သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ တိ္ုက္ခိုက္မႈေတြရပ္ဆိိုင္းဖို႔ လံုျခံဳေရးေကာင္စီ တိုက္တြန္း


United Nations Security Council (UNSC)

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္တိ္ုက္ခိုက္မႈေတြ ရပ္ဆိိုင္းဖို႔ လံုျခံဳေရးေကာင္စီ တိုက္တြန္း

= = [[ Zawgyi ]] = =

ျမန္မာႏိုင္ငံတလႊား အၾကမ္းဖက္မႈေတြ ႀကီးထြားလာေနတဲ့အေပၚ အထူးစိုးရိမ္ေၾကာင္းနဲ႔ ျပႆနာကို ေဆြးေႏြးညႇိႏႈိင္းေျဖရွင္းဖို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီက တိုက္တြန္းလိုက္ပါတယ္။

အဖဲြ႕၀င္ ၁၅ ႏိုင္ငံ ပါ၀င္တဲ့ လုံျခံဳေရးေကာင္စီရဲ႕ ဗုဒၶဟူးေန႔က ေၾကညာခ်က္မွာပဲ တိုက္ခိုက္မႈေတြ အျမန္ဆုံးရပ္ဖို႔နဲ႔ စစ္တပ္က အတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

ခ်င္းျပည္နယ္ အပါအ၀င္ ျမန္မာႏိုင္ငံ ေဒသတခ်ဳိ႕မွာ စစ္တပ္က အင္အား ျဖည့္တင္းၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို ႏွိမ္နင္းမယ့္ အလားအလာေတြအေပၚ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက စိုးရိမ္ေနခ်ိန္မွာပဲ လုံျခံဳေရးေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ ထြက္ေပၚလာတာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ အထူးစိုးရိမ္တဲ့ သေဘာထားေတြကို လုံျခံဳေရးေကာင္စီ အဖဲြ႕၀င္ေတြ ထပ္မံေျပာၾကားခဲ့ေၾကာင္းလည္း ၿဗိတိန္ႏိုင္ငံက မူၾကမ္းေရးတင္သြင္းခဲ့တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာျပည္သူေတြ အက်ဳိးကို ေရွ႕ရႈၿပီး သင့္ျမတ္ေရးအတြက္ ေဆြးေႏြးညႇိႏႈိင္းဖို႔လည္း ေၾကညာခ်က္က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ လုံခြုံရေးကောင်စီ တိုက်တွန်း

= = {{ Unicode }} = =

မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေ ကြီးထွားလာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ပြဿနာကို ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီရဲ့ ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာပဲ တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဖို့နဲ့ စစ်တပ်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ ဒေသတချို့မှာ စစ်တပ်က အင်အား ဖြည့်တင်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို နှိမ်နင်းမယ့် အလားအလာတွေအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေချိန်မှာပဲ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အထူးစိုးရိမ်တဲ့ သဘောထားတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ထပ်မံပြောကြားခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံက မူကြမ်းရေးတင်သွင်းခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေ အကျိုးကို ရှေ့ရှုပြီး သင့်မြတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့လည်း ကြေညာချက်က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG