သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ သိန္းနဲ႔ခ်ီတဲ့ ျပည္တြင္းဒုကၡသည္ေတြ အေရးေပၚ အကူအညီလို (OCHA)


ေတာထဲတြင္ ထြက္ေျပးခိုလံႈေနၾကရသည့္ မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD)

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ မၾကာေသးခင္က မိုးႀကီးေရလွ်ံမႈေတြေၾကာင့္ သိန္းခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရၿပီး အကူအညီေတြ လိုအပ္ေနေၾကာင္း ကုလသမဂၢက ေျပာပါတယ္။

စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ PDF အဖဲြ႕ေတြၾကား တိုက္ပဲြေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္း လူေပါင္းေထာင္ခ်ီ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရသလို၊ ခ်င္းျပည္နယ္ မင္းတပ္တဝိုက္မွာလည္း ေဒသခံ ၁၆,၇၀၀ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈ အကူအညီေပးေရးဆိုင္ရာ ညႇိႏိႈင္းေရးမွဴး႐ုံး UNOCHA က ေသာၾကာေန႔မွာ သတင္းထုတ္ျပန္လိုက္တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ပဋိပကၡေတြေၾကာင့္ ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း ကရင္နဲ႔ ကယားျပည္နယ္ေတြမွာလည္း လူေပါင္း ၁၄၁,၀၀၀ ေက်ာ္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတယ္လို႔ ေျပာပါတယ္။ ရွမ္းျပည္နယ္ထဲက ၿမိဳ႕နယ္ ၁၅ ခုမွာ ၂၀၂၁ ခုႏွွစ္ဆန္းပိုင္းကစ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ရသူ ၂၆,၀၀၀ ေက်ာ္ရွိခဲ့ၿပီး၊ အခုအခ်ိန္အထိ ေနရပ္မျပန္ႏိုင္ေသးသူ ၆,၄၀၀ ေလာက္ရွိေနတယ္လို႔ ေဖၚျပထားပါတယ္။

ျပည္တြင္းဒုကၡသည္ စခန္းေတြနဲ႔ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္ေတြက စစ္ေရွာင္ဒုကၡသည္ေတြ စားနပ္ရိကၡာ ျပတ္လပ္တဲ့ သတင္းေတြအတြက္ စိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။

ဇူလိုင္လလည္ကစၿပီး မုတ္သုုန္မိုးသည္းထန္ၿပီး ေရႀကီးေရလွ်ံမႈေၾကာင့္ ကခ်င္၊ ကရင္၊ မြန္၊ ရခိုင္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းနဲ႔ မႏၲေလး၊ တနသၤာရီတိုင္းေတြက လူေပါင္း ၁၂၅ ၀၀၀ ေလာက္ ေရေဘးဒဏ္ခံခဲ့ရၿပီး လူေသဆံုးမႈနဲ႔ အတူ အိမ္ေတြ စိုက္ခင္းေတြ ပ်က္စီးခဲ့ရတယ္လို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ အကူအညီအတြက္ ေတာင္းခံထားတဲ့ အေမရိကန္ေဒၚလာ ၂၇၆ သန္းခဲြမွာ ၄၅ % ရရွိထားၿပီး ယာယီအေရးေပၚတုန္႔ျပန္ေရးအစီအစဥ္အတြက္ သတ္မွတ္ထားတဲ့ ေဒၚလာ ၁၀၉ သန္းအတြက္ ၁၀ % ေလာက္သာ ရရွိေသးတယ္လို႔လည္း UNOCHA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

==============================

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မြန်မာနိုင်ငံမှာ သိန်းနဲ့ချီတဲ့ ပြည်တွင်းဒုက္ခသည်တွေ အရေးပေါ် အကူအညီလို (OCHA)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မကြာသေးခင်က မိုးကြီးရေလျှံမှုတွေကြောင့် သိန်းချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း လူပေါင်းထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို၊ ချင်းပြည်နယ် မင်းတပ်တဝိုက်မှာလည်း ဒေသခံ ၁၆,၇၀၀ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က သောကြာနေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်နဲ့ ကယားပြည်နယ်တွေမှာလည်း လူပေါင်း ၁၄၁,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်ထဲက မြို့နယ် ၁၅ ခုမှာ ၂၀၂၁ ခုနှစ်ဆန်းပိုင်းကစ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၂၆,၀၀၀ ကျော်ရှိခဲ့ပြီး၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးသူ ၆,၄၀၀ လောက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ပြည်တွင်းဒုက္ခသည် စခန်းတွေနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေက စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်တဲ့ သတင်းတွေအတွက် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ဇူလိုင်လလည်ကစပြီး မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မန္တလေး၊ တနင်္သာရီတိုင်းတွေက လူပေါင်း ၁၂၅ ၀၀၀ လောက် ရေဘေးဒဏ်ခံခဲ့ရပြီး လူသေဆုံးမှုနဲ့ အတူ အိမ်တွေ စိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီအတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၆ သန်းခွဲမှာ ၄၅ % ရရှိထားပြီး ယာယီအရေးပေါ်တုန့်ပြန်ရေးအစီအစဉ်အတွက် သတ်မှတ်ထားတဲ့ ဒေါ်လာ ၁၀၉ သန်းအတွက် ၁၀ % လောက်သာ ရရှိသေးတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG