သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်းထုတ်ခံရသူတွေအရေး အခြေခံပြဿနာ ဖြေရှင်းဖို့ ASEAN ကို ကုလအကြီးအကဲ တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guteress.
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guteress.

မြန်မာနိုင်ငံတွင်းက အတင်းအဓမ္မ မောင်းထုတ်ခံရတဲ့ လူပေါင်းများစွာအရေးနဲ့ အခြေခံဇာစ်မြစ်ကို ဖြေရှင်းနိုင်ရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ဘက်က တက်ကြွထိရောက်စွာ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guteress က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ဝန်ကြီးများ စနေနေ့က တွေ့ဆုံခဲ့ကြတာမှာ အတွင်းရေးမှူးချုပ်က အခုလို တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုရှိတဲ့ အခင်းအကျင်းမျိုးနဲ့ သူတို့ရဲ့ အခွင့်အရေးကို အပြည့်အ၀ လေးစားမှုရှိတဲ့ အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံမှုရှိရှိ ဆန္ဒအလျောက်နဲ့ ဌာနေပြန်နိုင်ဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးထား ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ပိုပြီး အားထည့်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့လည်း အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ရည်ညွှန်းတာ ဖြစ်ပေမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းထဲမှာတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲမထားပါဘူး။ ဒုက္ခသည်တွေ ဌာနေပြန်ရေး မပြေလည်စေတဲ့ အဓိကအချက်တခုက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိစ္စလည်း ပါဝင်ပါတယ်။ ဒုက္ခသည်တွေက ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ မြန်မာအစိုးရဘက်က ဒီအသုံးအနှုန်းကို လက်မခံပါဘူး။

ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အာဆီယံဘက်က တပ်ဖွဲ့ဝင် ၅၀၀၀ ကျော် ထည့်ဝင်မှု၊ နောက် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ထိပ်သီးဆွေးနွေးပွဲတွေ လက်ခံကျင်းပခဲ့မှုနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေး တရုတ်နဲ့ နှစ်ဖက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီးလည်း ကုလ အတွင်းရေးမှူးချုပ်က အသိအမှတ်ပြု ပြောဆိုသွားပါတယ်။

------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG