သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါ မလြန္ေျမာက္ေသး (ကန္ေဆးမွဴးခ်ဳပ္ Vivek Murthy)


အေမရိကန္ ျပည္သူ႔က်န္းမာေရးဆိုင္ရာ အရာရွိခ်ဳပ္ ေဒါက္တာ Vivek Murthy. (ဇူလုိင္ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ အသစ္ေတြ တိုးလာေနတဲ့ ကိစၥကို စိုးရိမ္ေၾကာင္း ျပည္သူ႔က်န္းမာေရးဆိုင္ရာ အရာရွိခ်ဳပ္ ေဒါက္တာ Vivek Murthy က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ၿပီး ကာကြယ္ေဆးထိုးေရးအတြက္ လိုအပ္ခ်က္တခုျဖစ္တဲ့ သတင္းအခ်က္အလက္ အမွားေတြကို ဖယ္ရွားရွင္းလင္းေရး ထိထိေရာက္ေရာက္ မလုပ္တဲ့ လူမႈကြန္ရက္ မီဒီယာလုပ္ငန္းေတြကိုလည္း အျပစ္တင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေန႔စဥ္ လူနာသစ္ ၂၉,၀၀၀ ေလာက္ စစ္ေဆးေတြ႔ရွိေနတာဟာဆိုရင္ ႏိုင္ငံမွာ ကပ္ေဘး စၿပီး ပ်ံ႕ႏွံ႔ခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလက အေျခအေနမ်ိဳးနဲ႔ တူေနေၾကာင္း၊ ဒီကိစၥကို စိုးရိမ္ေၾကာင္း Fox News Sunday အစီအစဥ္မွာ ေဒါက္တာ Murthy က ေျပာဆိုခဲ့ပါတယ္။

ကူးစက္မႈျမန္လွတဲ့ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ Delta မ်ိဳးကြဲက အထူးတလည္ ျပႆနာ ျဖစ္ေနေၾကာင္းနဲ႔ ကပ္ေဘးေရာဂါႀကီးကေန မလြန္ေျမာက္ေသးေၾကာင္း ေဒါက္တာ Murthy က ေျပာပါတယ္။ ကာကြယ္ေဆး ထိုးထားၿပီးသူေတြ အတြက္ေတာ့ အထူးအကာအကြယ္ ျဖစ္ေနတာက သတင္းေကာင္းျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း တရက္ကို လူ ၂၅၀ ေက်ာ္ ေသဆံုးေနရတဲ့ လက္ရွိ အေျခအေနမွာ ေသဆံုးသူေတြရဲ႕ ၉၅ ရာခိုင္ႏႈန္းက ကာကြယ္ေဆး မထိုးထားသူေတြ ျဖစ္ေၾကာင္းလည္း ေဒါက္တာ Murthy က ေျပာပါတယ္။ ထိုးလို႔ရေနတဲ့ ကာကြယ္ေဆးက အႏၲရာယ္မကင္းဘူး၊ ဒါမွမဟုတ္လည္း မလိုအပ္ဘူးဆိုတဲ့ သတင္းအခ်က္အလက္ အမွားေတြ လူေတြၾကားမွာ လႊမ္းမိုးေနတယ္ ဆိုၿပီးလည္း ေဒါက္တာ Murthy က ေျပာဆိုၿပီး ဒါဟာဆိုရင္ သမၼတ Joe Biden ရဲ႕ ေျပာဆိုခ်က္ကို ထင္ဟပ္ေျပာဆိုတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကိုဗစ်ကပ်ရောဂါ မလွန်မြောက်သေး (ကန်ဆေးမှူးချုပ် Vivek Murthy)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အသစ်တွေ တိုးလာနေတဲ့ ကိစ္စကို စိုးရိမ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ Vivek Murthy က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပြီး ကာကွယ်ဆေးထိုးရေးအတွက် လိုအပ်ချက်တခုဖြစ်တဲ့ သတင်းအချက်အလက် အမှားတွေကို ဖယ်ရှားရှင်းလင်းရေး ထိထိရောက်ရောက် မလုပ်တဲ့ လူမှုကွန်ရက် မီဒီယာလုပ်ငန်းတွေကိုလည်း အပြစ်တင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် လူနာသစ် ၂၉,၀၀၀ လောက် စစ်ဆေးတွေ့ရှိနေတာဟာဆိုရင် နိုင်ငံမှာ ကပ်ဘေး စပြီး ပျံ့နှံ့ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလက အခြေအနေမျိုးနဲ့ တူနေကြောင်း၊ ဒီကိစ္စကို စိုးရိမ်ကြောင်း Fox News Sunday အစီအစဉ်မှာ ဒေါက်တာ Murthy က ပြောဆိုခဲ့ပါတယ်။

ကူးစက်မှုမြန်လှတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲက အထူးတလည် ပြဿနာ ဖြစ်နေကြောင်းနဲ့ ကပ်ဘေးရောဂါကြီးကနေ မလွန်မြောက်သေးကြောင်း ဒေါက်တာ Murthy က ပြောပါတယ်။ ကာကွယ်ဆေး ထိုးထားပြီးသူတွေ အတွက်တော့ အထူးအကာအကွယ် ဖြစ်နေတာက သတင်းကောင်းဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း တရက်ကို လူ ၂၅၀ ကျော် သေဆုံးနေရတဲ့ လက်ရှိ အခြေအနေမှာ သေဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးထားသူတွေ ဖြစ်ကြောင်းလည်း ဒေါက်တာ Murthy က ပြောပါတယ်။ ထိုးလို့ရနေတဲ့ ကာကွယ်ဆေးက အန္တရာယ်မကင်းဘူး၊ ဒါမှမဟုတ်လည်း မလိုအပ်ဘူးဆိုတဲ့ သတင်းအချက်အလက် အမှားတွေ လူတွေကြားမှာ လွှမ်းမိုးနေတယ် ဆိုပြီးလည်း ဒေါက်တာ Murthy က ပြောဆိုပြီး ဒါဟာဆိုရင် သမ္မတ Joe Biden ရဲ့ ပြောဆိုချက်ကို ထင်ဟပ်ပြောဆိုတာ ဖြစ်ပါတယ်။

XS
SM
MD
LG