သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်တွန်းအားပေးမှု ယူကရိန်းသမ္မတမေးခွန်းထုတ်

ကုလသမဂ္ဂမှာကျင်းပတဲ့ ယူကရိန်းနိုင်ငံ ပြန်လည်နလံထူရေးနဲ့ပြန်လည်ထူထောင်ရေးဆွေးနွေးပွဲ တခုမှာ ယူကရိန်းသမ္မတ Zelenskiy စကားပြောနေစဥ်။ (စက်တင်ဘာ ၂၅၊ ၂၀၂၄)
ကုလသမဂ္ဂမှာကျင်းပတဲ့ ယူကရိန်းနိုင်ငံ ပြန်လည်နလံထူရေးနဲ့ပြန်လည်ထူထောင်ရေးဆွေးနွေးပွဲ တခုမှာ ယူကရိန်းသမ္မတ Zelenskiy စကားပြောနေစဥ်။ (စက်တင်ဘာ ၂၅၊ ၂၀၂၄)

ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်နဲ့ဘရာဇီးလ်တို့ပြောတာကို မေးခွန်းထုတ်လိုက်ပြီး တခြားနိုင်ငံတွေကသတ်မှတ်ပေးတဲ့ သဘောတူညီချက်တွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇယ်လင်န်စကီးက ပြောလိုက်ပါတယ်။

ကုလအထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က မစ္စတာ ဇယ်လန်စကီးက ပြောခဲ့တာပါ။ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက တဖက်သတ် မသိမ်းမီရှိခဲ့တဲ့ နိုင်ငံတကာနယ်နိမိတ်အတိုင်း သဘောတူညီကြဖို့ ယူကရိန်းသမ္မတက တောင်းဆိုလိုက်ပါတယ်။ တခြားနိုင်ငံတွေအပေါ် လုပ်သလိုပဲ နယ်မြေတည်တံ့ရေးနဲ့ အချုပ်အခြာအာဏာ ခိုင်မြဲရေးဖြစ်တဲ့ ယူကရိန်းရဲ့ အခွင့်အရေးကိုလေးစားပြီး ကုလသမဂ္ဂ ပဋိညာဥ်ကို အမြင့်မားဆုံးစွဲကိုင်ရမှာဖြစ်တယ်လို့ မစ္စတာဇယ်လန်စကီးက ဆိုပါတယ်။ ရုရှားသမ္မတပူတင်ဟာ သူ့သဘောနဲ့သူ ရန်လိုနေတာ ရပ်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရဖို့အတွက် အင်နဲ့အားနဲ့ပဲ ဆောင်ရွက်နိုင်မှဖြစ်မယ်လို့ မစ္စတာဇယ်လင်န်စကီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့တရက်က ပြောခဲ့ပါသေးတယ်။

မစ္စတာ ဇယ်လင်န်စကီးက ရုရှားကို အင်အားသုံးငြိမ်းချမ်း‌ရေး သဘောတူညီချက်ရအောင် တကမ္ဘာလုံးအားနဲ့ဆောင်ရွက်ဖို့ တောင်းဆိုတာဟာ အန္တရာယ်များလှတဲ့အမှားဖြစ်ပါတယ်လို့ ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကတော့ ဝေဖန်ပါတယ်။

ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်တွန်းအားပေးမှု ယူကရိန်းသမ္မတမေးခွန်းထုတ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG