သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး ရုရှားနဲ့ ကုလဆွေးနွေး


Russia Ukraine Grain Deal
Russia Ukraine Grain Deal

ယူကရိန်းကနှံစားသီးနှံတွေနဲ့ အခြားလယ်ယာထွက်ကုန်တွေ ပင်လယ်နက်ကနေတဆင့်ကမ္ဘာကိုတင်ပို့နိုင်ဖို့အစီအစဉ်မှာ ရုရှားကဆက်လက်ပူးပေါင်းပါဝင်ဖို့အတွက် ကုလသမဂ္ဂနဲ့ရုရှား သောကြာနေ့မှာ စတင်ဆွေးနွေးပြောဆိုပါတယ်။

ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး ရုရှားနဲ့ ကုလဆွေးနွေး

ယူကရိန်းကနှံစားသီးနှံတွေနဲ့ အခြားလယ်ယာထွက်ကုန်တွေ ပင်လယ်နက်ကနေတဆင့်ကမ္ဘာကိုတင်ပို့နိုင်ဖို့အစီအစဉ်မှာ ရုရှားကဆက်လက်ပူးပေါင်းပါဝင်ဖို့အတွက် ကုလသမဂ္ဂနဲ့ရုရှား သောကြာနေ့မှာ စတင်ဆွေးနွေးပြောဆိုပါတယ်။
ကုလသမဂ္ဂကူးသန်းရောင်းဝယ်ရေးနဲ့ဖွင့်ဖြိုးတိုးတက်ရေးဌာန UNCTAC အကြီးကဲ Rebecca Greenspan နဲ့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Vershinin တို့ဆွေးနွေးခဲ့ကြတာပါ။
မကြာသေးမီကမှ ယူကရိန်းကလုပ်ဆောင်ခဲ့တာတွေကို ဒီဆွေးနွေးပွဲမှာလစ်လျူရှုမထားသင့်ဘူးလို့ ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမစတင်မီပြောဆိုခဲ့ပါတယ်။
ရည်ညွန်းပြောဆိုခဲ့တဲ့ အဖြစ်ပျက်တွေထဲမှာ ကခါကာ Kakhovka ဆည်ကိစ္စ၊ ရုရှားရဲ့ Togliatti Odessa ကအမိုးနီး ယားပိုက်လိုင်းဖျက်စီးခံရ တဲ့ကိစ္စတွေပါဝင်ပါတယ်။ ကမ္ဘာပေါ်ကအရှည်လျားဆုံး အမိုးနီးယား ပိုက်လိုင်းဖျက်ဆီးခံရ တဲ့ကိစ္စမှာ ယူကရိန်းကလျို့ဝှက်ကူညီပံ့ပိုးပေးတဲ့အဖွဲ့တွေကနောက်ကွယ်ကပါဝင်ခဲ့တယ်လို့ ရုရှားက ဒီရက်သတ္တပတ် အစောပိုင်းတုန်းကစွပ်စွဲ ပြောဆိုခဲ့ပါတယ်။
ပင်လယ်နက်ကိုဖြတ်ပြီး ကောက်ပဲသီးနှံတွေတင်ပို့ခွင့်ကို တကြိမ်ကိုရက်ပေါင်း ၁၂၀ သဘောတူခွင့်ပြုပြီး၊ ဒီသဘောတူ ညီချက်ကို အကြိမ်ကြိမ်ထပ်မံတိုးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလထဲတုန်းကတကြိမ်ထပ်မံတိုးခဲ့ပါတယ်။

XS
SM
MD
LG