သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမန္မာအက်ပ္အတည္း အခ်ိန္ မေႏွာင္းခင္ ေျဖရွင္းဖို႔ လူ႔အခြင္႔အေရး ကိုယ္စားလွယ္တိုက္တြန္း


ယခင္မွတ္တမ္းဓါတ္ပုံ

ျမန္မာအက်ပ္အတည္း အခ်ိန္ မေႏွာင္းခင္ ေျဖရွင္းဖို႔ လူ႔အခြင္႔အေရး ကိုယ္စားလွယ္တိုက္တြန္း

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက နည္းလမ္းသစ္နဲ႔ ထိေရာက္ေအာင္ ေဆာင္ရြက္ၾကဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကတိုက္တြန္းလိ္ုက္ပါတယ္။

“အခ်ိန္မေႏွာင္းခင္ ပိုမိုခိုင္မာအားေကာင္းတဲ့ အေရးယူ ေဆာင္ရြက္မႈ နည္းလမ္းသစ္တခုကို စဥ္းစားဖို႔ အေလးအနက္ တိုက္တြန္းလိုပါတယ္။” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္အျဖစ္ အဂၤါေန႔က ဗြီဒီယိုနဲ႔ သတင္းစကားပါးရာမွာ ေျပာဆိုလိုက္တာပါ။

စစ္အာဏာသိမ္းခဲ့တာ ၁ ႏွစ္ ျပည့္တဲ့ အခ်ိန္အထိ ကုလသမဂၢ လုံျခံဳေရးေကာင္စီက လက္နက္တင္ပို႔မႈ တားျမစ္ေရး ထိထိေရာက္ေရာက္ မလုပ္ႏိုင္တဲ့အတြက္ အျပစ္မဲ့ျပည္သူေတြ ေသေက်ေနရတယ္လို႔လည္း ေျပာပါတယ္။ ဒီအတြက္ ျမန္မာစစ္အာဏာပိုင္ေတြ လက္နက္၊ ေငြေၾကးနဲ႔ တရား၀င္မႈ မရေအာင္ ျဖတ္ေတာက္ႏိုင္ဖို႔ ႏိုင္ငံတကာက ဝိုင္း၀န္း ႀကိဳးပမ္းၾကဖို႔လည္း တိုက္တြန္းခဲ့တာပါ။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကလည္း ျမန္မာ့အေရး ေျဖရွင္းရာမွာ ႏိုင္ငံတကာက ထိထိေရာက္ေရာက္ ေဆာင္ရြက္ဖို႔ အဂၤါေန႔မွာပဲ တိုက္တြန္းလိုက္ပါတယ္။ ျမန္မာႏိုင္ငံကို စစ္လက္နက္ တင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔ အဖဲြ႕၀င္ႏိုင္ငံေတြကို ေတာင္းဆိုခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္ကို ၿပီးခဲ့တဲ့ႏွစ္ထဲ အေမရိကန္က ပူးတဲြအဆိုျပဳခဲ့တာလို ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမဲ့ လုံေလာက္မႈ မရွိေသးတာကိုလည္း ေထာက္ျပခဲ့တာပါ။

ျမန္မာျပည္သူေတြ ၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြ အဆုံးသတ္ေစဖို႔၊ လက္နက္တင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔၊ ႏိုင္ငံေရး အက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္ဖု႔ိနဲ႔ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ အထူးသျဖင့္ ကုလသမဂၢ လုံျခံဳေရးေကာင္စီက အခိုင္အမာ အေရးယူေဆာင္ရြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

မြန်မာအကျပ်အတည်း အချိန် မနှောင်းခင် ဖြေရှင်းဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက နည်းလမ်းသစ်နဲ့ ထိရောက်အောင် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတိုက်တွန်းလိုက်ပါတယ်။

“အချိန်မနှောင်းခင် ပိုမိုခိုင်မာအားကောင်းတဲ့ အရေးယူ ဆောင်ရွက်မှု နည်းလမ်းသစ်တခုကို စဉ်းစားဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က စစ်အာဏာသိမ်း ၁ နှစ်ပြည့်အဖြစ် အင်္ဂါနေ့က ဗွီဒီယိုနဲ့ သတင်းစကားပါးရာမှာ ပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းခဲ့တာ ၁ နှစ် ပြည့်တဲ့ အချိန်အထိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်နက်တင်ပို့မှု တားမြစ်ရေး ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေနေရတယ်လို့လည်း ပြောပါတယ်။ ဒီအတွက် မြန်မာစစ်အာဏာပိုင်တွေ လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှု မရအောင် ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အင်္ဂါနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်က ပူးတွဲအဆိုပြုခဲ့တာလို ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ လုံလောက်မှု မရှိသေးတာကိုလည်း ထောက်ပြခဲ့တာပါ။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆုံးသတ်စေဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖု့ိနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG