သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီ  အေမရိကန္က ေဒၚလာသန္း ၁၀၀ ပံ့ပိုးမည္


ယူကရိန္းႏိုင္ငံရဲ႕စတုတၳေျမာက္အႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ Dnipropetrovsk မွာ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင္း မီးေလာင္ေနတဲ့ ေလာင္စာဆီသိုေလွာင္႐ံုကို မီးၿငိမ္းဖို႔ႀကိဳးစားေနၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ 


[[Zawgyi/Unicode]]

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ႏွစ္ရက္ၾကာ ေဆြးေႏြးပြဲအတြက္ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ေရာက္ေနၾကခ်ိန္မွာပဲ ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီ ေဒၚလာ သန္း ၁၀၀ ေပးမယ့္အေၾကာင္း အေမရိကန္က ေၾကညာလိုက္ပါတယ္။

Bucha ၿမိဳ႕နဲ႔ ယူကရိန္းႏိုင္ငံတဝန္းမွာ ႐ုရွားစစ္တပ္ကက်ဴးလြန္ခဲ့တဲ့ သတ္ျဖတ္မႈေတြအေပၚ ကမာၻႀကီးအေနနဲ႔ ထိတ္လန႔္ တုန္လႈပ္ ခဲ့ရပါတယ္လို႔ ယူကရိန္းကို အကူအညီေပးဖို႔ေၾကညာတဲ့ အဂၤါေန႔ေႏွာင္းပိုင္း ထုတ္ျပန္ခ်က္ထဲမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာခဲ့ပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြဟာ သူတို႔အမိေျမနဲ႔ သူတို႔ရဲ႕လြတ္လပ္မႈကို ခုခံကာကြယ္ဖို႔အတြက္ ရဲဝံ့စြာ ဆက္ တိုက္ပြဲဝင္ေနၾကၿပီး အေမရိကန္ျပည္ေထာင္စုအေနနဲ႔ မဟာမိတ္ေတြ၊ လက္တြဲေဖာ္ေတြနဲ႔အတူ ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမ တည္တံ့ခိုင္ၿမဲေရးအတြက္ အခိုင္အမာ ေထာက္ခံေနပါတယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

အခုေပးတဲ့ အကူအညီေတြဟာ ယူကရိန္းအတြက္ အေရးေပၚလိုအပ္ေနတဲ့ သံခ်ပ္ကာယာဥ္ဖ်က္ Javelin လက္နက္ေတြ ထပ္ၿပီး ျဖည့္ဆည္းေပးမွာျဖစ္တယ္လို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ John Kirby က ထုတ္ျပန္ခ်က္တခုမွာ ေျပာခဲ့ပါတယ္။ ယူကရိန္း အတြက္ အေမရိကန္က Javelin လက္နက္ ကူညီေထာက္ပံ့ေနၿပီး သူတို႔ႏိုင္ငံကိုကာကြယ္ဖို႔ ထိထိေရာက္ေရာက္ အသုံးျပဳေန ပါတယ္လို႔လည္း John Kirby ကေျပာပါတယ္။

NATO မဟာမိတ္အဖြဲ႕ဝင္ ႏိုင္ငံေတြအေနနဲ႔ စစ္ဘက္ဆိုင္ရာ ပစၥည္းကိရိယာေတြနဲ႔ ဆိုင္ဘာလုံၿခဳံေရး အကူအညီေတြအျပင္ လူသားစာနာမႈနဲ႔ ဘ႑ာေငြေၾကးပိုင္း အကူအညီေတြအပါအဝင္ ယူကရိန္းကို အကူအညီေတြ ထပ္ေပးသြားဖို႔ ပိုင္းျဖတ္ထား တယ္လို႔ NATO အဖြဲ႕အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ဝန္ႀကီးေတြ အစည္းအေဝးမတိုင္ခင္မွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်က ဒေါ်လာသန်း ၁၀၀ ပံ့ပိုးမည်

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး နှစ်ရက်ကြာ ဆွေးနွေးပွဲအတွက် မြောက်အတ္တလန်တိတ် စာချုပ် NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာ ရောက်နေကြချိန်မှာပဲ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

Bucha မြို့နဲ့ ယူကရိန်းနိုင်ငံတဝန်းမှာ ရုရှားစစ်တပ်ကကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအပေါ် ကမ္ဘာကြီးအနေနဲ့ ထိတ်လန့် တုန်လှုပ် ခဲ့ရပါတယ်လို့ ယူကရိန်းကို အကူအညီပေးဖို့ကြေညာတဲ့ အင်္ဂါနေ့နှောင်းပိုင်း ထုတ်ပြန်ချက်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ သူတို့အမိမြေနဲ့ သူတို့ရဲ့လွတ်လပ်မှုကို ခုခံကာကွယ်ဖို့အတွက် ရဲဝံ့စွာ ဆက် တိုက်ပွဲဝင်နေကြပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်တွေ၊ လက်တွဲဖော်တွေနဲ့အတူ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အခိုင်အမာ ထောက်ခံနေပါတယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

အခုပေးတဲ့ အကူအညီတွေဟာ ယူကရိန်းအတွက် အရေးပေါ်လိုအပ်နေတဲ့ သံချပ်ကာယာဉ်ဖျက် Javelin လက်နက်တွေ ထပ်ပြီး ဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ ပန်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ John Kirby က ထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။ ယူကရိန်း အတွက် အမေရိကန်က Javelin လက်နက် ကူညီထောက်ပံ့နေပြီး သူတို့နိုင်ငံကိုကာကွယ်ဖို့ ထိထိရောက်ရောက် အသုံးပြုနေ ပါတယ်လို့လည်း John Kirby ကပြောပါတယ်။

NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ ဆိုင်ဘာလုံခြုံရေး အကူအညီတွေအပြင် လူသားစာနာမှုနဲ့ ဘဏ္ဍာငွေကြေးပိုင်း အကူအညီတွေအပါအဝင် ယူကရိန်းကို အကူအညီတွေ ထပ်ပေးသွားဖို့ ပိုင်းဖြတ်ထား တယ်လို့ NATO အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က ဝန်ကြီးတွေ အစည်းအဝေးမတိုင်ခင်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

=============

XS
SM
MD
LG