သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က လက်ကျန် အမေရိကန်တွေကို ကယ်ထုတ်ဖို့ ကန်အစိုးရ ထပ်မံကတိပြု


အမေရိကန်လေတပ်စခန်းနား စောင့်ဆိုင်းနေကြသည့် ပြည်ပထွက်ခွာလိုသူ အာဖဂန်များ
အမေရိကန်လေတပ်စခန်းနား စောင့်ဆိုင်းနေကြသည့် ပြည်ပထွက်ခွာလိုသူ အာဖဂန်များ

[ Zawgyi ]

အာဖဂန်နစ္စတန် နိ်ုင်ငံမှာ ကျန်နေတဲ့ အမေရိကန်တွေ အာဖဂန်ကနေ ထွက်ခွာချင်တယ်ဆိုရင် နည်းလမ်းရှာပြီး ကယ်ထုတ်မယ်လို့ သမ္မတအိမ်ဖြူတော် ဝန်ထမ်းရေးရာအကြီးအကဲ Ron Klain က တနင်္ဂနွေနေ့ မှာ ပြောပါတယ်။ ဒါပေမဲ့ ကာဘူးလ်လေဆိပ်ကနေ လွယ်လွယ်ကူကူနဲ့ ကယ်ထုတ်နိုင်တဲ့ လမ်းကြောင်းကို တာလီဘန်တွေက ပိတ်ထားတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ရီပတ်ဘလစ်ကင် အမတ် Michael McCaul က ပြောပါတယ်။

အာဖဂန်မှာ နှစ် ၂၀ ကြာစစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန်တပ်တွေ ပြီးခဲ့တဲ့ အပတ်ထဲ နောက်ဆုံး ထွက်ခွါခဲ့ချိန်က အာဖဂန်မှာ အမေရိကန် ၁၀၀ ဝန်းကျင် ကျန်နေနိုင်ကြောင်း Ron Klain က CNN မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ သူတို့ အာဖဂန်က ထွက်ခွါချင်ရင် ပြန်ခေါ်နိုင်အောင် နည်းလမ်းတွေရှာမှာ ဖြစ်သလို ၊ အမေရိကန် တပ်တွေကို အကူညီပေးတဲ့ အာဖဂန်နိုင်ငံသားတွေ တာလီဘန်ရန်က လွတ်အောင် ကယ်ထုတ်ဖို့လည်း အမေရိကန်က ဆက်ကြိုးပမ်းမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် Michael McCaul ကတော့ အာဖဂန်မှာ အမေရိကန်နိုင်ငံသား ရာနဲ့ချီ ကျန်နေတာ ဖြစ်ပြီး အမေရိကန်တပ်တွေ ရုတ်သိမ်းတဲ့ နောက်ဆုံးလေယာဉ် တနင်္လာနေ့က ထွက်ခွါခဲ့တဲ့နောက် တယောက်မှ ထပ်ပြီး ပြန်ခေါ်နိုင်တာ မရှိသေးဘူးလို့ Fox သတင်းဌာန မေးမြန်းခန်းမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုတ်သိမ်းမှုမှာ အမေရိကန် ၉၈ % ကို အာဖဂန်ကနေ ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် ထူးခြားတဲ့ အောင်မြင်မှုတရပ်အဖြစ် သမ္မတ ဘိုင်ဒန်က သူ့လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့တာပါ။ အခုလို အာဖဂန်က အမေရိကန်တပ်တွေ ပြန်ရုတ်သိမ်းဖို့ သမ္မတဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံသားတွေက ထောက်ခံပေမယ့် တပ် ရုပ်သိမ်းရာမှာ ပရမ်းပတာ အနေထားကိုတော့ မကြိုက်ကြဘူးလို့ စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ တပ် ရုပ်သိမ်းနေချိန်အတွင်း ကာဘူးလ်လေဆိပ်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်သား ၁၃ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[ Unicode ]






XS
SM
MD
LG