သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကန်ပြန်လည်သတ်မှတ်


Yemen Israel Palestinians US
Yemen Israel Palestinians US

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ နိုင်ငံတကာသင်္ဘောတွေကို ရက်သီတင်းပတ်တွေနဲ့ချီ တိုက်ခိုက်နေတဲ့ ယီမင်က ဟူသီအဖွဲ့ကို အထူးသတ်မှတ်ချက်အဆင့်ရှိ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သတ်မှတ်လိုက်ပါတယ်။

“ပင်လယ်နီမှာ ဟူသီသူပုန်တွေလုပ်နေတာကို ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေလို့မရဘူး” လို့ အမည်မဖော်လိုတဲ့ အမေရိကန် အကြီးတန်းအုပ်ချုပ်ရေး အရာရှိတဦးက တရားဝင်ကြေညာချက်မထုတ်ပြန်မီ သတင်းထောက်တွေကို ပြောပါတယ်။ “ဒီတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်ဝါဒ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ကိုက်ညီနေတယ်” လို့လည်း နောက်ထပ် အမေရိကန်တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့က အမေရိကန် စစ်ဘက်၊ အရပ်ဘက်နဲ့ တခြား မိတ်ဆွေနိုင်ငံတွေကို အန္တရာယ်ဖြစ်စေပြီး၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို ထိခိုက်စေပြီး လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေတယ်” လို့ ပြောပါတယ်။

ယီမင်နိုင်ငံ ဟူသီထိန်းချုပ်နယ်မြေထဲကနေ နိုဝင်ဘာလလယ်ကစပြီး တိုက်ခိုက်မှု အကြိမ်ရေ ၃၀ လောက်လုပ်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထောက်ပြခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံသားတွေ၊ ကုန်တင်သင်္ဘောနဲ့ ရေကြောင်းသွားလာရေးကို ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က အေဒင်ပင်လယ်ကွေ့မှာ သင်္ဘောတစင်းတိုက်ခိုက်ခံခဲ့ရပြီး ဒါဟာ ယီမင်ဟူသီတွေရဲ့ အဝေးထိန်းဒရုန်းလက်ချက် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်စစ်တပ်က ပြောပါတယ်။

အေဒင်မြို့ အရှေ့တောင်ဘက် မိုင် ၇၀ အကွာမှာ ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောတစင်းမီးလောင်ခဲ့ပေမယ့် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့သင်္ဘောနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ဗြိတိန်စစ်တပ်က ချက်ချင်း ထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် ဟူသီတွေဟာ ဂါဇာကမ်းမြောင်က အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပြီခဲ့တဲ့ နိုဝင်ဘာကတည်းက အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ လုပ်မယ်ကြေညာပြီး ပင်လယ်နီထဲမှာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG