သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလာင္စာဆီေစ်း ႀကီးျမင္႔မႈ ႏိုင္ငံႀကီး ၆ ခု ပူးတဲြ ေျဖရွင္းမည္


(Zawgyi/ Unicode)

ဓာတ္ဆီနဲ႔ တျခား စြမ္းအင္ ထုတ္ကုန္ေတြ ေစ်းႏႈန္းႀကီးျမင့္လာမႈကို ပူးေပါင္းေျဖရွင္းေဆာင္ရြက္တဲ႔ အေနနဲ႔ အေမရိကန္နဲ႔ တျခား ႏိုင္ငံ ၅ ခုတို႔က မဟာဗ်ဴဟာေျမာက္ အရန္ ေရနံကို ဓာတ္ဆီနဲ႔ တျခား စြမ္းအင္ေလာင္စာ ထုတ္ကုန္ေတြ သန္႔စင္ ထုတ္လုပ္ဖို႔ စီစဥ္ေနေၾကာင္း အဂၤါေန႔မွာ ေျပာဆိုလိုက္ပါတယ္။

မကၠဆီကို ပယ္လယ္ေကြ႕ တေလွ်ာက္ ေျမေအာက္ လိုဏ္ေတြမွာ လက္ရွိ ေရနံ စည္ ၆၂၁ သန္း သိုေလာင္ထားတဲ႔ အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ အရန္ ေရနံထဲက ေရနံစည္ သန္း ၅၀ ကို လာမယ့္ ၂၀၂၂ ခုႏွစ္ ဧၿပီလ အထိ ေရနံခ်က္သူေတြကို ေရာင္းခ်မယ့္ အေၾကာင္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။

စက္သံုးဆီ ေစ်းႀကီးမႈက တကမ ၻာလံုး အတြက္ အခက္အခဲ ျဖစ္ရတယ္လို႔ သမၼတ Joe Biden က ေျပာပါတယ္။

စက္သံုးဆီ ေစ်းႀကီးမႈက အေမရိကန္ အတြက္တင္ မဟုတ္ဘဲ ကမ ၻာတလႊား အတြက္ ျပသနာ တခုျဖစ္ပါတယ္။ ဥေရာပမွာ အာရွမွာ ဓာတ္ဆီေစ်းႏႈႏ္းေတြ စံခ်ိန္တင္ ေရာက္ရွိခဲ႔ပါတယ္။ ၿပီးခဲ႔တဲ႔ လကုန္မွာ ျပင္သစ္မွာ ဓာတ္ဆီ တဂါလံ ၇ ေဒၚလာေလာက္ ျဖစ္ခဲ႔ပါတယ္။ ဂ်ပန္မွာ တဂါလံကို ၅ ေဒၚလာခြဲ ျဖစ္ၿပီး ဒီႏွစ္ပိုင္းေတြ အတြင္း အျမင့္ဆံုး ေစ်းႏႈန္း ျဖစ္ပါတယ္လို႔ အေမရိကန္ သမၼတက ေျပာပါတယ္။

အေမရိကန္မွာ ဓာတ္ဆီ တဂါလံ ပ်မ္းမွ် ေစ်းႏႈန္းက ၃ ေဒၚလာ ၄၀ ဆင့္ေလာက္ ရွိၿပီး ဒါဟာဆိုရင္ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆံုး ေစ်းႏႈႏ္း ျဖစ္ပါတယ္။ အခု အေမရိကန္ရဲ႕ အရန္ ေရနံကို လာမယ့္ လပိုင္းေတြ အတြင္း ျဖန္႔ေ၀မႈကလည္း အခု ေပးေနရတဲ႔ ေစ်းနဲ႔ အမ်ားႀကီး ေလ်ာ့မသြားႏိုင္ပါဘူး။

တျခား ၅ ႏိုင္ငံ ျဖစ္တဲ႔ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ အိႏၵိယနဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဘက္က သူတို႔ရဲ႕ အရန္ ေရနံထဲက ေန ဘယ္ေလာက္ ျဖန္႔ေ၀မယ္ဆိုတာ မသိရတာေၾကာင့္ စက္သံုးဆီ ေစ်းႏႈန္း ဘယ္ေလာက္ ေလွ်ာ့ခ်ႏိုင္မလဲ ဆိုတာကိုေတာ့ အခု ခ်က္ခ်င္း တြက္ခ်က္ဖို႔ မရႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လောင်စာဆီဈေး ကြီးမြင့်မှု နိုင်ငံကြီး ၆ ခု ပူးတွဲ ဖြေရှင်းမည်

ဓာတ်ဆီနဲ့ တခြား စွမ်းအင် ထုတ်ကုန်တွေ ဈေးနှုန်းကြီးမြင့်လာမှုကို ပူးပေါင်းဖြေရှင်းဆောင်ရွက်တဲ့ အနေနဲ့ အမေရိကန်နဲ့ တခြား နိုင်ငံ ၅ ခုတို့က မဟာဗျူဟာမြောက် အရန် ရေနံကို ဓာတ်ဆီနဲ့ တခြား စွမ်းအင်လောင်စာ ထုတ်ကုန်တွေ သန့်စင် ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

မက္ကဆီကို ပယ်လယ်ကွေ့ တလျှောက် မြေအောက် လိုဏ်တွေမှာ လက်ရှိ ရေနံ စည် ၆၂၁ သန်း သိုလောင်ထားတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အရန် ရေနံထဲက ရေနံစည် သန်း ၅၀ ကို လာမယ့် ၂၀၂၂ ခုနှစ် ဧပြီလ အထိ ရေနံချက်သူတွေကို ရောင်းချမယ့် အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ စက်သုံးဆီ ဈေးကြီးမှုက တကမ ္ဘာလုံး အတွက် အခက်အခဲ ဖြစ်ရတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။

စက်သုံးဆီ ဈေးကြီးမှုက အမေရိကန် အတွက်တင် မဟုတ်ဘဲ ကမ ္ဘာတလွှား အတွက် ပြသနာ တခုဖြစ်ပါတယ်။ ဥရောပမှာ အာရှမှာ ဓာတ်ဆီဈေးနှုန်းတွေ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်မှာ ပြင်သစ်မှာ ဓာတ်ဆီ တဂါလံ ၇ ဒေါ်လာလောက် ဖြစ်ခဲ့ပါတယ်။ ဂျပန်မှာ တဂါလံကို ၅ ဒေါ်လာခွဲ ဖြစ်ပြီး ဒီနှစ်ပိုင်းတွေ အတွင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။

အမေရိကန်မှာ ဓာတ်ဆီ တဂါလံ ပျမ်းမျှ ဈေးနှုန်းက ၃ ဒေါ်လာ ၄၀ ဆင့်လောက် ရှိပြီး ဒါဟာဆိုရင် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါတယ်။ အခု အမေရိကန်ရဲ့ အရန် ရေနံကို လာမယ့် လပိုင်းတွေ အတွင်း ဖြန့်ဝေမှုကလည်း အခု ပေးနေရတဲ့ ဈေးနဲ့ အများကြီး လျော့မသွားနိုင်ပါဘူး။

တခြား ၅ နိုင်ငံ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့ဘက်က သူတို့ရဲ့ အရန် ရေနံထဲက နေ ဘယ်လောက် ဖြန့်ဝေမယ်ဆိုတာ မသိရတာကြောင့် စက်သုံးဆီ ဈေးနှုန်း ဘယ်လောက် လျှော့ချနိုင်မလဲ ဆိုတာကိုတော့ အခု ချက်ချင်း တွက်ချက်ဖို့ မရနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG