သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Teleconference ဆုိင္ရာ ပစၥည္းကိရိယာေတြ ျမန္မာကုိ ကန္ အစုိးရလွဴ


သင္ေထာက္ကူပစၥည္းမ်ားလႊဲေျပာင္းေပးအပ္သည့္အခမ္းအနားကိုအတူ သံ႐ုံးယာယီတာဝန္ခံ ေဂ်ာ့ခ်္ဆစ္ဘလီ ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးတို႔တက္ေရာက္ခဲ့ ( U.S. Embassy Rangoon

(Zawgyi/Unicode)

ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံးမွာ အသုံးျပဳနိုင္ဖို႔ အေမရိကန္ ေဒၚလာ ၃ ေသာင္းတန္ဖိုး ရွိတဲ့ တယ္လီကြန္ဖရင့္ဆိုင္ရာ ပစၥည္းကိရိယာ ေတြကို အေမရိကန္အစိုးရက လႉဒါန္းခဲ့ပါတယ္။ ဩဂုတ္လ ၂၆ ရက္ေန႔ကျပဳလုပ္တဲ့ လႉဒါန္းပြဲအခမ္းအနားကိုကိုယ္တိုင္တက္ေရာက္ ခဲ့တဲ့ အေမရိကန္ သံ႐ုံး ယာယီတာဝန္ခံ George Sibley က အခု လႉဒါန္းမႈဟာ ျမန္မာနိုင္ငံတြင္းက အစိုးရ ေရွ႕ေနေတြ အြန္လိုင္းက ပညာဆည္းပူးတာကို တိုက္ရိုက္ အေထာက္အကူ ျပဳေစမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီ ပစၥည္း ကိရိယာေတြကို COVID-19 ကပ္ေရာဂါ ကာလအတြင္း ျပဳလုပ္မယ့္ သင္တန္းေတြကို ျမန္မာ နိုင္ငံအတြင္းက ေနရာဌာန ၇ ေနရာကေန အစိုးရေရွ႕ေနေတြ ပါဝင္ တက္ေရာက္နိုင္ေရးအတြက္ အသုံးျပဳမွာ ျဖစ္ပါတယ္။

အဲဒီ ပစၥည္း ကိရိယာ တစ္ခ်ိဳ႕ကို ေတာင္ႀကီး၊ လြိဳင္ေကာ္၊ မေကြးနဲ႔ ဘားအံၿမိဳ႕ေတြက အြန္လိုင္း သင္တန္းခန္းမေတြမွာ တပ္ဆင္ထား ၿပီး ျဖစ္ၿပီး ေနာက္ထပ္ ကိရိယာေတြကို ထားဝယ္၊ စစ္ေတြနဲ႔ ဟားခါးၿမိဳ႕ေတြမွာ ေနာက္လထဲ တပ္ဆင္မွာ ျဖစ္ပါတယ္။

အေမရိကန္ တရားေရးဌာနက ကၽြမ္းက်င္သူေတြ အေဝးသင္စနစ္နဲ႔ ပို႔ခ်တဲ့ သင္တန္းေတြကို ျမန္မာ ဥပေဒ အရာရွိ ၂၀၀ ေက်ာ္ ပါဝင္ တက္ေရာက္ခဲ့ၿပီး ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕က အေမရိကန္ သံ႐ုံးရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီ သင္တန္း ေတြမွာ အဓိကအားျဖင့္ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈေတြအတြက္ တရားစီရင္ေရးဆိုင္ရာ အေျခခံ ကၽြမ္းက်င္မႈ ဘာသာရပ္ကို ပို႔ခ်ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလတုန္းက ျမန္မာနဲ႔ အေမရိကန္ ျပည္ေထာင္စုအၾကား ပူးေပါင္ေဆာင္ရြက္ေနတဲ့ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈခင္း ဆိုင္ရာ အစီအစဥ္ကို ေနာက္ထပ္ ၂ ႏွစ္ တိုးျမႇင့္ဖို႔ ႏွစ္နိုင္ငံ သေဘာတူညီခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Teleconference ဆိုင်ရာ ပစ္စည်းကိရိယာတွေ မြန်မာကို ကန် အစိုးရလှူ

(Unicode)

ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ အသုံးပြုနိုင်ဖို့ အမေရိကန် ဒေါ်လာ ၃ သောင်းတန်ဖိုး ရှိတဲ့ တယ်လီကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာ တွေကို အမေရိကန်အစိုးရက လှူဒါန်းခဲ့ပါတယ်။ ဩဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်တဲ့ လှူဒါန်းပွဲအခမ်းအနားကိုကိုယ်တိုင်တက်ရောက် ခဲ့တဲ့ အမေရိကန် သံရုံး ယာယီတာဝန်ခံ George Sibley က အခု လှူဒါန်းမှုဟာ မြန်မာနိုင်ငံတွင်းက အစိုးရ ရှေ့နေတွေ အွန်လိုင်းက ပညာဆည်းပူးတာကို တိုက်ရိုက် အထောက်အကူ ပြုစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီ ပစ္စည်း ကိရိယာတွေကို COVID-19 ကပ်ရောဂါ ကာလအတွင်း ပြုလုပ်မယ့် သင်တန်းတွေကို မြန်မာ နိုင်ငံအတွင်းက နေရာဌာန ၇ နေရာကနေ အစိုးရရှေ့နေတွေ ပါဝင် တက်ရောက်နိုင်ရေးအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

အဲဒီ ပစ္စည်း ကိရိယာ တစ်ချို့ကို တောင်ကြီး၊ လွိုင်ကော်၊ မကွေးနဲ့ ဘားအံမြို့တွေက အွန်လိုင်း သင်တန်းခန်းမတွေမှာ တပ်ဆင်ထား ပြီး ဖြစ်ပြီး နောက်ထပ် ကိရိယာတွေကို ထားဝယ်၊ စစ်တွေနဲ့ ဟားခါးမြို့တွေမှာ နောက်လထဲ တပ်ဆင်မှာ ဖြစ်ပါတယ်။

အမေရိကန် တရားရေးဌာနက ကျွမ်းကျင်သူတွေ အဝေးသင်စနစ်နဲ့ ပို့ချတဲ့ သင်တန်းတွေကို မြန်မာ ဥပဒေ အရာရှိ ၂၀၀ ကျော် ပါဝင် တက်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်မြို့က အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ သင်တန်း တွေမှာ အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် တရားစီရင်ရေးဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု ဘာသာရပ်ကို ပို့ချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုအကြား ပူးပေါင်ဆောင်ရွက်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း ဆိုင်ရာ အစီအစဉ်ကို နောက်ထပ် ၂ နှစ် တိုးမြှင့်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG