သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ လေကြောင်းထိပ်တိုက်ရင်ဆိုင်မှု တရုတ်ဖြေရှင်း


အမေရိကန် စစ်တပ် ကင်းထောက်လေယာဉ် တစင်းနဲ့ တရုတ် တိုက်လေယာဉ်နှစ်စင်းတို့ အရှေ့တရုတ် ပင်လယ်ပြင်ရဲ့ ဝေဟင်မှာ ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက ထိပ်တိုက်ဆုံတွေ့ခဲ့ကြမှုကို တရုတ်ဘက်က ကာကွယ်ပြောဆိုပါတယ်။

တရုတ် J-10 တိုက်လေယာဉ် နှစ်စင်းထဲက တစင်းက အရှိန်ကိုမြှင့်ပြီး အမေရိကန် ရေတပ်ရဲ့ EP-3 လေယာဉ်ရဲ့ အောက်မှာ ပျံသန်းခဲ့ပြီးတဲ့နောက် အရှိန်ကိုလျှော့ပြီး လေယာဉ်ရဲ့ ရှေ့တည့်တည့်ကို ပျံတက်လာတာကြောင့် မတိုက်မိအောင် လမ်းလွှဲလိုက်ရတယ်လို့ အမေရိကန် စစ်တပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ တရုတ် တိုက်လေယာဉ် တစင်းကတော့ လက်နက်တပ်ဆင်ထားပါတယ်။

တရုတ် နိုင်ငံ Qingdao မြို့နဲ့ ကီလိုမီတာ ၁၅၀ အကွာ - ရေမိုင် ၈၀ လောက် အကွာက နိုင်ငံတကာ ရေပိုင်နက် အတွင်းမှာ အမေရိကန် လေယာဉ်က ကင်းထောက် ပျံသန်းနေချိန်မှာ အခင်းဖြစ်ပွားခဲ့တာပါ။ တရုတ်တိုက်လေယာဉ်ကို မောင်းနှင်သူတွေရဲ့ ဆောင်ရွက်ချက်က လိုအပ်ချက် အရ ဆောင်ရွက်ချက်ဖြစ်သလို တရားဝင်ပြီး ကျွမ်းကျင်နိုင်နင်းမှု ရှိတယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ဒီကနေ့ အင်္ဂါနေ့မှာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

အမေရိကန်တို့ အနေနဲ့ ဘေးကင်းလုံခြုံမှု မရှိ၊ ကျွမ်းကျင် ပိုင်နိုင်မှု မရှိတဲ့ ကင်းထောက် ပျံသန်းမှုတွေကို အဆုံးသတ်ဖို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ ဒီပံျသန်းမှုတွေက တရုတ်ရဲ့ အမျိုးသား လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု၊ တရုတ် - အမေရိကန် ရေပြင်နဲ့ ဝေဟင် စစ်ရေး ဘေးကင်းရေးကို ထိပါးစေသလို နှစ်ဘက်စလုံးတို့ရ လေယာဉ်မှူးတွေ အတွက်လည်း အသက်အန္တရာယ် ရှိတယ်လို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG