သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဗဟိုဘဏ် အတိုးနှုန်း သုည ရာခိုင်နှုန်းနီးပါး လျှော့ချ


အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေသည့် သမ္မတ Trump. (မတ် ၁၅၊ ၂၀၂၀)
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေသည့် သမ္မတ Trump. (မတ် ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန် ဗဟိုဘဏ်က အရေးပေါ်ကာလ ဆောင်ရွက်မှုအဖြစ်နဲ့ အတိုးနှုန်း သတ်မှတ်ချက်ကို သုညရာခိုင်နှုန်း နီးပါးအထိ လျှော့ချကြောင်း တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် သက်ရောက်မှုတွေကို ထိန်းညှိနိုင်ရေးအတွက် ငွေစုစာချုပ်တွေ ပိုပြီး ဝယ်ယူမယ့်အကြောင်းလည်း အမေရိကန် ဗဟိုဘဏ်က ကြေညာသွားပါတယ်။

သမ္မတ Donald Trump ကတော့ ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမှုကို မကြာခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

အင်မတန်မှ ထူးခြားလှတဲ့ ကိစ္စဖြစ်ကြောင်း၊ ဗဟိုဘဏ်ဘက်က အခုလို ဆောင်ရွက်လိမ့်မယ်လို့ သူ မထင်ခဲ့ကြောင်းနဲ့ အင်မတန်မှ ဝမ်းသာရကြောင်း သမ္မတ Trump ပြောဆိုသွားတာပါ။

သီးခြားလွတ်လပ်တဲ့ အမေရိကန် ဗဟိုဘဏ်ဘက်က ထိထိရောက်ရောက် မလုပ်ဘူးလို့ ဝေဖန်နေတဲ့ သမ္မတ Trump က ဗဟိုဘဏ်ရဲ့ အခုဆောင်ရွက်ချက် အပေါ်မှာ ချီးကျူးပြောဆိုပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရေတို ချေးငွေအပေါ်မှာ စံအတိုးနှုန်း ၁ ရာခိုင်နှုန်းကနေ ၁ ဒသမ ၂၅ ရာခိုင်နှုန်းကြား သတ်မှတ်ချက်ကနေ အခု အတိုးနှုန်း လျှော့ချမှုကြောင့် သုည ရာခိုင်နှုန်းကနေ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်သွားတာကြောင့် ၁ ရာခိုင်နှုန်းတိတိ အမေရိကန် ဗဟိုဘဏ်က လျှော့ချလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်တွေရဲ့ အရေးပေါ်ချေးငွေကိုလည်း အတိုးနှုန်း ၁ ဒသမ ၂၅ ကနေ ဒသမ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သလို ချေးငွေသက်တမ်းကိုလည်း ရက် ၉၀ ထိပေးဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါဟာဆိုရင် သီတင်း ၂ ပတ်အတွင်း အမေရိကန် ဗဟိုဘဏ်ဘက်က ဒုတိယအကြိမ် အတိုးနှုန်း လျှော့ချဖြတ်တောက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု တဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူက တနင်္ဂနွေနေ့မှာ ၃၃၀၀ ကျော် ရှိနေပြီး ၆၁ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေး စိုးရိမ်ချက်ကြောင့် စားနပ်ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေ အလုအယက် ဝယ်ယူနေကြတဲ့ အမေရိကန်ပြည်သူတွေ စိတ်အေးအေးထားကြဖို့လည်း သမ္မတ Trump က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။

စိတ်အေးအေးထားကြဖို့၊ လက်လီဆိုင်ကြီးတွေကလည်း ပစ္စည်းပြတ်လပ်မှု မရှိအောင် ကြိုးစား ဖြည့်ဆည်းနေကြချိန်မှာ ပြည်သူတွေကလည်း အနည်းငယ် လျှော့ဝယ်ကြရေးအတွက် ပြောပေးဖို့ လက်လီဆိုင်ကြီးတွေက သူ့ကို ပြောတဲ့အကြောင်း၊ ရောင်းချသူက ဒါမျိုးပြောတာ သူ မကြားဘူးကြောင်း သမ္မတ Trump က ပြောဆိုသွားပါတယ်။

ပစ္စည်းပြတ်လပ်မှု မရှိကြောင်းနဲ့ လူတွေက ပုံမှန်ဝယ်နေတာထက် ၃ ဆကနေ ၅ ဆလောက် ဝယ်နေကြတာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောဆိုသွားပါတယ်။

အမေရိကန်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတဝန်း ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်တာမျိုး ပြင်းပြင်းထန်ထန် အရေးယူ လုပ်ဆောင်တာမျိုးကို တွေ့လိုတယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)














XS
SM
MD
LG