သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာ႐ိုင္းပစၥည္းေမွာင္ခိုမႈ ပိုမိုထိန္းခ်ဳပ္ဖို႔ UNODC တိုက္တြန္း


တရားမ၀င္ ဖမ္းဆီးကုန္ကူးျခင္းခံေနရတဲ့ အာဖရိက ၾကက္တူေရြးမ်ား

(Zawgyi/Unicode)

ကပ္ေဘးေၾကာင့္ ေတာ႐ိုင္း တိရိစာၦန္ ေမွာင္ခို ကူးသန္းေရာင္းဝယ္ေရး က်သြားၿပီးတဲ့ေနာက္ နယ္စပ္ ထိန္းခ်ဳပ္မႈ ကို ေလွ်ာ့ခ်လိုက္တာနဲ႔ ေမွာင္ခို အေရာင္းအဝယ္ ျပန္တက္လာမွာ ကို အေရွ႕ေတာင္အာရွ အာဏာပိုင္ေတြ က ရပ္သြားေအာင္ ေဆာင္႐ြက္ၾကရပါမယ္လို႔ ကုလသမဂၢ ရဲ႕ အစီရင္ခံစာ တစ္ေစာင္ က တိုက္တြန္းလိုက္ပါတယ္။ မူးယစ္ေဆးဝါး နဲ႔ ရာဇဝတ္မႈမ်ား ဆိုင္ရာ ကုလသမဂၢ႐ုံး (UNODC) ရဲ႕ ဌာနတြင္း အစီရင္ခံစာ မွာ ေဖာ္ျပထားတာပါ။

ကပ္ေဘးေၾကာင့္ နယ္စပ္ေတြ မွာ ေစာင့္ၾကည့္ ထိန္းခ်ဳပ္ လာခဲ့တာေၾကာင့္ ေမွာင္ခိုသမားေတြ ရဲ႕ ကြန္ယက္ေတြ ရပ္ဆိုင္းသြားခဲ့ရသလို၊ ကို႐ိုနာ ဗိုင္းရပ္စ္ ဟာ တ႐ုပ္ျပည္၊ ဝူဟန္ၿမိဳ႕ ေတာ႐ိုင္း တိရိစာၦန္ နဲ႔ ပစၥည္း ေဈးကြက္ က ပ်ံ႕ခဲ့တာ ျဖစ္ေၾကာင္း လူေတြ သိခဲ့ၾကတဲ့အတြက္ လူေတြ မွာ အသိသတိလည္း ရွိသြားခဲ့ပါတယ္။ ဒါ ကို အခြင့္ေကာင္း ယူၿပီး အာဏာပိုင္ေတြ ဟာ ေတာ႐ိုင္းတိရိစာၦန္ နဲ႔ ပစၥည္း ဝယ္ယူသူေတြ မဝယ္လိုေအာင္ ေဆာင္႐ြက္ၾကရမွာ ျဖစ္သလို၊ ထုတ္လုပ္သူလမ္းေၾကာင္း ကိုလည္း ျဖတ္ေတာက္ၾကဖို႔ UNODC က ေျပာပါတယ္။

တ႐ုတ္၊ ျမန္မာ၊ နဲ႔ ထိုင္း ႏိုင္ငံတို႔ ရဲ႕ ႐ိုးရာ ေဆးေတြ မွာ ေတာ႐ိုင္း ထြက္ ပစၥည္း နဲ႔ တိရိစာၦန္ေတြ ကို အသုံးျပဳၾကသလို၊ သုံးစြဲၾကတာေတြလည္း ရွိတယ္လို႔ အစီရင္ခံစာ မွာ ဆိုထားပါတယ္။ တ႐ုတ္ျပည္ မွာ ေတာ႐ိုင္း တိရိစာၦန္ အသား စားသုံးတာ ပိတ္ပင္ထားသလို၊ ဗီယက္နမ္မွာလည္း ေတာ႐ိုင္း ထြက္ ပစၥည္း နဲ႔ တိရိစာၦန္ ေမွာင္ခိုေရာင္းဝယ္တာ ကို တားျမစ္တဲ့ ဥပေဒေတြ ကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ ျပဌာန္းခဲ့ပါတယ္။ အဲဒီလို မူဝါဒေတြ က ဝယ္လိုအား ကို ခ်ပစ္ဖို႔ ထိေရာက္ပါတယ္ လို႔ UNODC အစီရင္ခံစာ က မီးေမာင္းထိုးျပပါတယ္။

ကပ္ေဘး မွာ အလုပ္ မရွိၾကတာေၾကာင့္ ဝမ္းေရးအတြက္ ေတာေတြဘက္ ကို လူေတြ လွည့္သြားခဲ့ၾကတာေၾကာင့္၊ ေတာ႐ိုင္း ပစၥည္းေတြ နဲ႔ တိရိစၥာန္ ကုန္စည္ေတြ က ပုံေနခဲ့ပါတယ္လို႔လည္း အစီရင္ခံစာ က ေျပာထားပါတယ္။ ဒါေၾကာင့္ ေတာ႐ိုင္းထြက္ ပစၥည္း ေမွာင္ခို အေရာင္းအဝယ္ ျပန္သြက္လာႏိုင္တယ္လို႔ အစီရင္ခံစာ က သတိေပးထားပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


တောရိုင်းပစ္စည်းမှောင်ခိုမှု ပိုမိုထိန်းချုပ်ဖို့ UNODC တိုက်တွန်း

(Unicode)

ကပ်ဘေးကြောင့် တောရိုင်း တိရိစ္ဆာန် မှောင်ခို ကူးသန်းရောင်းဝယ်ရေး ကျသွားပြီးတဲ့နောက် နယ်စပ် ထိန်းချုပ်မှု ကို လျှော့ချလိုက်တာနဲ့ မှောင်ခို အရောင်းအဝယ် ပြန်တက်လာမှာ ကို အရှေ့တောင်အာရှ အာဏာပိုင်တွေ က ရပ်သွားအောင် ဆောင်ရွက်ကြရပါမယ်လို့ ကုလသမဂ္ဂ ရဲ့ အစီရင်ခံစာ တစ်စောင် က တိုက်တွန်းလိုက်ပါတယ်။ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုများ ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ ဌာနတွင်း အစီရင်ခံစာ မှာ ဖော်ပြထားတာပါ။

ကပ်ဘေးကြောင့် နယ်စပ်တွေ မှာ စောင့်ကြည့် ထိန်းချုပ် လာခဲ့တာကြောင့် မှောင်ခိုသမားတွေ ရဲ့ ကွန်ယက်တွေ ရပ်ဆိုင်းသွားခဲ့ရသလို၊ ကိုရိုနာ ဗိုင်းရပ်စ် ဟာ တရုပ်ပြည်၊ ဝူဟန်မြို့ တောရိုင်း တိရိစ္ဆာန် နဲ့ ပစ္စည်း ဈေးကွက် က ပျံ့ခဲ့တာ ဖြစ်ကြောင်း လူတွေ သိခဲ့ကြတဲ့အတွက် လူတွေ မှာ အသိသတိလည်း ရှိသွားခဲ့ပါတယ်။ ဒါ ကို အခွင့်ကောင်း ယူပြီး အာဏာပိုင်တွေ ဟာ တောရိုင်းတိရိစ္ဆာန် နဲ့ ပစ္စည်း ဝယ်ယူသူတွေ မဝယ်လိုအောင် ဆောင်ရွက်ကြရမှာ ဖြစ်သလို၊ ထုတ်လုပ်သူလမ်းကြောင်း ကိုလည်း ဖြတ်တောက်ကြဖို့ UNODC က ပြောပါတယ်။

တရုတ်၊ မြန်မာ၊ နဲ့ ထိုင်း နိုင်ငံတို့ ရဲ့ ရိုးရာ ဆေးတွေ မှာ တောရိုင်း ထွက် ပစ္စည်း နဲ့ တိရိစ္ဆာန်တွေ ကို အသုံးပြုကြသလို၊ သုံးစွဲကြတာတွေလည်း ရှိတယ်လို့ အစီရင်ခံစာ မှာ ဆိုထားပါတယ်။ တရုပ်ပြည် မှာ တောရိုင်း တိရိစ္ဆာန် အသား စားသုံးတာ ပိတ်ပင်ထားသလို၊ ဗီယက်နမ်မှာလည်း တောရိုင်း ထွက် ပစ္စည်း နဲ့ တိရိစ္ဆာန် မှောင်ခိုရောင်းဝယ်တာ ကို တားမြစ်တဲ့ ဥပဒေတွေ ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပြဌာန်းခဲ့ပါတယ်။ အဲဒီလို မူဝါဒတွေ က ဝယ်လိုအား ကို ချပစ်ဖို့ ထိရောက်ပါတယ် လို့ UNODC အစီရင်ခံစာ က မီးမောင်းထိုးပြပါတယ်။

ကပ်ဘေး မှာ အလုပ် မရှိကြတာကြောင့် ဝမ်းရေးအတွက် တောတွေဘက် ကို လူတွေ လှည့်သွားခဲ့ကြတာကြောင့်၊ တောရိုင်း ပစ္စည်းတွေ နဲ့ တိရိစ္စာန် ကုန်စည်တွေ က ပုံနေခဲ့ပါတယ်လို့လည်း အစီရင်ခံစာ က ပြောထားပါတယ်။ ဒါကြောင့် တောရိုင်းထွက် ပစ္စည်း မှောင်ခို အရောင်းအဝယ် ပြန်သွက်လာနိုင်တယ်လို့ အစီရင်ခံစာ က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG