သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ ဝင္ေငြလမ္းကို ပိတ္ဆို႔ဖို႔ ကုလအထူးကိုယ္စားလွယ္ ေတာင္းဆို


ဒါကာၿမိဳ႕မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနတဲ့ ကုလအထူးကိုယ္စားလွယ္ Tom Andrews. (ဒီဇင္ဘာ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာစစ္တပ္ သက္ဆိုးရွည္ေစမယ့္ ဝင္ေငြရလမ္းေတြကို ျဖတ္ေတာက္ၿပီး ျမန္မာစစ္အာဏာရွင္ကို ႏုိင္ငံတကာက ဖိအားေပးၾကဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းကို သီတင္းတပတ္ၾကာ သြားေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ Tom Andrews က တနဂၤေႏြေန႔ ဒါကာက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“ျမန္မာကို ႏုိင္ငံတကာ အသိုင္းအဝိုင္းက ဖိအားအေတာ္မ်ားမ်ား ေပးႏိုင္မယ္လို႔ က်ေနာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မင္းေအာင္လႈိင္က အေတာ္ႀကီးတဲ့ သူ႔စစ္တပ္အတြက္ သိပ္ႂကြားခ်င္တဲ့သူ ျဖစ္သလို တကယ္လည္း ႀကီးမားတဲ့ သူ႔စစ္တပ္ သက္ဆိုးရွည္ေစဖို႔ ေထာက္ပံ့ေငြ အေတာ္လိုတဲ့အတြက္ ဒီေငြဝင္လမ္းေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဆန္းစစ္ၿပီး ဒီစစ္အာဏာရွင္နဲ႔ ဆိုးဝါးတဲ့ သူ႔က်ဴးလြန္မႈေတြ ဆက္မလုပ္ႏိုင္ေအာင္ တားဆီးႏုိင္မယ္လို႔ထင္ေၾကာင္း” ေျပာသြားတာပါ။

ႏုိင္ငံတကာ အသိုင္းအဝိ္ုင္းအေနနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ပိုေကာင္းတဲ့ မိတ္ဘက္ျဖစ္ေအာင္လုပ္ၿပီး ႐ိုဟင္ဂ်ာျပႆနာ အေျဖရွာရာမွာ ျမန္မာစစ္တပ္ကို ဖိအားေပးဖို႔လည္း ပန္ၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ အစိုးရဟာ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေက်ာ္ေလာက္ကို လက္ခံထားရတာ ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဟာ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံမွာျဖစ္ေၾကာင္း ေျပာထားေပမယ့္ ခုထိေတာ့ မလုပ္ေဆာင္ႏိုင္ေသးပါဘူး။

ကုလကိုယ္စားလွယ္ Tom Andrews ဟာ ဒီဇင္ဘာလ ၁၃ ရက္ကေန ၁၉ ရက္ေန႔အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar က ဒုကၡသည္စခန္းေတြအျပင္ ႐ိုဟင္ဂ်ာ ၂၀,၀၀၀ ေလာက္ ေရာက္ေနၿပီျဖစ္တဲ့ ဘာဆန္ခ်ာကၽြန္းက ဒုကၡသည္စခန္းကိုပါ သြားေရာက္ၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

မြန်မာစစ်တပ် ဝင်ငွေလမ်းကို ပိတ်ဆို့ဖို့ ကုလအထူးကိုယ်စားလှယ် တောင်းဆို

မြန်မာစစ်တပ် သက်ဆိုးရှည်စေမယ့် ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ပြီး မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာက ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သီတင်းတပတ်ကြာ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews က တနင်္ဂနွေနေ့ ဒါကာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားအတော်များများ ပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်က အတော်ကြီးတဲ့ သူ့စစ်တပ်အတွက် သိပ်ကြွားချင်တဲ့သူ ဖြစ်သလို တကယ်လည်း ကြီးမားတဲ့ သူ့စစ်တပ် သက်ဆိုးရှည်စေဖို့ ထောက်ပံ့ငွေ အတော်လိုတဲ့အတွက် ဒီငွေဝင်လမ်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆန်းစစ်ပြီး ဒီစစ်အာဏာရှင်နဲ့ ဆိုးဝါးတဲ့ သူ့ကျူးလွန်မှုတွေ ဆက်မလုပ်နိုင်အောင် တားဆီးနိုင်မယ်လို့ထင်ကြောင်း” ပြောသွားတာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပိုကောင်းတဲ့ မိတ်ဘက်ဖြစ်အောင်လုပ်ပြီး ရိုဟင်ဂျာပြဿနာ အဖြေရှာရာမှာ မြန်မာစစ်တပ်ကို ဖိအားပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်လောက်ကို လက်ခံထားရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဟာ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမှာဖြစ်ကြောင်း ပြောထားပေမယ့် ခုထိတော့ မလုပ်ဆောင်နိုင်သေးပါဘူး။

ကုလကိုယ်စားလှယ် Tom Andrews ဟာ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ဒုက္ခသည်စခန်းတွေအပြင် ရိုဟင်ဂျာ ၂၀,၀၀၀ လောက် ရောက်နေပြီဖြစ်တဲ့ ဘာဆန်ချာကျွန်းက ဒုက္ခသည်စခန်းကိုပါ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG