အေမရိကန္ျပည္ေထာင္စု ပညာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Marie Royce ဟာ စက္တင္ဘာ ၂၇ ရက္ကေန ေအာက္တုိဘာ ၄ ရက္အထိ ထုိင္း နဲ႔ ျမန္မာႏုိင္ငံတို႔ကို သြားေရာက္မွာ ျဖစ္ပါတယ္။
လက္ေထာက္ဝန္ႀကီး Royce ဟာ YSEALI ေခၚ အေရွ႕ေတာင္အာရွ လူငယ္ ေခါင္းေဆာင္မႈ ထိပ္သီးစည္းေဝးပြဲ၊ ယဥ္ေက်းမႈ ထိန္းသိမ္းေရး ဆုိင္ရာ ရန္ပံုေငြအဖြဲ႔နဲ႔ ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ံုး ယဥ္ေက်းမႈဌာန ( အေမရိကန္စင္တာ ) တို႔ရဲ႕ အခမ္းအနားေတြကိုလည္း တက္ေရာက္မွာ ျဖစ္ပါတယ္။
သူဟာ ျမန္မာႏုိင္ငံမွာ အေမရိကန္စင္တာနဲ႔ မႏၱေလး ဂ်က္ဖာဆင္ စင္တာတုိ႔ ပူးတြဲျပဳလုပ္မယ့္ “ျမန္မာႏိုင္ငံ ေရြးေကာက္ပြဲနဲ႔ ဒီမိုကေရစီ အေရးပါပံု” အစီအစဥ္မွာ အဖြင့္မိန္႔ခြန္း ေျပာၾကား ပါလိမ့္မယ္။
အဲဒီေနာက္ YSEALI နဲ႔ အေမရိကန္ စင္တာတုိ႔ရဲ႕ ယဥ္ေက်းမႈ အစီအစဥ္ေတြကို တက္ေရာက္ၿပီး သူ႔ရဲ႕ ခရီးစဥ္ကို အဆံုးသတ္မွာ ျဖစ္ပါတယ္။
..............
{Unicode}
ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်
အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce ဟာ စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
လက်ထောက်ဝန်ကြီး Royce ဟာ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု ထိပ်သီးစည်းဝေးပွဲ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆိုင်ရာ ရန်ပုံငွေအဖွဲ့နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ယဉ်ကျေးမှုဌာန ( အမေရိကန်စင်တာ ) တို့ရဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ အမေရိကန်စင်တာနဲ့ မန္တလေး ဂျက်ဖာဆင် စင်တာတို့ ပူးတွဲပြုလုပ်မယ့် “မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အရေးပါပုံ” အစီအစဉ်မှာ အဖွင့်မိန့်ခွန်း ပြောကြား ပါလိမ့်မယ်။
အဲဒီနောက် YSEALI နဲ့ အမေရိကန် စင်တာတို့ရဲ့ ယဉ်ကျေးမှု အစီအစဉ်တွေကို တက်ရောက်ပြီး သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။