သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအၾကမ္းဖက္မႈရပ္ေအာင္ ဖိအားတိုးေပးဖို႔ လူ႔အခြင့္အေရးမဟာမင္းႀကီးတိုက္တြန္း


မီးေလာင္ေနတဲ့ ထန္တလန္ျမိဳ့ရဲ့ ေ၀ဟင္ျမင္ကြင္း (၂၉၊၁၁၊၂၀၂၁) (ဓာတ္ပံု- AFP)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက ျပည္သူေတြအေပၚ အၾကမ္းဖက္ေနတာေတြ ရပ္တန႔္ေအာင္ ဖိအား တိုးျမႇင့္ေပးဖို႔နဲ႔ ျမန္မာျပည္သူေတြရဲ႕ အသံေတြကို လ်စ္လ်ဴမရႈဖို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Michelle Bachelet က ႏိုင္ငံတကာအစိုးရေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

ျမန္မာစစ္တပ္ကိုလည္း ျပည္သူေတြအေပၚ အၾကမ္းဖက္ေနတာေတြရပ္ၿပီး အရပ္သားအုပ္ခ်ဳပ္ေရး ျပန္လႊဲေပးဖို႔ သူက ထပ္မံ တိုက္တြန္းပါတယ္။ စစ္တပ္ အာဏာသိမ္းခဲ့တာ တႏွစ္ရွိလာခ်ိန္မွာ ျမန္မာျပည္သူေတြဟာ လြတ္လပ္ခြင့္ေတြနဲ႔ အသက္ေတြ အမ်ားအျပား ေပးဆပ္ခဲ့ရၿပီးျဖစ္ၿပီး ဒီမိုကေရစီအတြက္ ဆက္လက္ တိုက္ပြဲဝင္ေနၾကရတုန္းပဲလို႔ ေျပာပါတယ္။ ဒီလို လူ႔အခြင့္ အေရးအတြက္ ႐ြတ္႐ြတ္ခြၽံခြၽံ တိုက္ပြဲဝင္ေနသူေတြနဲ႔ ဒီသီတင္းပတ္ထဲမွာပဲ သူ ေတြ႕ဆုံ စကားေျပာခဲ့တယ္လို႔လည္း ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ လူေပါင္း ၁,၅၀၀ ထက္မနည္း ေသဆုံးခဲ့ရၿပီး မတရား ဖမ္းဆီး ထိန္းသိမ္းခံရသူ ၁၁,၀၀၀ ေက်ာ္ရွိတာမွာ ၈,၀၀၀ ေက်ာ္က ဆက္လက္ ထိန္းသိမ္းခံထားရဆဲျဖစ္တယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီတပ္ဖြဲ႕ေတြရဲ႕ ဒီလို လူ႔အခြင့္အေရး ခ်ိဳေဖာက္မႈေတြကို ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ေန႔စဥ္ မွတ္တမ္းတင္ထား တယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြ ပိုမိုဆိုး႐ြားလာေနေပမဲ့ ဒါေတြရပ္တန႔္ေအာင္၊ ျမန္မာျပည္သူေတြအတြက္ လူသားစာနာမႈအကူအညီေတြ ျဖန႔္ေဝေပးႏိုင္ေအာင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီနဲ႔ အေရွ႕ ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) တို႔က ထိထိေရာက္ေရာက္နဲ႔ အေလးထားကိုင္တြယ္တာ မေတြ႕ရဘူးလို႔ မဟာမင္းႀကီး Bachelet က ေဝဖန္ပါတယ္။ လူ႔အခြင့္အေရးအေျခအေနေတြကိုၾကည့္ၿပီး ျပည္ပကုမၸဏီတခ်ိဳ႕ ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ေတြ ျပန္႐ုပ္သိမ္းတာကို ႀကိဳဆိုေၾကာင္းနဲ႔ ဒီလိုလုပ္ေဆာင္ျခင္းအားျဖင့္ ျမန္မာစစ္တပ္ ဝင္ေငြမရေအာင္ ထိေရာက္တဲ့ ဖိအား ေပးမႈျဖစ္ေစတယ္လို႔ ေျပာပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကောင်စီအကြမ်းဖက်မှုရပ်အောင် ဖိအားတိုးပေးဖို့ လူ့အခွင့်အရေးမဟာမင်းကြီးတိုက်တွန်း

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် ဖိအား တိုးမြှင့်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လျစ်လျူမရှုဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က နိုင်ငံတကာအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ကိုလည်း ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေရပ်ပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လွှဲပေးဖို့ သူက ထပ်မံ တိုက်တွန်းပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့တာ တနှစ်ရှိလာချိန်မှာ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်တွေနဲ့ အသက်တွေ အများအပြား ပေးဆပ်ခဲ့ရပြီးဖြစ်ပြီး ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်နေကြရတုန်းပဲလို့ ပြောပါတယ်။ ဒီလို လူ့အခွင့် အရေးအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေသူတွေနဲ့ ဒီသီတင်းပတ်ထဲမှာပဲ သူ တွေ့ဆုံ စကားပြောခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ လူပေါင်း ၁,၅၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး မတရား ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၁,၀၀၀ ကျော်ရှိတာမှာ ၈,၀၀၀ ကျော်က ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဒီလို လူ့အခွင့်အရေး ချိုဖောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက နေ့စဉ် မှတ်တမ်းတင်ထား တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေပေမဲ့ ဒါတွေရပ်တန့်အောင်၊ မြန်မာပြည်သူတွေအတွက် လူသားစာနာမှုအကူအညီတွေ ဖြန့်ဝေပေးနိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) တို့က ထိထိရောက်ရောက်နဲ့ အလေးထားကိုင်တွယ်တာ မတွေ့ရဘူးလို့ မဟာမင်းကြီး Bachelet က ဝေဖန်ပါတယ်။ လူ့အခွင့်အရေးအခြေအနေတွေကိုကြည့်ပြီး ပြည်ပကုမ္ပဏီတချို့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု တွေ ပြန်ရုပ်သိမ်းတာကို ကြိုဆိုကြောင်းနဲ့ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မြန်မာစစ်တပ် ဝင်ငွေမရအောင် ထိရောက်တဲ့ ဖိအား ပေးမှုဖြစ်စေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG