သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးအက်ဥ္းသားအားလံုး ျပန္လႊတ္ေပးဖို႔ ကုလ ေတာင္းဆို


(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးျပစ္ဒဏ္ခ်ထားတဲ့ အက်ဥ္းသား ၁၃၀၀ ေက်ာ္ကို ကန္႔သတ္ခ်က္နဲ႔ ျပန္လႊတ္ေပးလိုက္တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢက အေသးစိတ္ အခ်က္လက္ေတြကို သိေအာင္ လုပ္သြားမွာ ျဖစ္သလို အခုခ်ိန္အထိ အဖမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တကြ ႏိုင္ငံေရးအက်ဥ္းသား အားလံုးကို ျပန္ၿပီးလႊတ္ေပးဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က ေတာင္းဆိုေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က တနလၤာေန့မွာ ေျပာဆုိလုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဒၚေအာင္ဆန္းစု ၾကည္နဲ့ သမၼတ ဦး၀င္ျမင့္အပါအ၀င္ ႏုိင္ငံေရးအရ ဖမ္းဆီးထား သူ အားလုံးကုိ ျပန္လႊတ္ေပးဖုိ့၊ အၾကမ္းဖက္မွုေတြရပ္တန့္ဖုိ့၊ ဖိႏွိပ္ ညွဥ္းပန္းမွုေတြရပ္တန့္ဖုိ့ကုိ ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ အေနနဲ့ အႀကိမ္ႀကိမ္ေတာင္း ဆုိေနတာ ျဖစ္ေၾကာင္း နဲ႔ အခုလို အက်ဥ္းသားေတြ လႊတ္ေပးတာနဲ႔ ပတ္သက္ၿပီး ကုလဌာေနအဖြဲ႔ေတြဆီက အေသးစိတ္အခ်က္လက္ေတြကို ဆက္လက္ရယူသြားဖို႔ရွိ ေၾကာင္း ေျပာသြားတာပါ။

ေအာက္တုိဘာလ ၁၈ ရက္ေန့ တနလၤာေန့ တုန္းကျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးအရအျပစ္ ဒါဏ္က်ခံေနရသူ ၁,၃၁၆ ေယာက္ကို ကန္႔သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္သလို အမႈရင္ဆိုင္ေနရဆဲ ဖမ္းဆီးထိန္းသိမ္းထားသူ ၄,၃၂၀ ကို အမွုေတြပိတ္သိမ္းၿပီး ျပန္လႊတ္ေပး မယ္လုိ့ အာဏာသိမ္းစစ္ ေကာင္စီကေၾကညာခဲ့ပါတယ္။

ကုလသမဂၢရဲ့ စာရင္းဇယားေတြအရ ျမန္မာႏုိင္ငံမွာ ေဖၚ၀ါရီလ ၁ ရက္ေန့စစ္တပ္ကအာဏာသိမ္း ၿပီးကတည္း ကႏုိင္ငံေရးအရဖမ္းဆီးထားသူ ၈၀၀၀ ေက်ာ္ရွိတယ္လုိ့ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလ တောင်းဆို

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးပြစ်ဒဏ်ချထားတဲ့ အကျဉ်းသား ၁၃၀၀ ကျော်ကို ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အသေးစိတ် အချက်လက်တွေကို သိအောင် လုပ်သွားမှာ ဖြစ်သလို အခုချိန်အထိ အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆိုကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ သမ္မတ ဦးဝင်မြင့်အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထား သူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဖိနှိပ် ညှဉ်းပန်းမှုတွေရပ်တန့်ဖို့ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အနေနဲ့ အကြိမ်ကြိမ်တောင်း ဆိုနေတာ ဖြစ်ကြောင်း နဲ့ အခုလို အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ ပတ်သက်ပြီး ကုလဌာနေအဖွဲ့တွေဆီက အသေးစိတ်အချက်လက်တွေကို ဆက်လက်ရယူသွားဖို့ရှိ ကြောင်း ပြောသွားတာပါ။

အောက်တိုဘာလ ၁၈ ရက်နေ့ တနင်္လာနေ့ တုန်းကမြန်မာနိုင်ငံမှာ နိုင်ငံရေးအရအပြစ် ဒါဏ်ကျခံနေရသူ ၁,၃၁၆ ယောက်ကို ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သလို အမှုရင်ဆိုင်နေရဆဲ ဖမ်းဆီးထိန်းသိမ်းထားသူ ၄,၃၂၀ ကို အမှုတွေပိတ်သိမ်းပြီး ပြန်လွှတ်ပေး မယ်လို့ အာဏာသိမ်းစစ် ကောင်စီကကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ဖေါ်ဝါရီလ ၁ ရက်နေ့စစ်တပ်ကအာဏာသိမ်း ပြီးကတည်း ကနိုင်ငံရေးအရဖမ်းဆီးထားသူ ၈၀၀၀ ကျော်ရှိတယ်လို့ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG