သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကုလဆံုးျဖတ္ခ်က္ ျမန္မာဘက္က အျပင္းအထန္ကန္႔ကြက္


ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း(ႏိုဝင္ဘာလ ၁၈၊၂ဝ၂ဝ)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေတြကို ဆန္႔က်င္ရႈတ္ခ်ထားတဲ့ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ၊ တတိယေကာ္မတီ ဆံုးျဖတ္ခ်က္ကို ျမန္မာဖက္က ျပင္းျပင္းထန္ထန္ျပန္ကန္႔ကြက္လိုက္ပါတယ္။

ဒီႏွစ္ေအာက္တိုဘာလထဲမွာ တင္သြင္းထားၿပီး ရိုဟင္ဂ်ာေတြအပါအဝင္ ရခိုင္၊ ခ်င္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြထဲက လူနည္းစုေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေတြအတြက္ ကန္႔ကြက္ထားၿပီးေတာ့ အထူးစိုးရိမ္ေနေၾကာင္းလည္း ေဖာ္ျပထားတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို ႏိုဝင္ဘာလ ၁၈ ရက္၊ ဗုဒၶဟူးေန႔က နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢ႐ံုးခ်ဳပ္မွာ မဲခြဲဆံုးျဖတ္ခဲ့တာပါ။ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုသံုးစြဲတာကို ျမန္မာအစိုးရကေတာ့ လက္ခံမထားပါဘူး။

မဲခြဲဆံုးျဖတ္တာမွာ ႏိုင္ငံေပါင္း ၁၃၁ ႏိုင္ငံက ဆံုးျဖတ္ခ်က္မူၾကမ္းကို ေထာက္ခံခဲ့ၿပီး ျမန္မာနဲ႔အတူ တ႐ုတ္နဲ႔ ႐ုရွားတို႔အပါအဝင္ ၉ ႏုိင္ငံက ကန္႔ကြက္မဲေပးခဲ့ပါတယ္။ ေတာင္ကိုရီးယား၊ အိႏိၵယနဲ႔ ထိုင္းအပါအဝင္ ၃၁ ႏုိင္ငံကေတာ့ မဲမေပးဘဲ ၾကားေနခဲ့ပါတယ္။

အိုအုိင္စီနဲ႔ အီးယူတို႔က ပူးတြဲတင္သြင္းခဲ့တဲ့ ဒီမူၾကမ္းဟာ ႏိုင္ငံေရးအရ ျမန္မာအေပၚ ဖိအားေပးမူျဖစ္တာမို႔ ျပတ္ျပတ္သားသား ကန္႔ကြက္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာခဲ့ၿပီး ဆံုးျဖတ္ခ်က္မူၾကမ္းကို မဲခြဲဆံုးျဖတ္ဖို႔ ေတာင္းဆိုခဲ့တာပါ။

ဒီဆံုးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္အေရးေျပာင္းလဲေနတဲ့စိန္ေခၚမူေတြနဲ႔ ARSA မြတ္ဆလင္လက္နက္ကိုင္အဖြဲ႔နဲ႔ AA ရခုိင္လက္နက္ကိုင္အဖြဲ႔ေတြရဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနမူေတြကိုေတာ့ ထည့္သြင္းမထားဖူးလို႔လည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တံု႔ျပန္ေျပာဆိုခဲ့ပါတယ္။

ဒီဆံုးျဖတ္ခ်က္မူၾကမ္းကို အေမရိကန္ႏိုင္ငံကလည္း ပူးတြဲတင္သြင္းခဲ့တာျဖစ္ၿပီး ဆံုးျဖတ္ခ်က္ထဲမွာပါရွိတဲ့ တရားမ ွ်တမႈနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈရွိေစေရး လုပ္ေဆာင္ဖို႔ ျမန္မာအစိုးရကို ေတာင္းဆိုထားတဲ့အေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အခုိင္အမာေထာက္ခံတယ္လို႔ ကုလသမဂၢဆိုင္ရာ၊ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔က စီးပြားေရးနဲ႔ လူမႈေရးဆိုင္ရာေကာင္စစ္ဝန္ Jason Mack ရဲ႕ မေန႔ကရက္စြဲနဲ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

......................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}


မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မူတွေကို ဆန့်ကျင်ရှုတ်ချထားတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ဆုံးဖြတ်ချက်ကို မြန်မာဖက်က ပြင်းပြင်းထန်ထန်ပြန်ကန့်ကွက်လိုက်ပါတယ်။

ဒီနှစ်အောက်တိုဘာလထဲမှာ တင်သွင်းထားပြီး ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲက လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မူတွေအတွက် ကန့်ကွက်ထားပြီးတော့ အထူးစိုးရိမ်နေကြောင်းလည်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးစွဲတာကို မြန်မာအစိုးရကတော့ လက်ခံမထားပါဘူး။

မဲခွဲဆုံးဖြတ်တာမှာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခဲ့ပြီး မြန်မာနဲ့အတူ တရုတ်နဲ့ ရုရှားတို့အပါအဝင် ၉ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပါတယ်။ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်းအပါအဝင် ၃၁ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

အိုအိုင်စီနဲ့ အီးယူတို့က ပူးတွဲတင်သွင်းခဲ့တဲ့ ဒီမူကြမ်းဟာ နိုင်ငံရေးအရ မြန်မာအပေါ် ဖိအားပေးမူဖြစ်တာမို့ ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးပြောင်းလဲနေတဲ့စိန်ခေါ်မူတွေနဲ့ ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမူတွေကိုတော့ ထည့်သွင်းမထားဖူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နိုင်ငံကလည်း ပူးတွဲတင်သွင်းခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ထဲမှာပါရှိတဲ့ တရားမ ျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အခိုင်အမာထောက်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာကောင်စစ်ဝန် Jason Mack ရဲ့ မနေ့ကရက်စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG