သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ေလဆိပ္ တိုက္ခိုက္မႈ အေသခံဗုံးခဲြသမား ၁ ဦးလက္ခ်က္အျဖစ္ အေမရိကန္အတည္ျပဳ


ကဘူး ေလဆိပ္ဝန္းက်င္မွာ ေတြ႕ရသည့္ တာလီဘန္မ်ား။ ( August 27, 2021. REUTER)

[Zawgyi]

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က Kabul ႏိုင္ငံတကာေလဆိပ္မွာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြအပါအဝင္ လူ ၁ဝဝေက်ာ္ေသဆုံးခဲ့ရတဲ့ အေသခံဗုံးခြဲခဲ့မႈဟာ လူတေယာက္ထဲက လုပ္ခဲ့တာျဖစ္ၿပီး အေစာပိုင္းက ထင္ေနသလို လူ၂ ေယာက္က လုပ္ခဲ့တာမဟုတ္ဘူးလို႔ အေမရိကန္ ကာကြယ္ေရးဌာနက မေန႔ ေသာၾကာေန႔က ေျပာပါတယ္။

အခုလို ႐ုတ္တရက္ အေျခအေနမ်ဳိးမွာ သတင္းေတြကို မွားယြင္းေဖာ္ျပတတ္တာဟာ အဆန္းမဟုတ္ဘူးလို႔လည္း အေမရိကန္ စစ္တပ္က ဗိုလ္ခ်ဳပ္ႀကီး Hank Taylor က ပင္တဂြန္စစ္ဌာနခ်ဳပ္ က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ John Kirby ကေတာ့ ေလဆိပ္မွာ ေနာက္ထပ္ တိုက္ခိုက္မႈေတြ လုပ္လာႏိုင္ေၾကာင္း ခိုင္လုံတဲ့ သတင္းေတြ ရရွိထားေၾကာင္း ေျပာဆိုလိုက္ၿပီး၊ ေနာက္ထပ္ တိုက္ခိုက္ဖို႔ ႀကိဳးစားမႈေတြ ရွိႏိုင္တာေၾကာင့္ အသင့္ျပင္ဆင္ထားေၾကာင္း ေျပာပါတယ္။

အႏၲရာယ္ရွိေနတဲ့ ၾကားမွာပဲ တိုက္ခိုက္မႈအၿပီး ေနာက္တရက္ ေသာၾကာေန႔မွာ ကယ္ဆယ္ေရး လုပ္ငန္းေတြ ျပန္စခဲ့တာေၾကာင့္ အာဖဂန္နစၥတန္ ႏိုင္ငံကေန ထြက္ခြာဖို႔ ႀကိဳးပမ္းသူေတြလည္း ေလဆိပ္ကို ျပန္လည္ စုေ၀းေရာက္လာၾကပါတယ္။

ေနာက္ထပ္ တိုက္ခိုက္မႈေတြ ျဖစ္ေတာ့မယ္ဆိုတဲ့ ေကာလဟလေတြေၾကာင့္ ေသာၾကာေန႔ေႏွာင္းပိုင္းမွာ လူစုကဲြသြားတယ္လို႔လည္း Wall Street Journal ကေဖာ္ျပပါတယ္။ ေလဆိပ္အနီးက လမ္းေတြမွာ လူသူကင္းရွင္းေနၿပီး၊ တာလီဘန္အဖဲြ႕၀င္ေတြက လမ္းေတြကို ပိတ္ဆို႔ထားတာ ေတြ႕ရတယ္လို႔လည္း ေသာၾကာေန႔ေႏွာင္းပိုင္းက ေလဆိပ္နားကို ေရာက္သြားတ့ဲ ဗြီအိုေအ သတင္းေထာက္ကေျပာပါတယ္။

အေမရိကန္ စစ္သည္ ၁၃ ေယာက္နဲ႔ တာလီဘန္ေတြ သိမ္းပိုက္လိုက္တဲ့ အာဖဂန္နစၥတန္ကေန ထြက္ေျပးဖို႔ ႀကိဳးစားၾကတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ အရပ္သားေတြ ေသေၾကခဲ့တဲ့ တိုက္ခိုက္မႈ က်ဳးလြန္သူေတြကို ရွာေဖြေခ်မႈန္းမွာျဖစ္ေၾကာင္း သမၼတ ဂ်ဳိးဘိုင္ဒင္က ကတိျပဳေျပာဆိုထားပါတယ္။

=============================

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

အာဖဂန်လေဆိပ် တိုက်ခိုက်မှု အသေခံဗုံးခွဲသမား ၁ ဦးလက်ချက်အဖြစ် အမေရိကန်အတည်ပြု

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Kabul နိုင်ငံတကာလေဆိပ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁ဝဝကျော်သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲခဲ့မှုဟာ လူတယောက်ထဲက လုပ်ခဲ့တာဖြစ်ပြီး အစောပိုင်းက ထင်နေသလို လူ၂ ယောက်က လုပ်ခဲ့တာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဌာနက မနေ့ သောကြာနေ့က ပြောပါတယ်။

အခုလို ရုတ်တရက် အခြေအနေမျိုးမှာ သတင်းတွေကို မှားယွင်းဖော်ပြတတ်တာဟာ အဆန်းမဟုတ်ဘူးလို့လည်း အမေရိကန် စစ်တပ်က ဗိုလ်ချုပ်ကြီး Hank Taylor က ပင်တဂွန်စစ်ဌာနချုပ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ John Kirby ကတော့ လေဆိပ်မှာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း ခိုင်လုံတဲ့ သတင်းတွေ ရရှိထားကြောင်း ပြောဆိုလိုက်ပြီး၊ နောက်ထပ် တိုက်ခိုက်ဖို့ ကြိုးစားမှုတွေ ရှိနိုင်တာကြောင့် အသင့်ပြင်ဆင်ထားကြောင်း ပြောပါတယ်။

အန္တရာယ်ရှိနေတဲ့ ကြားမှာပဲ တိုက်ခိုက်မှုအပြီး နောက်တရက် သောကြာနေ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်စခဲ့တာကြောင့် အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးပမ်းသူတွေလည်း လေဆိပ်ကို ပြန်လည် စုဝေးရောက်လာကြပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်တော့မယ်ဆိုတဲ့ ကောလဟလတွေကြောင့် သောကြာနေ့နှောင်းပိုင်းမှာ လူစုကွဲသွားတယ်လို့လည်း Wall Street Journal ကဖော်ပြပါတယ်။ လေဆိပ်အနီးက လမ်းတွေမှာ လူသူကင်းရှင်းနေပြီး၊ တာလီဘန်အဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ထားတာ တွေ့ရတယ်လို့လည်း သောကြာနေ့နှောင်းပိုင်းက လေဆိပ်နားကို ရောက်သွားတဲ့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။

အမေရိကန် စစ်သည် ၁၃ ယောက်နဲ့ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ ကြိုးစားကြတဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ သေကြေခဲ့တဲ့ တိုက်ခိုက်မှု ကျုးလွန်သူတွေကို ရှာဖွေချေမှုန်းမှာဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG