သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေအကာအကွယ်ပေးဖို့ ကုလတိုက်တွန်း


ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

ရခိုင်ပဋိပက္ခအတွင်း ကူညီရေးလုပ်သားတွေအပါအဝင် အရပ်သားတွေကို နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေနဲ့အညီ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်။ စစ်မက်ဖြစ်ပွားမှုတွေ ရပ်ဆိုင်းပြီး ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

မင်းပြားမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ မင်းပြားမြို့နယ်တွင်း မွတ်ဆလင်ကျေးရွာတခုကို မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း မူလကတည်းကရှိပြီးသား ခွဲခြားဆက်ဆံမှုတွေနဲ့ အားနည်းတဲ့လူမှုအသိုက်အဝန်းဟာ အခု ပဋိပက္ခကြောင့် ပိုပြီး အခြေအနေဆိုးလာစေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လူမှုအသိုင်းအဝိုင်းကြား တင်းမာမှုတွေတိုးမလာအောင် သက်ဆိုင်သူအားလုံးကာကွယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် လူငယ်တွေကို အတင်းအကြပ်စစ်ထဲသွတ်သွင်းမှုနဲ့ပတ်သက်လို့လည်း ကုလ အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဖော်ပြပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်ခံတဲ့ငြိမ်းချမ်းရေးရဖို့အတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေ၊ ဘက်ပေါင်းစုံကအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေအကာအကွယ်ပေးဖို့ ကုလတိုက်တွန်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG