သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ဒုကၡသည္ေတြေရႊ႕ေျပာင္းအေျခခ်မႈအစီအစဥ္ ႏွစ္ေပါင္း ၂၀ အတြင္း အနည္းဆုံးျဖစ္


ၿဗိတိန္ႏိုင္ငံသို႔ ျပန္လည္ေနရာခ်ထားေရးအစီအစဥ္ျဖင့္ ေရာက္လာေသာ ဒုကၡသည္မ်ား

(Zawgyi/Unicode)
ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဒဏ္ ခံေနရတာဟာ ဒီႏွစ္ ၂၀၂၀ ထဲ
ဒုကၡသည္ေတြအတြက္ ျပန္လည္ေနရာခ်ထားေရး လုပ္ေဆာင္မႈကို အႏွစ္ ၂၀ ေလာက္အတြင္းမွာ အနည္းဆံုး ျဖစ္သြားေစသလို ဒုကၡသည္ေတြ အတြက္ အကာကြယ္ေပးေရးကိုပါ ထိခိုက္ေစတယ္လုိ႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔ (UNHCR) က ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။

UNHCR က ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ ဒီႏွစ္ ဇန္နဝါရီလကေန စက္တင္ဘာလကုန္ အတြင္း ျပန္လည္ေနရာခ်ထားေပးတဲ့ ဒုကၡသည္က တေသာင္းခြဲေက်ာ္ (၁၅,၄၂၅) ပဲရွိ တာပါ။ မႏွစ္က ေတာ့ ၅ ေသာင္းေက်ာ္ ရွိခဲ့ပါတယ္။ ဒုကၡသည္ ျပန္လက္ခံမႈ အနည္းဆံုး ႏွစ္က ၂၀၀၃ ခုႏွစ္ကျဖစ္ၿပီး အဲဒီအခ်ိန္က ျပန္လည္ေနရာခ်ထားေပးခဲ့သူက ၂ ေသာင္း ၇ ေထာင္ေက်ာ္ (၂၇,၃၃၈ ) ပဲရွိၿပီး အနည္းဆံုး စံခ်ိန္တင္ထားတာ ျဖစ္ပါတယ္။ ဒုကၡသည္ ျပန္လည္ ေနရာခ်ထားေပးေရး ဟာ ၂၀၀၇ ခုႏွစ္ကစၿပီး ၅ ေသာင္းဝန္းက်င္မွာ အၿမဲရွိခဲ့တာျဖစ္ပါတယ္။

ဒုကၡသည္ ေနရာခ်ထားေရးဆိုင္ရာ အစီအစဥ္ေတြဟာ COVID-19 ေၾကာင့္ ေႏွာင့္ေႏွး ၾကန္႔ၾကာမႈေတြ နဲ႔တခ်ိဳ႕ ႏိုင္ငံေတြက ခဏရပ္ဆိုင္းမႈေတြ ႀကံဳေနရတယ္လို႔ ဒုကၡသည္ အကာကြယ္ေပးေရးဆိုင္ရာ UNHCR လက္ေထာက္အႀကီးအကဲ Gillian Triggs ကေျပာပါတယ္။

ေရြ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာ ကုလသမဂၢအဖြဲ႔ IOM နဲ႔ အီးယူ ဥေရာပသမဂၢ တို႔ရဲ့ အြန္လိုင္း အစည္းအေဝးမွာေတာ့ - ခိုလႈံသူေတြေရာ အိမ္ရွင္ ႏုိင္ငံအတြက္ပါ လံုၿခံဳေရးနဲ႔ အဆင္ေျပေရးဟာ အေရးႀကီးေၾကာင္း IOM အႀကီးအကဲကေျပာပါတယ္။

ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen ကေတာ့ အီးယူရဲ့ ေရႊ႕ေျပာင္းေနထိုင္သူေတြနဲ႔ ခိုလႈံခြင့္ ေတာင္းခံသူေတြနဲ႔ ပတ္သက္ၿပီး အရင္နဲ႔မတူတဲ့ သေဘာတူညီခ်က္ အသစ္ ခ်မွတ္ထားေၾကာင္း ေျပာပါတယ္။

“ေဒသတြင္းမွာ ကာကြယ္ေရး ဆိုင္ရာ စံနစ္ေတြ အလုပ္္မလုပ္ေတာ့တဲ့ အတြက္ ေရႊ႕ေျပာင္း ေနထိုင္သူေတြ အေရး ေျဖရွင္းမႈကို အစက ျပန္စရမွာ ျဖစ္ၿပီး
သူတုိ႔နဲ႔ ပတ္သက္တဲ့ ေျဖရွင္းမႈတိုင္းဟာ အားလံုးျပည့္စံုတယ္ဆိုတာ ရွိမွာ မဟုတ္ေၾကာင္း” ေျပာသြားတာပါ။

UNHCR ရဲ့ ဇြန္လမွာ ထုတ္ျပန္တဲ့ ခန္႔မွန္း ခ်က္အရ ႏိုင္ငံေပါင္း ၆၂ ႏိုင္ငံမွာ ေရာက္ေနတဲ့ ဒုကၡသည္ ၁.၄ သန္းေက်ာ္ဟာ လာမယ့္ႏွစ္ထဲ တတိယႏိုင္ငံေတြမွာ ေျပာင္းေရႊ႕အေျခခ်ေပးဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ကိုဗစ်ကြောင့် ဒုက္ခသည်တွေရွှေ့ပြောင်းအခြေချမှုအစီအစဉ် နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံးဖြစ်

(Unicode)
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံနေရတာဟာဒီနှစ် ၂၀၂၀ ထဲ
ဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေး လုပ်ဆောင်မှုကို အနှစ် ၂၀ လောက်အတွင်းမှာ အနည်းဆုံး ဖြစ်သွားစေသလို ဒုက္ခသည်တွေ အတွက် အကာကွယ်ပေးရေးကိုပါ ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ (UNHCR) က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

UNHCR က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန် အတွင်း ပြန်လည်နေရာချထားပေးတဲ့ ဒုက္ခသည်က တသောင်းခွဲကျော် (၁၅,၄၂၅) ပဲရှိ တာပါ။ မနှစ်က တော့ ၅ သောင်းကျော် ရှိခဲ့ပါတယ်။ ဒုက္ခသည် ပြန်လက်ခံမှု အနည်းဆုံး နှစ်က ၂၀၀၃ ခုနှစ်ကဖြစ်ပြီး အဲဒီအချိန်က ပြန်လည်နေရာချထားပေးခဲ့သူက၂ သောင်း ၇ ထောင်ကျော် (၂၇,၃၃၈ ) ပဲရှိပြီး အနည်းဆုံး စံချိန်တင်ထားတာ ဖြစ်ပါတယ်။ ဒုက္ခသည် ပြန်လည် နေရာချထားပေးရေး ဟာ ၂၀၀၇ ခုနှစ်ကစပြီး ၅ သောင်းဝန်းကျင်မှာ အမြဲရှိခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည် နေရာချထားရေးဆိုင်ရာ အစီအစဉ်တွေဟာ COVID-19 ကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ နဲ့တချို့ နိုင်ငံတွေက ခဏရပ်ဆိုင်းမှုတွေ ကြုံနေရတယ်လို့ ဒုက္ခသည် အကာကွယ်ပေးရေးဆိုင်ရာ UNHCR လက်ထောက်အကြီးအကဲ Gillian Triggs ကပြောပါတယ်။

ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ IOM နဲ့ အီးယူ ဥရောပသမဂ္ဂ တို့ရဲ့ အွန်လိုင်း အစည်းအဝေးမှာတော့- ခိုလှုံသူတွေရော အိမ်ရှင် နိုင်ငံအတွက်ပါ လုံခြုံရေးနဲ့ အဆင်ပြေရေးဟာ အရေးကြီးကြောင်း IOMအကြီးအကဲကပြောပါတယ်။

ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ကတော့ အီးယူရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေနဲ့ ပတ်သက်ပြီး အရင်နဲ့မတူတဲ့သဘောတူညီချက် အသစ် ချမှတ်ထားကြောင်း ပြောပါတယ်။

“ဒေသတွင်းမှာ ကာကွယ်ရေး ဆိုင်ရာ စံနစ်တွေ အလုပ်မလုပ်တော့တဲ့ အတွက် ရွှေ့ပြောင်း နေထိုင်သူတွေ အရေး ဖြေရှင်းမှုကို အစက ပြန်စရမှာ ဖြစ်ပြီး
သူတို့နဲ့ ပတ်သက်တဲ့ ဖြေရှင်းမှုတိုင်းဟာ အားလုံးပြည့်စုံတယ်ဆိုတာ ရှိမှာ မဟုတ်ကြောင်း” ပြောသွားတာပါ။

UNHCR ရဲ့ ဇွန်လမှာ ထုတ်ပြန်တဲ့ ခန့်မှန်း ချက်အရ နိုင်ငံပေါင်း ၆၂ နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည် ၁.၄ သန်းကျော်ဟာ လာမယ့်နှစ်ထဲ တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့အခြေချပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG