သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လ်တီမိုးတံတားဝင်တိုက်ခဲ့တဲ့ သင်္ဘောပိုင်ရှင်ကို ကန်တရားစွဲ​​​​​​​


အမေရိကန်၊ မယ်ရီလဲန်းပြည်နယ် ဘော်လ်တီမိုးတံတားကိုဝင်တိုက်ခဲ့တဲ့ ကုန်သင်္ဘော ဒါလီကို တံတားကျိုးကလွတ်ဖို့ ဖောက်ခွဲဖျက်စီးနေပုံ။
အမေရိကန်၊ မယ်ရီလဲန်းပြည်နယ် ဘော်လ်တီမိုးတံတားကိုဝင်တိုက်ခဲ့တဲ့ ကုန်သင်္ဘော ဒါလီကို တံတားကျိုးကလွတ်ဖို့ ဖောက်ခွဲဖျက်စီးနေပုံ။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်က ဘော်လ်တီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်တင်သင်္ဘောရဲ့ ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ ဘော်လ်တီမိုးမြို့ရဲ့ ဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်ရေးနဲ့ ရေအောက်က အပျက်အစီးတွေကိုရှင်းလင်းဖို့ အစိုးရက ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့ရတာကို ပြန်ရဖို့ တရားစွဲတာ ဖြစ်ပါတယ်။

Dali ကုန်တင် သင်္ဘောမှာ လျှပ်စစ်နဲ့စက်ပိုင်းဆိုင်ရာထိန်းသိမ်းမှုကို ဖြစ်သလိုလုပ်ထားတာကြောင့် စွမ်းအင်ပြတ်တောက်သွားပြီး Francis Scott Key Bridge တံတားကြီးရဲ့ ဒေါက်တိုင်ဆီကို လမ်းကြောင်းပြောင်းသွားရတာဖြစ်တယ်လို့ မယ်ရီလန်းပြည်နယ် တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ ရှောင်လွှဲနိုင်ရဲ့နဲ့ ဖြစ်ခဲ့ရတဲ့အဖြစ်ဆိုးကြီးလို့လည်း တရားစွဲဆိုချက်မှာ ဖော်ပြပါတယ်။

ဒါလီ သင်္ဘောရဲ့ ပိုင်ရှင် Grace Ocean Private လီမိတက်နဲ့ စီမံခန့်ခွဲတဲ့ Synergy Marine Group တို့ကို အမှုဖွင့်လိုက်တာဖြစ်ပြီး ဒီလုပ်ငန်းကြီး နှစ်ခုလုံးက စင်္ကာပူက ဖြစ်ပါတယ်။ ရေလမ်းကြောင်း ရှင်းလင်းမှု ကုန်ကျစရိတ်နဲ့ ဘော်လ်တီမိုးဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်တဲ့ ကုန်ကျစရိတ် အတွက် အမေရိကန်အခွန်ထမ်းပြည်သူတွေက ကျခံရတာမဟုတ်ဘဲ တံတားကြီးကိုဝင်တိုက်စေခဲ့တဲ့ ဒီကုမ္ပဏီတွေက အသေအချာ ကျခံစေရေး တရားရေးဌာနက ကြိုးပမ်းနေကြောင်း ရှေ့နေချုပ် Merrick Garland က ကြေညာချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG