သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ပိုလန်နိုင်ငံ မြန်မာနဲ့ မြောက်ကိုရီးယားအရေး ဦးစားပေးမည်


 လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ပိုလန်နိုင်ငံသံအမတ် Joanna Wronecka
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ပိုလန်နိုင်ငံသံအမတ် Joanna Wronecka

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌအဖြစ် မေလမှာ စတင်တာဝန်ယူမယ့် ပိုလန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာ အခြေအနေတွေနဲ့ ကိုးရီးယားကျွန်းဆွယ် သံတမန်ဆက်ဆံရေး ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်လေ့လာစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အလွန် စိတ်မကောင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ ပိုလန်သံအမတ် Joanna Wronecka ကက မေလ ၃ ရက် နေ့မှာ ပြောပါတယ်။

“ မြန်မာအစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့တဲ့နေရာမှာ ကျမတို့ရဲ့ ထင်မြင်ချက်တွေကို ချပြခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း အစီအစဉ်တွေပြန်သုံးသပ်ဖို့နဲ့ဥပမာအားပြောရရင် အနာဂတ်မဟာဗျူဟာတွေချမှတ်ဖို့ဆိုတဲ့ အစီအစဉ်တွေ ရေးဆွဲတဲ့ကိစ္စမှာ သဘောတူညီကြဖို့လိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ လူတွေလည်း အတော် အတိဒုက္ခရောက်နေသလို သူတို့နဲ့ထိုက်တန်တာ တခုခုလုပ်ပေးဖို့ ကျမတို့အားလုံး တညီတညွတ်ထဲ ဆန္ဒရှိကြပါတယ်။ ကျမ မြင်တွေ့ခဲ့ရတာတွေအတွက် အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ် “ လို့ Joanna Wronecka ကပြောဆိုသွားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာရောက်ပြီး ရခိုင်မြောက်ပိုင်းအခြေအနေကို စုံစမ်းစစ်ဆေးခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

တောင်မြောက် ကိုးရီးယားထိပ်သီးတွေ့ဆုံပွဲကိုလည်း ပိုလန် သံအမတ် Joanna ကချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဥက္ကဌအဖြစ် ပိုလန်နိုင်ငံ နောက်ဆုံးတာဝန်ယူခဲ့တာ ၁၉၉၇ ခုနှစ်ကဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG