာတ်ပုံကို ပြသနေစဉ်။

ထိုင်းနိုင်ငံကို လာလည်ရင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ တရုတ်အမျိုးသမီး နှစ်ယောက်ကို ထိုင်းရဲက ရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်တဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Thatchai Peetaneelabut က ဒီနေ့ ပြောဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် Wu Jiaqi နဲ့ အွန်လိုင်းက မကြာခင်က ဆုံခဲ့တဲ့ သူငယ်ချင်းဟာ ထိုင်းနိုင်ငံကို ရောက်ပြီးတဲ့နောက် အိမ်နီးချင်း တတိယနိုင်ငံတခုကို သွားရောက်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိက ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုပါတယ်။ မြန်မာနိုင်ငံနယ်စပ်ကို သွားတယ်ဆိုပြီး ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း khaosod English အွန်လိုင်း သတင်းမှာတော့ တရုတ် ရုပ်ရှင်သရုပ်ဆောင်မင်းသား Wang Xing ကို ကယ်တင်ခဲ့တဲ့နေရာမှာ ဖျားယောင်းခေါ်ဆောင်ခံခဲ့ရတဲ့အတွက် ၂၁ နှစ်အရွယ် တရုတ်မိန်းခလေးကို ပြန်လည်ကယ်တင်ခဲ့တာလို့ ပါရှိပါတယ်။

Wu Jiaqi နဲ့ သူ့သူငယ်ချင်းဟာ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ဘန်ကောက်ကို ရောက်လာခဲ့ပြီး နောက်တရက်မှာ ဟော်တယ်ကို တိုရိုတာကား အဖြူတစီးနဲ့ လူတချို့ လာခေါ်သွားခဲ့တဲ့အကြောင်း CCTV လုံခြုံရေးကင်မရာကနေ ထိုင်းရဲတွေက တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံကို သွားတဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာနယ်စပ်မှာ လစာငွေ ကောင်းကောင်းရမယ်ဆိုတဲ့ အလုပ်တွေနဲ့ ဖျားယောင်းပြီး အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ သတင်းတွေထွက် ပေါ်နေချိန်မှာပဲ တရုတ် မိန်းခလေးနှစ်ယောက်ကို ကယ်တင်ခဲ့တဲ့ သတင်းထွက်လာတာပါ။ ဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေကတော့ တရုတ်နိုင်ငံသား ၃၉၀၀ လောက် ထိုင်းမြန်မာနယ်စပ်က အွန်လိုင်းငွေကြေး လိမ်လည်တဲ့လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံနေရတယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG