သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်နယ် ၇ ခု လေဆင်နှာမောင်း ဒဏ်ခံနေရ


သောကြာနေ့က ပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ အာကင်ဆောပြည်နယ်၊ Wynne အထက်တန်းကျောင်း။ (ဧပြီ ၁၊ ၂၀၂၃)
သောကြာနေ့က ပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ အာကင်ဆောပြည်နယ်၊ Wynne အထက်တန်းကျောင်း။ (ဧပြီ ၁၊ ၂၀၂၃)

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အလယ်ပိုင်း အနောက်ဘက်ဒေသတွေမှာ သောကြာနေ့က လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် စနေနေ့အထိ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး အိုးအိမ်အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။

ဒါဇင်နဲ့ချီတဲ့လေဆင်နှာမောင်းတွေကို အယ်လာဗားမာ၊ အီလီနွိုက်၊ အင်ဒီးယားနား၊ အာကင်ဆော၊ မစ္စစ္စပီအပါအဝင် ပြည်နယ် ၇ မှာတိုက်ခတ်ခဲ့ပါတယ်။ အီလီနွိုက်မှာ ဟဲဗီးမယ်တယ် တေးဂီတဖျော်ဖြေပွဲလုပ်နေတဲ့ ကဇတ်ရုံကိုလည်း တိုက်ခတ်ခဲ့တဲ့အတွက် အမိုးတွေပြိုကျ ခဲ့ပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်ပြီး ပြည်နယ်တချို့ပါဝင်တဲ့ Plains ဒေသတောင်ပိုင်းမှာ တောမီးလောင်ကျွမ်းခဲ့ပြီး အလယ်ပိုင်း အနောက်ဘက်ဒေသတွေမှာ နှင်းမုန်တိုင်းတွေ ကျရောက်ခဲ့ပါတယ်။

လေဆင်နှာမောင်းဒါဏ်ကြောင့် သစ်ပင်တွေ၊ အိုးအိမ်တွေပျက်စီးခဲ့ပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေလည်း လျပ်စစ်မီးပြတ်တောက်နေပါတယ်။ သေဆုံးသူတွေထဲက ၄ ဦးဟာ အာကင်ဆောပြည်နယ်ထဲက Wynne မြို့ကဖြစ်ပြီး ကျန်သေဆုံးသူတွေကတော့ Alabama ၊ အီလီနွိုက်၊ အင်ဒီးယားနားနဲ့ မစ္စစ္စပီပြည်နယ်တွေကဖြစ်ပါတယ်။

============

{{Unicode}}






XS
SM
MD
LG