သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်နက်ခဲယမ်းများ အစ္စရေးကို စတင်ပို့ဆောင်

 အစ္စရေးသို့သွားမည့် ကမ္ဘာ့အကြီးဆုံးထဲကတခုဖြစ်တဲ့ အမေရိကန် The USS Gerald R. Ford လေယာဥ်တင်သင်္ဘော။ (အောက်တိုဘာ ၈၊ ၂၀၂၃)
အစ္စရေးသို့သွားမည့် ကမ္ဘာ့အကြီးဆုံးထဲကတခုဖြစ်တဲ့ အမေရိကန် The USS Gerald R. Ford လေယာဥ်တင်သင်္ဘော။ (အောက်တိုဘာ ၈၊ ၂၀၂၃)

အရေးတကြီးလိုအပ်နေတဲ့ လက်နက်ခဲယမ်းမီးကျောက်နဲ့ စစ်ပစ္စည်းတွေကို အစ္စရေးကို စတင်ပို့နေပြီး သုံးရက်ကြာခဲ့ပြီဖြစ်တဲ့ ဟားမတ်စ်နဲ့ စစ်ပွဲမှာ ဘာတွေကို မြန်မြန်ဆန်ဆန် ပို့နိုင်မလဲဆိုတာကိုသိရအောင် သိုလှောင်ပစ္စည်းစာရင်းတွေကို ပြန်ကြည့်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။

လေယာဥ်တွေက ထွက်ခွါသွားပြီလို့ဆိုပေမဲ့ ဘယ်လို လက်နက်တွေပါသွားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောပါဘူး။ ဟဇ်ဘိုလာနဲ့အီရန် ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေကို အမေရိကန်က စောင့်ကြည့်နေတယ်လို့လည်း အမည်မဖော်လိုတဲ့တာဝန်ရှိသူက သတိပေးလိုက်ပါတယ်။ ဒေသတွင်းက အမေရိကန် ရေတပ်သင်္ဘောတွေကို ရွှေ့ပြောင်းလိုက်တာဟာ အစ္စရေးဆန့်ကျင်ရေး ပဋိပက္ခထဲကို အဲဒီလို အဖွဲ့တွေဝင်လာ၊ စစ်ချဲ့လာမှာဟန့်တားဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဟားမတ်စ်ရဲ့တိုက်ခိုက်မှုမှာ အမေရိကန်နိုင်ငံသား ၁၁ ယောက်အထိ သေဆုံးစာရင်းတက်လာတာကို သမ္မတဘိုင်ဒန်က ကြေညာလိုက်တာနဲ့လည်း ခုလို စစ်လက်နက်ပစ္စည်းတွေ ပို့ပေးလိုက်တာက အချိန်အခါ ကိုက်နေပါတယ်။ အစ္စရေးကိုကာကွယ်ဖို့ အမေရိကန် ရှိနေတယ်ဆိုတာ သံသယမဖြစ်ရအောင် အမေရိကန်က အဲဒီဒေသအတွင်းက နိုင်ငံတွေနဲ့ အဖွဲ့တွေဆီကို သတင်းစကားတွေ လှိုင်လှိုင်ပါးနေပါတယ်လို့လည်း သူက ပြောပါတယ်။

အစ္စရေးနဲ့ယူကရိန်းလိုအပ်ချက်အပြင် အမေရိကန်က သူ့ကိုယ်သူကာကွယ်ဖို့ လုံလောက်တဲ့လက်နက်တွေ ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်း နဲ့ အစ္စရေးလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းနိုင်ဖို့ အောက်လွှတ်တော်က လိုအပ်တဲ့ ရံပုံငွေကို မြန်မြန်ချထားပေးဖို့ လိုအပ်တယ်လို့ ကြည်းတပ် အတွင်းဝန်ခရစ္စတင်း ဝေါမုသ် Christine Wormuth က တနင်္လာ‌နေ့ က ပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်မှာတော့ ဥက္ကဋ္ဌအသစ် တင်မြှောက်ရေးနဲ့ အလုပ်များနေကြတာပါ။

ကန် လက်နက်ခဲယမ်းများ အစ္စရေးကို စတင်ပို့ဆောင်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG