သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် လူထောင်ချီ အိုးအိမ်စွန့်ခွာရဟု ကုလသတိပေး


Myanmar Ethnic Wars
Myanmar Ethnic Wars

မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ကိုထွက်ပြေးတဲ့ ရာပေါင်းများစွာသောလူတွေအပါအဝင် လူတွေထောင်ချီပြီး အိုးအိမ်စွန့်ခွါထွက်ပြေးကြရမှာကို စိုးရိမ်ရကြောင်း ကုလသမဂ္ဂက တနင်္လာနေ့ က ပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့အထိ လူပေါင်း ၆,၂၀၀ ကျော် အိုးအိမ်စွန့်ခွါ စစ်ရှောင်ကြရပြီးဖြစ်တယ်လို့ လူသားချင်းစာနာထောက်မှုရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ရာမှာ ပြောထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံထဲကို လုံခြုံရေးအတွက် ထွက်ပြေးသွားကြရသူ ရာချီရှိတယ်လို့လည်း ကုလကြေညာချက်က ဆိုပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ဒါ့ထက်ပိုပြီး လူတွေ အိုးပစ်အိမ်ပစ် စစ်ရှောင်ကြရဦးမယ်လို့ ကုလသမဂ္ဂက မျှော်လင့်ထားပါတယ်။ တိုက်ပွဲတွေကို မျက်ခြည်မပြတ်ကြည့်နေပြီး ပါဝင်နေကြတဲ့ဘက်အားလုံးက အခြေအနေ ပို ဆိုးမသွားအောင် ကာကွယ်ကြဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သောကြာနေ့က ပြောခဲ့ပါတယ်။ ၂၇ ရက်နေ့ ကစပြီး တိုက်ပွဲဖြစ်နေခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသဟာ တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်း အခြေခံ အဆောက်အအုံဆိုင်ရာ စီမံချက်တွေရှိတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

ရွေးကောက်တင်မြှောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးကတည်းက စစ်ရှောင်နေကြရသူပေါင်း ၁.၆ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG