သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူသားခ်င္းစာနာမႈစႀကၤန္ ပထမဆုံးလမ္းစပြင့္တယ္လို႔ ယူကရိန္း သမၼတ Zelenskyy မွတ္ခ်က္ခ်


ယူကရိန္းႏိုင္ငံ၊ Mariupol ၿမိဳ႕က သံမဏိစက္႐ံုထဲ ပိတ္မိေနတဲ့ ကေလးတေယာက္ကို ယူအဲန္ဦးေဆာင္ၿပီး ကယ္ထုတ္ေနရာေရႊ႕ေျပာင္းေပးစဥ္။ (ေမ ၁၊ ၂၀၂၂)  

[[Zawgyi/Unicode]]

လူသားခ်င္း စာနာေထာက္ထားမႈစႀကၤန္ဟာ စစ္ပြဲစကတည္းက ဒီေန႔မွာ ပထမဆုံး စပြင့္တယ္လို႔ ယူကရိန္းသမၼတ ဗိုလိုဒီမာ ဇာလန္းစကီးက သူ႔ရဲ႕တယ္လီဂရမ္မွာ ေျပာပါတယ္။ Mariupol ၿမိဳ႕က သံမဏိစက္႐ုံကေန အရပ္သား ၁၀၀ ကို စတင္ ေခၚထုတ္ႏိုင္ၿပီး တနလၤာေန႔ မွာ ယူကရိန္းက ထိန္းခ်ဳပ္ထားတဲ့ ၿမိဳ႕ Zaporizhzhia ကို ေရာက္ဖို႔ စီစဥ္ထားၾကပါတယ္။

“ဒီေျမမွာ တကယ့္ကို ၂ ရက္ၾကာ အပစ္အခတ္ရပ္စဲေရး ပထမဆုံးအႀကိမ္ ျဖစ္တယ္” လို႔လည္း သမၼတ Zelenskyy က ဆိုပါတယ္။

Mariupol ၿမိဳ႕က သံမဏိစက္႐ုံထဲမွာ စစ္သားနဲ႔အရပ္သား ၂,၀၀၀ ဝန္းက်င္ ပိတ္ မိေနၾကပါတယ္။ Mariupol ၿမိဳ႕မွာေတာ့ လူတစ္သိန္းေက်ာ္ ပိတ္မိေနတာပါ။ အရင္တုန္းကေတာ့ အဲဒီလို ထြက္လမ္းေတြကို ႐ုရွားတပ္ေတြက ပစ္ခတ္ေလ့ရွိပါတယ္။ အဆိုပါ ေနရာကေန ထြက္ႏိုင္ဖို႔အတြက္ ႏိုင္ငံေရးသမားေတြနဲ႔ ကမာၻ႔ ေခါင္းေဆာင္ေတြေတြလို ၾကားခံတတိယအဖြဲ႔က ႐ုရွားနဲ႔ ညႇိႏိႈင္းၿပီး အာမခံေပးဖို႔ လိုအပ္ပါတယ္လို႔ အဲဒီေဒသ ခုခံေရးတပ္ရဲ႕ ဒုတိယတပ္မႉး Sviatoslav Palamar က ေအပီသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

ယူကရိန္းအေရွ႕ပိုင္းမွာတိုက္ေနၾကတဲ့ ႐ုရွားတပ္ေတြရဲ႕ ေလးပုံတပုံဟာ ထိုးစစ္အရာမွာ မထိေရာက္တဲ့တပ္ေတြ ျဖစ္တယ္လို႔ တနလၤာေန႔မွာ ထြက္လာတဲ့ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာန ရဲ႕ေန႔စဥ္ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

လူသားချင်းစာနာမှုစြင်္ကန် ပထမဆုံးလမ်းစပွင့်တယ်လို့ ယူကရိန်း သမ္မတ Zelenskyy မှတ်ချက်ချ

လူသားချင်း စာနာထောက်ထားမှုစြင်္ကန်ဟာ စစ်ပွဲစကတည်းက ဒီနေ့မှာ ပထမဆုံး စပွင့်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးက သူ့ရဲ့တယ်လီဂရမ်မှာ ပြောပါတယ်။ Mariupol မြို့က သံမဏိစက်ရုံကနေ အရပ်သား ၁၀၀ ကို စတင် ခေါ်ထုတ်နိုင်ပြီး တနင်္လာနေ့ မှာ ယူကရိန်းက ထိန်းချုပ်ထားတဲ့ မြို့ Zaporizhzhia ကို ရောက်ဖို့ စီစဉ်ထားကြပါတယ်။

“ဒီမြေမှာ တကယ့်ကို ၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ပထမဆုံးအကြိမ် ဖြစ်တယ်” လို့လည်း သမ္မတ Zelenskyy က ဆိုပါတယ်။

Mariupol မြို့က သံမဏိစက်ရုံထဲမှာ စစ်သားနဲ့အရပ်သား ၂,၀၀၀ ဝန်းကျင် ပိတ် မိနေကြပါတယ်။ Mariupol မြို့မှာတော့ လူတစ်သိန်းကျော် ပိတ်မိနေတာပါ။ အရင်တုန်းကတော့ အဲဒီလို ထွက်လမ်းတွေကို ရုရှားတပ်တွေက ပစ်ခတ်လေ့ရှိပါတယ်။ အဆိုပါ နေရာကနေ ထွက်နိုင်ဖို့အတွက် နိုင်ငံရေးသမားတွေနဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေတွေလို ကြားခံတတိယအဖွဲ့က ရုရှားနဲ့ ညှိနှိုင်းပြီး အာမခံပေးဖို့ လိုအပ်ပါတယ်လို့ အဲဒီဒေသ ခုခံရေးတပ်ရဲ့ ဒုတိယတပ်မှူး Sviatoslav Palamar က အေပီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာတိုက်နေကြတဲ့ ရုရှားတပ်တွေရဲ့ လေးပုံတပုံဟာ ထိုးစစ်အရာမှာ မထိရောက်တဲ့တပ်တွေ ဖြစ်တယ်လို့ တနင်္လာနေ့မှာ ထွက်လာတဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ရဲ့နေ့စဉ် ထုတ်ပြန်ချက်မှာ ပြောပါတယ်။

==============

XS
SM
MD
LG