သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသွား


ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်စဉ်က (July 21, 2017)
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်စဉ်က (July 21, 2017)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Taknaf မှာရှိတဲ့ ဒုက္ခသည်စခန်းတခုကို သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို စပြီး ပြန်ပို့ဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက စီစဉ်နေချိန်မှာပဲ ရိုဟင်ဂျာခေါင်းဆောင်ပိုင်းကလည်း သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြနေကြပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းပေးဖို့အပြင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားမှုု ရုပ်သိမ်းမယ့်အကြောင်း အများပြည်သူသိအောင်ကြေညာပေးဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အိမ်တွေ၊ ဗလီတွေနဲ့ ကျောင်းတွေကို ပိုင်ဆိုင်သူတွေလက်ထဲ ပြန်ပေးပြီး ပြန်ဆောက်ခွင့်ပြုဖို့ အချက်လည်း ပါပါတယ်။

ဗုဒ္ဓဟူးနေ့က Dhaka ကို ရောက်လာတဲ့ ပါမောက္ခ ယန်ဟီးလီဟာ သောကြာနေ့မှာ Cox’s Bazar ကို သွားရောက်ခဲ့ပြီး စနေနေ့မှာတော့ Teknaf မှာ ရိုဟင်ဂျာ ၂၀ နဲ့ တွေ့ဆုံမေးမြန်းပါတယ်။

မြန်မာနိုင်ငံကို ဒီလထဲမှာ သွားရောက်ရမှာဖြစ်ပေမယ့် မြန်မာအစိုးရက အဝင်မခံတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ပါမောက္ခ ယန်ဟီးလီဟာ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြသူပေါင်းက ၆ သိန်းခွဲကျော် ရှိနေတာပါ။ သူတို့ကို ၂ နှစ်အတွင်း ပြန်ပို့ဖို့ နှစ်နိုင်ငံ အစိုးရတွေကြား သဘောတူညီမှု ရထားပါတယ်။

Yanghee Lee ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသွား
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG