သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ဖမ်းထားတဲ့ ဓါးစားခံတွေလွှတ်ပေးရေး ကန်နဲ့ ၁၇ နိုင်ငံတိုက်တွန်း 


အစ္စရေးဓားစာခံတို့ရဲ့ဓာတ်ပုံများ။ (ဧပြီ ၂၅၊ ၂၀၂၄)
အစ္စရေးဓားစာခံတို့ရဲ့ဓာတ်ပုံများ။ (ဧပြီ ၂၅၊ ၂၀၂၄)

ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ဂါဇာမှာ ရေရှည်တည်တံ့စေမယ့် အပစ်ရပ်စဲရေး ချက်ချင်း လုပ်ဆောင်တာဟာ ဂါဇာတလွှားလိုအပ်နေတဲ့ လူသားစာနာမှု အကူအညီပေးမှုတွေ တိုးမြှုင့် ဆောင်ရွက်နိုင်မယ့်အပြင် နှစ်ဘက်ရန်လိုမှုတွေ အဆုံးသတ်ဖို့ ဦးတည်လာနိုင်တာကြောင့် အပစ်ရပ်သဘောတူညီမှုကို လက်ခံဖို့ ကြာသပတေးနေ့ သမ္မတအိမ်ဖြူ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ဂါဇာဒေသခံတွေ ကိုယ့်နေရပ်ကိုယ်ပြန်ပြီး နေရေးထိုင်ရေးနဲ့ လူသားစာနာမှု အကူအညီယူဖို့ ပြင်ဆင်မှုတွေ လုပ်နိုင်မှာဖြစ်ကြောင်းလည်း ဖေါ်ပြထားတာပါ။

အမေရိကန်နဲ့အတူ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ ထိုင်း ပါဝင်တဲ့ ၁၇ နိုင်ငံခေါင်းဆောင်တွေက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ အပစ်ချက်ချင်းရပ်ရေးအတွက် ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေထဲက အမျိုးသမီးတွေ၊ ဒဏ်ရာရနေသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေကို ပြန်လွှတ်ပေးဖို့ပါဝင်တဲ့ ဒီ တောင်းဆိုချက်ကို ဟာမတ်စ်တွေဘက် လက်မခံဘူးလို့ ဘိုင်ဒန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို သူတို့ စဉ်းစားနေကြောင်း ဟာမတ်စ်ဘက်က အရိပ်လက္ခဏာတော့ တွေ့နေရတယ်လို့ လည်း ပြောပါတယ်။ ဟာမတ်စ်တွေကတော့ ဂါဇာမှာ လုံးဝအပစ်ရပ်ရမယ့်အပြင် ဂါဇာက အစ္စရေးတပ်တွေ လုံးဝဆုတ်ခွါပေးပြီး လူသားစာနာမှု အကူညီတိုးပေးဖို့နဲ့ ဂါဇာဒေသခံတွေ မြောက်ပိုင်းနေရပ်ကို လုံးဝပြန်နိုင်ရေးကို လိုလားကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG