သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဆိုင်ရာ ကန်အထူးသံအမတ်သစ် သမ္မတဘိုင်ဒန် အဆိုပြု


အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden. (မေ ၁၃၊ ၂၀၂၂)
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden. (မေ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းအရာရှိချုပ် ယိုဟန်းနက်စ် အေဘရာဟမ်ကို ခန့်ထားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နာမည်တင်သွင်းလိုက်ပါတယ်။

ဒီနေရာက ၂၀၁၇ မှာ သမ္မတ ဒေါ်နယ်ထရမ့် တက်လာကတည်းက လစ်လပ်နေတဲ့နေရာ ဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်ပြည်ထောင်စု ထိပ်သီးဆွေးနွေးပွဲ ၂ ရက်တာ ကျင်းပတဲ့ ဒုတိယမြောက်နေ့မှာ သမ္မတဘိုင်ဒန် ကြေညာသွားတာပါ။

မစ္စတာအေဘရာဟမ်ကို နာမည်စာရင်းတင်သွင်းမှုကို အထက်လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

အခုလို အမေရိကန်သံတမန် နာမည်တင်သွင်းမှုကို အာဆီယံကိုယ်စားလှယ်တွေ ကြိုဆိုခဲ့ကြပါတယ်။

အခုလို အာဆီယံ သံတမန်ခန့်ထားမှုဟာ အမေရိကန်ပြည်ထောင်စုဟာ အာရှဒေသမှာ တရုတ်နဲ့ သြဇာချိန်ခွန်လျှာမျှဖို့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို အားဖြည့်လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှိဒေသ ဥတုရာသီကိစ္စရပ်တွေ၊ ပင်လယ်ရေကြောင်းနဲ့ လူထုကျန်းမာရေး အခြေခံအဆောက်အဦ စီမံကိန်းတွေအတွက် ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ပေးအပ်ဖို့ ကတိပြုထားတာလည်း ဖြစ်ပါတယ်။

အာဆီယံဆိုင်ရာ ကန်အထူးသံအမတ်သစ် သမ္မတဘိုင်ဒန် အဆိုပြု
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)



ဒီနရောက ၂၀၁၇ မှာ သမ်မတ ဒေါျနယျထရမ့ျ တကျလာကတညျးက လဈလပျနတေဲ့နရော ဖွဈပါတယျ။






XS
SM
MD
LG