သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္သားေဟာင္း ၂ ဦးရဲ႕ ၀န္ခံခ်က္


မွတ္တမ္းဓါတ္ပံု- ၂၀၁၇ တုန္းက ရခိုင္ျပည္နယ္ ေမာင္ေတာတြင္ လံုၿခံဳေရးယူေနစဥ္

(Zawgyi/Unicode)

ျမန္မာစစ္သားေဟာင္း ၂ ေယာက္ရဲ႕ ေျပာဆုိခ်က္ေတြနဲ႔ပတ္သက္လုိ႔ ႏုိင္ငံတကာ သတင္းဌာနေတြရဲ႕ ေကာက္ႏုတ္ ေရးသားခ်က္ေတြကုိ ဗီြအုိေအက ျပန္လည္ တင္ျပေပးထားတာ ျဖစ္ပါတယ္။

သူတို႔ကိုၾကည္႔ရတာ သိပ္ၿပီးစိတ္လႈပ္ရွားမႈ မရွိသလိုပါပဲ၊ သူတို႔အေျဖေတြက ဇာတ္တိုက္ထားတာျဖစ္ႏိုင္ေပမယ္႔ အေတာ႔္ကိုျပင္းထန္ပါတယ္။ ျမန္မာ စစ္တပ္က စစ္သားေဟာင္း တပ္ေျပး ၂ ေယာက္က သူတို႔ဟာ အစုၿပံဳလိုက္သတ္ျဖတ္မႈ ရြာေတြကို ရြာလံုးကၽြတ္မီးရႈိ႕မႈ အပါအ၀င္ ရက္စက္ၾကမ္းၾကဳတ္မႈေတြမွာ အထက္အရာရွိေတြရဲ႕ အမိန္႔အရ ပါ၀င္ခဲ႔ တယ္လို႔ ဗြီဒီယိုမွတ္တမ္း ေျဖာင္႔ခ်က္ထဲမွာေျပာထားပါတယ္။

တပ္သားေဟာင္းမ်ိဳး၀င္းထြန္းက ရိုဟင္ဂ်ာမူဆလင္ ၃၅ ေယာက္ကို သူတို႔တပ္ရင္းကလူေတြ သတ္ၿပီး တက်င္းတည္း မျမွဳပ္ခင္မွာ ဗိုလ္မွဴးႀကီးတေယာက္က “ ျမင္တာၾကားတာ အကုန္ပစ္“ လို႔အမိန္႔ေပးေၾကာင္း ဗီြဒီယို တခုမွာေျပာထားပါတယ္။

အျခားတပ္ရင္းတခုက တပ္ေျပးျဖစ္တဲ႔ တပ္သားေဇာ္ႏိုင္ထြန္းက ဒု-ဗိုလ္မွဴးႀကီးတေယာက္ရဲ႕ အမိန္႔အရ သူနဲ႔အျခားစစ္သားေတြဟာ ကေလးသူငယ္ နဲ႔ သက္ႀကီးရြယ္အို လူႀကီးသူမေတြ အပါအ၀င္ လူေပါင္း ၈၀ ေလာက္ကို သတ္ခဲ႔တယ္လို႔ဆိုပါတယ္။

ဒီစစ္သားေဟာင္းေတြက သတ္ျဖတ္မႈ အေသးစိတ္ကိုေျပာၿပီး ပါ၀င္ပတ္သက္တဲ႔ တပ္ရင္း ၊ သက္ဆိုင္တဲ႔ အထက္အရာရွိေတြ နာမည္၊ မီးရိႈ႕ခဲ႔တဲ႔ ေက်းရြာေတြ နဲ႔ အေလာင္းေတြေျမျမွဳပ္ခဲ႔တဲ႔ ေနရာေတြကိုပါ အေသးစိတ္ေျပာျပ ၾကပါတယ္။

ေျဖာင္႔ခ်က္ေတြကို ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္ကို တိုက္ခိုက္ေနတဲ႔ AA ရခိုင္တပ္ေတာ္ ေသာင္းက်န္းသူ လက္နက္ကိုင္အဖြဲ႔က မွတ္တမ္းတင္ခဲ႔တာျဖစ္ပါတယ္။ The New York Times သတင္းစာ နဲ႔ ကေနဒါ အသံလႊင္႔ဌာနတို႔ က ဦးဆံုးထုတ္လႊင္႔ပါတယ္။ VOA ဟာ အဲဒီကတည္းက ေစာင္႔ၾကည္႔ခဲ႔ၿပီး (ဒီဗီြဒီယိုေတြ) ဘယ္ပံုဘယ္နည္း မွတ္တမ္းတင္ခဲ႔တယ္ဆိုတဲ႔ အေျခအေနကို စိစစ္ႏိုင္ျခင္းမရွိခဲ႔ ေသးပါဘူး။

ျမန္မာစစ္တပ္ရဲ႕ရက္စက္က်ဴးလြန္မႈေတြကို စံုစမ္းစစ္ေဆးေနတဲ႔ Fortify Rights က ဒီဗီြဒီယိုေတြကို စိစစ္ၿပီး စစ္သားေဟာင္းေတြရဲ႕ထြက္ဆိုခ်က္ ခိုင္လံုတယ္လို႔ ဆိုထားပါတယ္။

“ ဒီစစ္သားေဟာင္းေတြဟာ ရခိုင္ျပည္နယ္က သီးျခားနယ္ေျမ ၂ ခုမွာ တၿပိဳင္တည္း တာ၀န္က်ၿပီး အေျခခံအားျဖင္႔ လူမ်ိဳးတံုးသတ္ျဖတ္မႈက်ဴးလြန္ဖို႔ အမိန္႔ေတြ လက္ခံရရွိခဲ႔ၾကတာျဖစ္တယ္” လို႔ Fortify Rights ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith ကေျပာပါတယ္။ “ဒီအမိန္႔ကို လက္ခံရယူခဲ႔ၾကတဲ႔ စစ္သားေတြ ဆီက တိုက္ရိုက္ၾကားရတာ အင္မတန္အေရးပါတယ္ လုိ႔လဲဆိုပါတယ္။

ဒီစစ္သား ၂ ေယာက္ရဲ႕ေဖာ္ျပခ်က္ေတြဟာ ၂၀၁၇ ၾသဂုတ္လ ကတည္းက မ်ားျပားလွတဲ႔ ဒုကၡသည္ေတြ စံုစမ္းစစ္ေဆးသူေတြဆီက ၾကားခဲ႔ရတဲ႔ အျဖစ္အပ်က္ေတြကို ခိုင္မာေစပါတယ္။ ၂၀၁၇ ဟာ ျမန္မာလံုၿခံဳေရးစခန္းေတြကို ရိုဟင္ဂ်ာ စစ္ေသြးၾကြေတြ အေပၚတံု႔ျပန္တဲ႔အေနနဲ႔ ရက္ရက္စက္စက္ ႏွိမ္နင္းခဲ႔တဲ႔ ကာလျဖစ္ပါတယ္။

ရိုဟင္ဂ်ာေတြ တေသာင္း (၁၀,၀၀၀) မကေသဆံုးၿပီး ရြာေပါင္း ၂၀၀ ခန္႔ ဖ်က္ဆီးခံခဲ႔ရဖြယ္ရွိတယ္လို႔ ကုလသမဂၢ စံုစမ္းစစ္ေဆးသူေတြက အစီရင္ခံထားပါတယ္။ ဒီစစ္ဆင္ေရးက ရိုဟင္ဂ်ာ မူဆလင္ ၇ သိန္း (၇၀၀,၀၀၀) ေက်ာ္ကို အိမ္နီးခ်င္း ဘဂၤလားေဒရွ္႕ဘက္ ေမာင္းထုတ္ခဲ႔တယ္လို႔လဲ ကုလသမဂၢ ကဆိုပါတယ္။ သူတို႔ဟာ အခုအခါမွာ ညစ္ပတ္ေပေရတဲ႔ ဒုကၡသည္စခန္းေတြမွာေနထိုင္ၿပီး အသက္ရွင္ရပ္တည္ေရးအတြက္ စာနာမႈအေထာက္အပံ႔ေတြအေပၚ မွီခိုေနရပါတယ္။

အုပ္စုလိုက္ မုဒိမ္းက်င္႔တာ မီးေလာင္ေနတဲ႔အိမ္ေတြထဲ ဒုကၡသည္ေတြပိတ္ေလွာင္ထားတာလို ဆိုးရြားလြန္းတဲ႔ ျဖစ္ရပ္ေတြကို ဒုကၡသည္ေတြ ျပန္ေျပာၾကပါတယ္။ ႏိုင္ငံမဲ႔ ရိုဟင္ဂ်ာလူနည္းစုအေပၚ

ျပဳလုပ္တဲ႔ စစ္ဆင္ေရမွာ လူမ်ိဳးတံုးသတ္ျဖတ္ေရး ရည္ရြယ္ခ်က္ပါရွိတယ္လို႔ ကုလသမဂၢ စံုမ္းစစ္ေဆးသူေတြက ဆိုပါတယ္။

ျမန္မာအစိုးရက ဒီစြဲခ်က္ေတြကို အၿမဲပယ္ခ်ပါတယ္။ ၿပီးခဲ႔တဲ႔ ဒီဇင္ဘာတုန္းက ICJ ႏိုင္ငံတကာတရားရံုးမွာ အဆင္႔အျမင္႔ဆံုး အရပ္ဘက္ေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ရိုဟင္ဂ်ာေတြကို သုတ္သင္ရွင္းလင္းဖို႔ ႏိုင္ငံေတာ္က ကမကထျပဳတဲ႔ စစ္ဆင္ေရးမရွိခဲ႔ဘူးလို႔ ျငင္းဆန္ခဲ႔ပါတယ္။

ဆိုးသြမ္းတဲ႔စစ္သား အနည္းငယ္က ရာဇ၀တ္မႈက်ဴးလြန္ခဲ႔တာလို႔ စစ္တပ္ကေျပာပါတယ္။

အခုထြက္ေပၚလာတဲ႔ ဗြီဒီယိုေတြကို တံု႔ျပန္ေျပာၾကားရာမွာ ျမန္မာစစ္ဘက္ေျပာခြင္႔ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဒီဗီြဒီယိုေတြ မွတ္တမ္းတင္ခဲ႔တဲ႔ AA ရခိုင္တပ္ေတာ္ ေသာင္းက်န္းသူအဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔လို႕ ေခၚဆိုလိုက္ၿပီး စစ္သားေဟာင္းေတြကို အတင္းအဓမၼ ထြက္ဆိုခိုင္းခဲ႔တာျဖစ္တယ္လို႔ေျပာပါတယ္။

................

မြန်မာစစ်သားဟောင်း ၂ ဦးရဲ့ ဝန်ခံချက်

(Unicode)

မြန်မာစစ်သားဟောင်း ၂ ယောက်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကောက်နုတ် ရေးသားချက်တွေကို ဗွီအိုအေက ပြန်လည် တင်ပြပေးထားတာ ဖြစ်ပါတယ်။

သူတို့ကိုကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားမှု မရှိသလိုပါပဲ၊ သူတို့အဖြေတွေက ဇာတ်တိုက်ထားတာဖြစ်နိုင်ပေမယ့် အတော့်ကိုပြင်းထန်ပါတယ်။ မြန်မာ စစ်တပ်က စစ်သားဟောင်း တပ်ပြေး ၂ ယောက်က သူတို့ဟာ အစုပြုံလိုက်သတ်ဖြတ်မှု ရွာတွေကို ရွာလုံးကျွတ်မီးရှို့မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေမှာ အထက်အရာရှိတွေရဲ့ အမိန့်အရ ပါဝင်ခဲ့ တယ်လို့ ဗွီဒီယိုမှတ်တမ်း ဖြောင့်ချက်ထဲမှာပြောထားပါတယ်။

တပ်သားဟောင်းမျိုးဝင်းထွန်းက ရိုဟင်ဂျာမူဆလင် ၃၅ ယောက်ကို သူတို့တပ်ရင်းကလူတွေ သတ်ပြီး တကျင်းတည်း မမြှုပ်ခင်မှာ ဗိုလ်မှူးကြီးတယောက်က “ မြင်တာကြားတာ အကုန်ပစ်“ လို့အမိန့်ပေးကြောင်း ဗွီဒီယို တခုမှာပြောထားပါတယ်။

အခြားတပ်ရင်းတခုက တပ်ပြေးဖြစ်တဲ့ တပ်သားဇော်နိုင်ထွန်းက ဒု-ဗိုလ်မှူးကြီးတယောက်ရဲ့ အမိန့်အရ သူနဲ့အခြားစစ်သားတွေဟာ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အို လူကြီးသူမတွေ အပါအဝင် လူပေါင်း ၈၀ လောက်ကို သတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီစစ်သားဟောင်းတွေက သတ်ဖြတ်မှု အသေးစိတ်ကိုပြောပြီး ပါဝင်ပတ်သက်တဲ့ တပ်ရင်း ၊ သက်ဆိုင်တဲ့ အထက်အရာရှိတွေ နာမည်၊ မီးရှို့ခဲ့တဲ့ ကျေးရွာတွေ နဲ့ အလောင်းတွေမြေမြှုပ်ခဲ့တဲ့ နေရာတွေကိုပါ အသေးစိတ်ပြောပြ ကြပါတယ်။

ဖြောင့်ချက်တွေကို ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ The New York Times သတင်းစာ နဲ့ ကနေဒါ အသံလွှင့်ဌာနတို့ က ဦးဆုံးထုတ်လွှင့်ပါတယ်။ VOA ဟာ အဲဒီကတည်းက စောင့်ကြည့်ခဲ့ပြီး (ဒီဗွီဒီယိုတွေ) ဘယ်ပုံဘယ်နည်း မှတ်တမ်းတင်ခဲ့တယ်ဆိုတဲ့ အခြေအနေကို စိစစ်နိုင်ခြင်းမရှိခဲ့ သေးပါဘူး။

မြန်မာစစ်တပ်ရဲ့ရက်စက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ Fortify Rights က ဒီဗွီဒီယိုတွေကို စိစစ်ပြီး စစ်သားဟောင်းတွေရဲ့ထွက်ဆိုချက် ခိုင်လုံတယ်လို့ ဆိုထားပါတယ်။

“ ဒီစစ်သားဟောင်းတွေဟာ ရခိုင်ပြည်နယ်က သီးခြားနယ်မြေ ၂ ခုမှာ တပြိုင်တည်း တာဝန်ကျပြီး အခြေခံအားဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ အမိန့်တွေ လက်ခံရရှိခဲ့ကြတာဖြစ်တယ်” လို့ Fortify Rights ရဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောပါတယ်။ “ဒီအမိန့်ကို လက်ခံရယူခဲ့ကြတဲ့ စစ်သားတွေ ဆီက တိုက်ရိုက်ကြားရတာ အင်မတန်အရေးပါတယ် လို့လဲဆိုပါတယ်။

ဒီစစ်သား ၂ ယောက်ရဲ့ဖော်ပြချက်တွေဟာ ၂၀၁၇ သြဂုတ်လ ကတည်းက များပြားလှတဲ့ ဒုက္ခသည်တွေ စုံစမ်းစစ်ဆေးသူတွေဆီက ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခိုင်မာစေပါတယ်။ ၂၀၁၇ ဟာ မြန်မာလုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ စစ်သွေးကြွတွေ အပေါ်တုံ့ပြန်တဲ့အနေနဲ့ ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ကာလဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ တသောင်း (၁၀,၀၀၀) မကသေဆုံးပြီး ရွာပေါင်း ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အစီရင်ခံထားပါတယ်။ ဒီစစ်ဆင်ရေးက ရိုဟင်ဂျာ မူဆလင် ၇ သိန်း (၇၀၀,၀၀၀) ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက် မောင်းထုတ်ခဲ့တယ်လို့လဲ ကုလသမဂ္ဂ ကဆိုပါတယ်။ သူတို့ဟာ အခုအခါမှာ ညစ်ပတ်ပေရေတဲ့ ဒုက္ခသည်စခန်းတွေမှာနေထိုင်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စာနာမှုအထောက်အပံ့တွေအပေါ် မှီခိုနေရပါတယ်။

အုပ်စုလိုက် မုဒိမ်းကျင့်တာ မီးလောင်နေတဲ့အိမ်တွေထဲ ဒုက္ခသည်တွေပိတ်လှောင်ထားတာလို ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေကို ဒုက္ခသည်တွေ ပြန်ပြောကြပါတယ်။ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုအပေါ်

ပြုလုပ်တဲ့ စစ်ဆင်ရေမှာ လူမျိုးတုံးသတ်ဖြတ်ရေး ရည်ရွယ်ချက်ပါရှိတယ်လို့ ကုလသမဂ္ဂ စုံမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

မြန်မာအစိုးရက ဒီစွဲချက်တွေကို အမြဲပယ်ချပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ICJ နိုင်ငံတကာတရားရုံးမှာ အဆင့်အမြင့်ဆုံး အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းဖို့ နိုင်ငံတော်က ကမကထပြုတဲ့ စစ်ဆင်ရေးမရှိခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဆိုးသွမ်းတဲ့စစ်သား အနည်းငယ်က ရာဇဝတ်မှုကျူးလွန်ခဲ့တာလို့ စစ်တပ်ကပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေကို တုံ့ပြန်ပြောကြားရာမှာ မြန်မာစစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဒီဗွီဒီယိုတွေ မှတ်တမ်းတင်ခဲ့တဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ခေါ်ဆိုလိုက်ပြီး စစ်သားဟောင်းတွေကို အတင်းအဓမ္မ ထွက်ဆိုခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

XS
SM
MD
LG