သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုန္းေတာ္ႀကီး ဒလိုင္းလားမားေနရာ ေရြးခ်ယ္ေရး ၀င္ေရာက္စြက္ဖက္သူေတြကို အေမရိကန္ ဒဏ္ခတ္မည္


တိဘက္ေခါင္းေဆာင္ ဘုန္းေတာ္ႀကီး ဒလိုင္းလားမား

(Zawgyi/Unicode)

တိဘက္ေခါင္းေဆာင္ ဘုန္းေတာ္ႀကီး ဒလိုင္းလားမားကို ဆက္ခံမယ့္သူကို ေရြးခ်ယ္ေရးကိစၥမွာဝင္ေရာက္စြက္ဖက္တဲ့တ႐ုတ္တာဝန္ ရွိသူေတြကို ဒဏ္ခတ္အေရးယူမယ့္ ဥပေဒကို အေမရိကန္ သမၼတေဒၚနယ္ထရမ့္က တနဂၤေႏြေန႔က လက္မွတ္ေရးထိုးလိုက္ပါတယ္။

တိဘက္ဆိုင္ရာမူဝါဒနဲ႔ အေထာက္အကူေပးေရးဥပေဒလို႔ေခၚတဲ့ အဲဒီ ဥပေဒကို အေမရိကန္ကြန္ဂရက္က မဲအျပတ္အသတ္နဲ႔အတည္ ျပဳထားတာပါ။ သက္ေတာ္ ၈၅ႏွစ္ ရွိၿပီျဖစ္တဲ့ တိဘက္ဘုန္းေတာ္ႀကီးကို ဆက္ခံမယ့္သူကို ေရြးခ်ယ္ရာမွာ တ႐ုတ္အစိုးရက သီးသန္႔ ေရြးခ်ယ္ ခန္႔အပ္မွာကို စိုးရိမ္မႈေတြ ျမင့္တက္လာေနခ်ိန္မွာ အေမရိကန္ အစိုးရက အခုလို ဥပေဒ ျပဌာန္းလိုက္တာ ျဖစ္ပါတယ္။

၁၅ ဆက္ေျမာက္ တိဘက္ဗုဒၶဘာသာဘုန္းေတာ္ႀကီး ဒလိုင္းလားမားကို ေရြးခ်ယ္ခန္႔အပ္ရာမွာ တိုက္ရိုက္ပါဝင္ ပတ္သက္တဲ့ တာဝန္ ရွိသူေတြကို ဒဏ္ခတ္ အေရးယူမွာျဖစ္ေၾကာင္း အဲဒီ ဥပေဒမွာ ေဖာ္ျပထားပါတယ္။

ဒီ ဥပေဒျပဌာန္းမႈအေပၚ တ႐ုတ္နိုင္ငံက လက္မခံေၾကာင္း တနလၤာေန႔က ျပန္လည္ တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

တိဘက္နဲ႔ဆိုင္တဲ့ ဥပေဒၾကမ္းတစ္ခုကို လက္မွတ္ေရးထိုးလိုက္တာကို သိရွိေၾကာင္းနဲ႔ အဲဒီ ဥပေဒကို တ႐ုတ္နိုင္ငံက အခိုင္အမာ ဆန္႔က်င္ေၾကာင္း၊ တိဘက္ကိစၥက တ႐ုတ္တို႔ရဲ့ အခ်ဳပ္အျခာ အာဏာနဲ႔ နယ္ေျမ ပိုင္ဆိုင္မႈအေရးကိစၥ ျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ZHAO LIJIAN က ေျပာပါတယ္။

ဒါ့အျပင္၊ တိဘက္ကိစၥက တ႐ုတ္ ျပည္တြင္းေရးကိစၥ သက္သက္သာ ျဖစ္လို႔ ျပည္ပ အင္အားစုေတြရဲ့ စြက္ဖက္မႈကို ခြင့္ျပဳမွာ မ ဟုတ္ေၾကာင္းနဲ႔ အမ်ိဳးသား အခ်ဳပ္အျခာ အာဏာနဲ႔ လုံျခဳံေရးကို မယိမ္းမယိုင္ ကာကြယ္ေစာင့္ေရွာက္သြားမယ္လို႔လည္း သူက ေျပာပါတယ္။

အေမရိကန္နိုင္ငံက တိဘက္ဆိုင္ရာ ဥပေဒနဲ႔အတူ ထိုင္ဝမ္ဆိုင္ရာ ဥပေဒမူၾကမ္းတစ္ရပ္ကိုလည္း အတည္ျပဳခဲ့ပါတယ္။ ထိုင္ဝမ္ ဥပေဒမွာေတာ့ကုလသမဂၢ အဖြဲ႕အစည္းေတြမွာ ထိုင္ဝမ္ ပါဝင္ ဝင္ေရာက္ခြင့္ကို အေမရိကန္နိုင္ငံက ေထာက္ခံတဲ့ အခ်က္ ပါဝင္ သလို ထိုင္ဝမ္ကို ပုံမွန္ လက္နက္ ေရာင္းခ်ေရး ကိစၥေတြလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဘုန်းတော်ကြီး ဒလိုင်းလားမားနေရာ ရွေးချယ်ရေး ဝင်ရောက်စွက်ဖက်သူတွေကို အမေရိကန် ဒဏ်ခတ်မည်

(Unicode)

တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဆက်ခံမယ့်သူကို ရွေးချယ်ရေးကိစ္စမှာဝင်ရောက်စွက်ဖက်တဲ့တရုတ်တာဝန် ရှိသူတွေကို ဒဏ်ခတ်အရေးယူမယ့် ဥပဒေကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

တိဘက်ဆိုင်ရာမူဝါဒနဲ့ အထောက်အကူပေးရေးဥပဒေလို့ခေါ်တဲ့ အဲဒီ ဥပဒေကို အမေရိကန်ကွန်ဂရက်က မဲအပြတ်အသတ်နဲ့အတည် ပြုထားတာပါ။ သက်တော် ၈၅နှစ် ရှိပြီဖြစ်တဲ့ တိဘက်ဘုန်းတော်ကြီးကို ဆက်ခံမယ့်သူကို ရွေးချယ်ရာမှာ တရုတ်အစိုးရက သီးသန့် ရွေးချယ် ခန့်အပ်မှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ အမေရိကန် အစိုးရက အခုလို ဥပဒေ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

၁၅ ဆက်မြောက် တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလားမားကို ရွေးချယ်ခန့်အပ်ရာမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ တာဝန် ရှိသူတွေကို ဒဏ်ခတ် အရေးယူမှာဖြစ်ကြောင်း အဲဒီ ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီ ဥပဒေပြဌာန်းမှုအပေါ် တရုတ်နိုင်ငံက လက်မခံကြောင်း တနင်္လာနေ့က ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

တိဘက်နဲ့ဆိုင်တဲ့ ဥပဒေကြမ်းတစ်ခုကို လက်မှတ်ရေးထိုးလိုက်တာကို သိရှိကြောင်းနဲ့ အဲဒီ ဥပဒေကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်း၊ တိဘက်ကိစ္စက တရုတ်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ ပိုင်ဆိုင်မှုအရေးကိစ္စ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ZHAO LIJIAN က ပြောပါတယ်။

ဒါ့အပြင်၊ တိဘက်ကိစ္စက တရုတ် ပြည်တွင်းရေးကိစ္စ သက်သက်သာ ဖြစ်လို့ ပြည်ပ အင်အားစုတွေရဲ့ စွက်ဖက်မှုကို ခွင့်ပြုမှာ မ ဟုတ်ကြောင်းနဲ့ အမျိုးသား အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို မယိမ်းမယိုင် ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်နိုင်ငံက တိဘက်ဆိုင်ရာ ဥပဒေနဲ့အတူ ထိုင်ဝမ်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ထိုင်ဝမ် ဥပဒေမှာတော့ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ ထိုင်ဝမ် ပါဝင် ဝင်ရောက်ခွင့်ကို အမေရိကန်နိုင်ငံက ထောက်ခံတဲ့ အချက် ပါဝင် သလို ထိုင်ဝမ်ကို ပုံမှန် လက်နက် ရောင်းချရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG