သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ အေရးယူအျပစ္ေပးပုံ ဥပေဒနဲ႔ မကိုက္ညီ (ကုလေျပာခြင့္ရ Dujarric)


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးထားသူ ၅ ေထာင္ေက်ာ္ရွိၿပီး၊ ရာနဲ႔ခ်ီတဲ့ လူေတြကိုလည္း တရား႐ုံး လုပ္ထုံးလုပ္နည္းနဲ႔ မညီပဲ အေရးယူ အျပစ္ေပးခဲ့ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။

“စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့အတြက္ ဖမ္းဆီးထားသူ ၅,၂၀၂ ေယာက္ ရွိခဲ့ၿပီး၊ ဒီအထဲက ၂၀၀ ေက်ာ္ဟာလည္း ေမးခြန္းထုတ္စရာ တရားေရး လုပ္ငန္းစဥ္ေအာက္မွာ လုပ္ထုံးလုပ္နည္းနဲ႔ မညီပဲ ဥပေဒအမ်ိဳးမ်ိဳးနဲ႔ ျပစ္ဒဏ္ေပးခံခဲ့ရပါတယ္။ ၂၆ ေယာက္ ေသဒဏ္ခ်မွတ္ခံရၿပီး၊ ဖမ္းဝရမ္း ထုတ္ထားတဲ့အတြက္ တိမ္းေရွာင္ေနရသူေပါင္း ၂ ေထာင္ေလာက္ ရွိေနပါတယ္။” လို႔ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ဒါဇင္နဲ႔ခ်ီတဲ့ သူေတြကိုလည္း မ်က္ကြယ္မွာပဲ ေသဒဏ္၊ တသက္တကြၽန္း၊ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ အျပစ္ေပးခံရတာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ စစ္အာဏာသိမ္းတာကို ဆန႔္က်င္လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး အာဏာပိုင္ေတြက ဖမ္းဆီးဖို႔ ဝရမ္းထုတ္ထားသူေတြထဲက ထင္ရွားေက်ာ္ၾကားသူ ၂၄ ေယာက္အေပၚ စြဲခ်က္ေတြကို ႐ုပ္သိမ္းလိုက္ေၾကာင္း စစ္တပ္ပိုင္ ႐ုပ္ျမင္သံၾကားက အဂၤါေန႔မွာပဲ ေၾကညာခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းလိုက္တာကို ဆန႔္က်င္တဲ့ လုပ္ရွားမႈေတြကို အာဏာပိုင္ေတြ ႏွိမ္နင္းရာက ႏိုင္ငံေရးသမားေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြ သာမက သတင္းသမားေတြ၊ အႏုပညာရွင္ေတြ၊ ဆရာဝန္ေတြ၊ ေက်ာင္းဆရာ၊ ဆရာမေတြကိုလည္း ဖမ္းဆီးအေရးယူခဲ့တာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူ သတင္းသမား ၉၃ ေယာက္ထက္မနည္း ရွိခဲ့ၿပီး ၅၄ ေယာက္ဟာလည္း ဆက္လက္ ဖမ္းဆီးခံထားရဆဲ ျဖစ္ေၾကာင္း ကုလသမဂၢက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ သတင္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူ ၅ ထောင်ကျော်ရှိပြီး၊ ရာနဲ့ချီတဲ့ လူတွေကိုလည်း တရားရုံး လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ အရေးယူ အပြစ်ပေးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထားသူ ၅,၂၀၂ ယောက် ရှိခဲ့ပြီး၊ ဒီအထဲက ၂၀၀ ကျော်ဟာလည်း မေးခွန်းထုတ်စရာ တရားရေး လုပ်ငန်းစဉ်အောက်မှာ လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ ဥပဒေအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ ၂၆ ယောက် သေဒဏ်ချမှတ်ခံရပြီး၊ ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် တိမ်းရှောင်နေရသူပေါင်း ၂ ထောင်လောက် ရှိနေပါတယ်။” လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒါဇင်နဲ့ချီတဲ့ သူတွေကိုလည်း မျက်ကွယ်မှာပဲ သေဒဏ်၊ တသက်တကျွန်း၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အပြစ်ပေးခံရတာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားသူတွေထဲက ထင်ရှားကျော်ကြားသူ ၂၄ ယောက်အပေါ် စွဲချက်တွေကို ရုပ်သိမ်းလိုက်ကြောင်း စစ်တပ်ပိုင် ရုပ်မြင်သံကြားက အင်္ဂါနေ့မှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သာမက သတင်းသမားတွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ သတင်းသမား ၉၃ ယောက်ထက်မနည်း ရှိခဲ့ပြီး ၅၄ ယောက်ဟာလည်း ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG