[[Zawgyi/Unicode]]
ယူကရိန္းနယ္စပ္နားမွာခ်ထားတဲ့ တပ္တခ်ိဳ႕ဟာ စစ္ေရးေလ့က်င့္မႈၿပီးသြားတဲ့ေနာက္ သူတို႔ရဲ႕ တပ္စခန္းေတြ ကို ျပန္ၾကလိမ့္မယ္လို႔ ႐ုရွားက ဒီကေန႔ အဂၤါေန႔မွာ ေျပာပါတယ္။ ႏိုင္ငံအႏွံ႔မွာလုပ္ေနၿပီး ႀကီးမားတဲ့စစ္ေရး ေလ့က်င့္မႈေတြကိုေတာ့ ဆက္လက္ လုပ္ေနမယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Igor Konashenkov က သတင္းထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။ ဒါေပမယ့္ တပ္ေတြ ေ႐ႊ႕ေျပာင္းတာကိုေတာ့ ခု အခ်ိန္မွာ အတည္ျပဳလို႔မရေသးပါဘူး။
ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မွာကိုကာကြယ္ဖို႔ သံတမန္ေရးအားထုတ္မႈေတြ ျဖစ္လာတဲ့အခ်ိန္ မွာ ခုလို ေၾကညာခ်က္ ထြက္ေပၚလာတာပါ။ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz ဟာ ဒီကေန႔ အဂၤါေန႔မွာ သမၼတ ပူတင္နဲ႔ ေဆြးေႏြးဖို႔ ႐ုရွားကို ေရာက္ရွိခဲ့ပါတယ္။ ပဋိပကၡကို ေလ်ာ့နည္းသြားေစဖို႔နဲ႔ ယူကရိန္းနယ္စပ္ကေန တပ္ေတြ ႐ုပ္သိမ္းဖို႔ကေတာ့ ႐ုရွားက ဆုံးျဖတ္ရမွာပါ” လို႔ ဂ်ာမန္ ႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock က ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
အင္အားနဲ႔ ခိုင္ခိုင္မာမာဟန႔္တားေရးနဲ႔ ကာကြယ္ေရးအေရးႀကီးပုံကို အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ ေနတိုး အေထြေထြအတြင္းေရးမႉး Jens Stoltenberg တို႔ ဖုန္းကေန ေဆြးေႏြးခဲ့ၾကၿပီး ႐ုရွားရဲ႕ လုပ္ရပ္ေတြဟာ ရည္႐ြယ္တာနဲ႔ ေျပာင္းျပန္ ျဖစ္သြားေရးကိစၥေတြကို အထူး ေျပာဆိုေဆြးေႏြးခဲ့ၾကပါတယ္လို႔ ပင္တဂြန္က ေျပာပါတယ္။
==========
[[Unicode]]
ယူကရိန်းနယ်စပ် တပ်တချို့ပြန်ရုပ်မယ်လို့ ရုရှားကာကွယ်ရေးဌာနထုတ်ပြန်
ယူကရိန်းနယ်စပ်နားမှာချထားတဲ့ တပ်တချို့ဟာ စစ်ရေးလေ့ကျင့်မှုပြီးသွားတဲ့နောက် သူတို့ရဲ့ တပ်စခန်းတွေ ကို ပြန်ကြလိမ့်မယ်လို့ ရုရှားက ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ နိုင်ငံအနှံ့မှာလုပ်နေပြီး ကြီးမားတဲ့စစ်ရေး လေ့ကျင့်မှုတွေကိုတော့ ဆက်လက် လုပ်နေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါပေမယ့် တပ်တွေ ရွှေ့ပြောင်းတာကိုတော့ ခု အချိန်မှာ အတည်ပြုလို့မရသေးပါဘူး။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှာကိုကာကွယ်ဖို့ သံတမန်ရေးအားထုတ်မှုတွေ ဖြစ်လာတဲ့အချိန် မှာ ခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ဟာ ဒီကနေ့ အင်္ဂါနေ့မှာ သမ္မတ ပူတင်နဲ့ ဆွေးနွေးဖို့ ရုရှားကို ရောက်ရှိခဲ့ပါတယ်။ ပဋိပက္ခကို လျော့နည်းသွားစေဖို့နဲ့ ယူကရိန်းနယ်စပ်ကနေ တပ်တွေ ရုပ်သိမ်းဖို့ကတော့ ရုရှားက ဆုံးဖြတ်ရမှာပါ” လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အင်အားနဲ့ ခိုင်ခိုင်မာမာဟန့်တားရေးနဲ့ ကာကွယ်ရေးအရေးကြီးပုံကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နေတိုး အထွေထွေအတွင်းရေးမှူး Jens Stoltenberg တို့ ဖုန်းကနေ ဆွေးနွေးခဲ့ကြပြီး ရုရှားရဲ့ လုပ်ရပ်တွေဟာ ရည်ရွယ်တာနဲ့ ပြောင်းပြန် ဖြစ်သွားရေးကိစ္စတွေကို အထူး ပြောဆိုဆွေးနွေးခဲ့ကြပါတယ်လို့ ပင်တဂွန်က ပြောပါတယ်။
==========