သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှု နိုင်ငံတကာ ပြင်းထန်စွာရှုတ်ချ


မောင်တောမြို့အတွင်းအကြမ်းဖက်မှုကြောင့် မီးလောင်မှုဖြစ်ပွားနေစဉ် (Myanmar State Counsellor Office)
မောင်တောမြို့အတွင်းအကြမ်းဖက်မှုကြောင့် မီးလောင်မှုဖြစ်ပွားနေစဉ် (Myanmar State Counsellor Office)

မြန်မာနိုင်ငံဖက်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို Bangladesh နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က Bangladesh အာဏာပိုင်တွေကို ပန်ကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လုံခြုံရေးဆောင်ရွက်မှုတွေအတွင်း အရပ်သားတွေ အသတ်ခံနေရတယ်ဆိုတဲ့ သတင်းတွေအပေါ် အတွင်းရေးမှူးချုပ်အနေနဲ့ အင်မတန်စိုးရိမ်တယ်လို့ အတွင်းရေးမှူးချုပ်ပြောခွင့်ရသူ Stéphane Dujarric က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သြဂုတ် လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်းတွေအပေါ် တိုက်ခိုက်ခဲ့မှုတွေအပေါ်လည်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်နေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အရေးကြီးကြောင်းနဲ့ လုံခြုံရေးအကာအကွယ်နဲ့ ကူညီထောက်ပံ့မှုလိုအပ်နေသူတွေကို အကူအညီပေးဖု့ိ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီး ပြောကြားထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထဲက အကြံပြုချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ အပြည့်အဝထောက်ခံကြေင်းနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့ Australia သံရုံးကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက အစိုးရလုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကြောညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်မှုဟာ ရခိုင်ပြည်နယ်ရင်ဆိုင်နေရတဲ့ လူ့အခွင်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ပိုပြီးဆိုးဝါးစေတယ်လို့ Australia သံရုံးက ထုတ်ပြန်ပါတယ်။တရားဥပဒေစိုးမိုးရေးကို လေးစားဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်းတိုက်တွန်းထားပါတယ်။ လူမှုအသိုင်းအဝန်းအားလုံးက ပြည်သူတွေ အကာအကွယ်ရနိုင်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မျှတဖို့အရေးကြီးတယ်လို့လည်း ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ မြန်မာအစိုးရပြောကြားခဲ့တဲ့အပေါ် Australia နိုင်ငံအနေနဲ့ ကြိုဆိုကြောင်းလည်း ရန်ကုန်မြို့ Australia သံရုံးထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်နေတဲ့အပေါ် India အစိုးရကလည်း စိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။ တိုက်ခိုက်သူတွေကို အပြင်းထန်ဆုံး ရှုတ်ချပြီး၊ ပြစ်မှုကျူးလွန် တိုက်ခိုက်သူတွေကို တရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာအစိုးရအပေါ် အခိုင်အမာထောက်ခံကြောင်း India နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှု နိုင်ငံတကာပြင်းထန်စွာ ရှုံ့ချ
please wait

No media source currently available

0:00 0:04:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG