သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ အငတ်ဘေးကြုံရမယ့်အရေး ကုလအထူးကိုယ်စားလှယ် သတိပေး

지난 2011년 9월 북한 황해남도 속사리에서 수해를 입은 옥수수밭.
지난 2011년 9월 북한 황해남도 속사리에서 수해를 입은 옥수수밭.

{{Zawgyi/Unicode}}

‌မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ် ၁၉ ကြောင့် ဆိုးဝါးတဲ့အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အကျဉ်းသားတွေမှာ အစာရေစာငတ်ပြတ်မှုကြုံရနိုင်ချေရှိတယ်လို့ မြောက်ကိုရီးယား လူ့အခွင့်ရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomás Ojea Quintana က သတိပေးလိုက်ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်ခင်ကတည်းက မြောက်ကိုရီးယားလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အစာရေစာ လုံလောက်မှုမရှိပဲ အဟာရချို့တဲ့နေကြသလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု လျော့နည်းနေတယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

၂၀၂၀ ကိုဗစ် ကပ်ရောဂါစဖြစ်ပွါးချိန်မှာ မြောက်ကိုရီးယားအစိုးရက သူ့နယ်စပ်ကိုပိတ်လိုက်ပြီး တင်းကြပ်စွာစောင့်ကြည့် စစ်ဆေးတဲ့အပြင် ဒေသတွင်းနဲ့ မြို့ရွာတွေအတွက် ခရီးသွားကန့်သတ်မှုတွေချလိုက်တာကြောင့် ပြည်သူတွေ အလုပ်လက်မဲံ့ဖြစ်ကုန်ပြီး ကုန်ပစ္စည်းတွေလည်း ပြတ်လပ်ကုန်တာပါ။ မြောက်ကိုရီးယားအစိုးရဟာ ကိုဗစ် ၁၉ မကူးစက်စေဖို့အတွက် နိုင်ငံတွင်း ဝင်ဖို့ ထွက်ဖို့ ကြိုးစားသူမှန်သမျှကို ပစ်သတ်ခိုင်းတာအပါအဝင် ပြင်းထန်တဲ့စည်းကမ်းတွေ ချခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို အထူးကိုယ်စားလှယ် Quintana သောကြာနေ့က တင်သွင်းတဲ့အစီရင်ခံစာထဲမှာတော့ မြောက်ကိုရီးယားနိုင်ငံ တချို့နေရာတွေမှာ ဆန်တို့ပြောင်းတို့လို အခြေခံစားကုန်တွေ ဈေးသိပ်ကြီးနေသလို တရုတ်ဘက်က တင်သွင်းတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေလည်း ပြတ်လပ်လုနီးဖြစ်နေတယ်လို့ ဖေါ်ပြထားပါတယ်။ အိမ်ခြေမဲ့လူဦးရေနဲ့ လမ်းဘေးကလေးငယ် ဦးရေတိုးလာနေပြီး စစ်မှုမထမ်းမနေရ အစီစဉ်ပြီးဆုံးပြီး အိမ်ပြန်ရောက်လာသူတွေ အတွက်လည်း အလုပ်မရှိ၊ ဝင်ငွေမရှိသလို ရှင်သန်ရပ်တည်ဖို့ အစာရေစာလည်း မရှိဘူးလို့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး အတွက် ကမ္ဘာလုံးဆိုင်ရာ Covax အဖွဲ့ထဲ မြောက်ကိုရီးယားအစိုးရက ဝင်ခဲ့ပေမယ့် တကယ်တမ်း ဆေးရရှိဖို့ ဆောင်ရွက်စရာ ရှိတာတွေကိုတော့ အပြည့်အဝ မလုပ်ခဲ့ဘူး လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

...............................

တိုက်ရိုက် လင့်ခ်

{{Unicode}}

XS
SM
MD
LG