သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ကန်စစ်ရေးအကူ နောက်ထပ် ဒေါ်လာ သန်း (၂၅၀) ပေးမည်


Russia Ukraine War Military Aid
Russia Ukraine War Military Aid

မိုင်းရှင်းပစ္စည်းတွေအပါအဝင် ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ စစ်ရေး အထောက်အကူအသစ်ကို အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက နွေအစကတည်းက တန်ပြန် စစ်ဆင်ရာမှာ ပြောစမှတ်ပြုလောက်တဲ့ အောင်မြင်မှုရဖို့ ကြိုးစားနေကြဆဲဖြစ်ပြီး မိုင်းကွင်းတွေ၊ မြောင်းကျင်းတွေ၊ သံချပ်ကာကားတွေ စတဲ့ အခုအခံ အတားအဆီးတွေနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။

ခုပေးတဲ့ စစ်ရေးအထောက်အကူဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ပြည်သူတွေ ကို အကာအကွယ်ပေးရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။ ခု အကူအညီထဲမှာ ကာကွယ်ရေးဆိုင်ရာ ဒုံးကျည်တွေ၊ လက်နက်ကြီးကျည်တွေ၊ သံချပ်ကာကားခွင်း ဒုံးကျည်တွေနဲ့ လက်နက်ငယ်ကျည်ပေါင်းသုံးသန်းကျော်တို့လည်း ပါဝင်ကြပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် စကတည်းကဆိုရင် အမေရိကန်က ယူကရိန်းကို စစ်ရေး အကူအညီပေးဖို့ ကတိပေးထားတာ ဒေါ်လာ ဘီလီယံ ဆယ်ချီရှိပါတယ်။ “ခုလို စစ်ရေးအကူအညီအသစ်အတွက် အမေရိကန်ပြည်သူအားလုံး၊ လွှတ်တော်နဲ့ အထူးသဖြင့် သမ္မတဘိုင်ဒန်ကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ပါတယ်။” လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ယခင်က တွစ်တာလို့ သိကြတဲ့ X လူမှုစာမျက်နှာမှာ ရေးပါတယ်။

“လွတ်လပ်ခွင့်ဟာ အကာအကွယ်လိုပါတယ်။ ဒီ အကာအကွယ်က ပိုလို့ပိုလို့ ခိုင်မာလာနေပြီ ဖြစ်တယ်။” လို့ သမ္မတ Zelensky က ဆိုပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် စကတည်းက အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီပေးကြဖို့ တိုင်းပြည်ပေါင်းများစွာကို ပေါင်းစပ်ညှိနှိုင်းပေးနေတာပါ။

ယူကရိန်းအတွက် ကန်စစ်ရေးအကူ နောက်ထပ် ဒေါ်လာ သန်း (၂၅၀) ပေးမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG